ကျွန်ုပ်၏ Instagram ကို Tinder အကောင့်နှင့် ချိတ်မရသည်မှာ ဘာကြောင့်လဲ။
Instagram ကို Tinder ကဲ့သို့ အခြားအက်ပ်များနှင့် ချိတ်ဆက်ပြီး တင်ထားသော ဓာတ်ပုံများအား ပြသနိုင်စွမ်းကို Meta က ဖယ်ရှားလိုက်ပါသည်။
2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်မှ 2024 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်အတွင်း Tinder သည် ကျွန်ုပ်တို့၏ ပလက်ဖောင်းပေါ်ရှိ Instagram လုပ်ဆောင်ချက်များကို တဖြည်းဖြည်းချင်း ဖယ်ရှားသွားပါမည်။
ဆိုလိုသည်မှာ သင့်ပရိုဖိုင်ကို Instagram နှင့် ချိတ်ခြင်း သို့မဟုတ် အခြားသူများ၏ ပရိုဖိုင်မှ Instagram ဓာတ်ပုံများကို ကြည့်ခြင်းတို့ လုပ်နိုင်တော့မည် မဟုတ်ပါ။
ကျွန်ုပ်၏ Instagram ဓာတ်ပုံများကို ကျွန်ုပ်၏ ပရိုဖိုင်တွင် ဆက်မြင်ရဦးမှာလား။
မြင်ရတော့မည် မဟုတ်ပါ။ သင့် Instagram ဓာတ်ပုံများကို ဖယ်ရှားလိုက်သော်လည်း Tinder ၌ တိုက်ရိုက်တင်ထားသော ဓာတ်ပုံများကို ဆက်မြင်နေရပါမည်။
ကျွန်ုပ်၏ Instagram အမည်ကို ပရိုဖိုင်တွင် မျှဝေ၍ ရဦးမှာလား။
သုံးစွဲသူအားလုံး၏ ပုဂ္ဂိုလ်ရေးအချက်အလက် လုံခြုံမှုနှင့် ဘေးကင်းရေးအတွက် ကျွန်ုပ်တို့၏ အဖွဲ့စည်းမျဉ်းများအရ ဆိုရှယ်မီဒီယာသုံး အမည်များကို ပရိုဖိုင်တွင် တင်ခွင့်မပြုတော့ပါ။ ပိုမိုဘေးကင်းသော သုံးစွဲမှု အတွေ့အကြုံ ရရှိနိုင်စေရန် သင့်ဖုန်းနံပါတ် သို့မဟုတ် အီးမေးလ်ကဲ့သို့သော ပုဂ္ဂိုလ်ရေးအချက်အလက်များကို မတင်ရန် အကြံပြုလိုပါသည်။
Instagram နှင့် မချိတ်ဘဲ Tinder မှာ ကိုယ့်အကြောင်း လူပိုသိအောင် ဘယ်လိုမျှဝေနိုင်မလဲ။
အပြောင်းအလဲကာလတွင် အဆင်မပြေမှုများ ကြုံနိုင်သည်ကို—ကျွန်ုပ်တို့ အပြည့်အဝ နားလည်ပါသည်။ သင့်ကိုယ်ရေးအချက်အလက်၊ ဓာတ်ပုံများ၊ စိတ်ဝင်စားမှုများ၊ ဘဝနေထိုင်ပုံနှင့် ပတ်သက်သည့် အသေးစိတ်များ တင်ခြင်း သို့မဟုတ် သင့် Spotify နှင့် ချိတ်ထားခြင်းကို လုပ်ကြည့်နိုင်ပါသည်—ဤနည်းများဖြင့် သင့်အကြောင်းကို အခြားသူများ ပိုသိလာစေနိုင်ပါသည်။ သင့်ပရိုဖိုင်ကို ပြင်ဆင်ခြင်းအကြောင်း ပိုမိုလေ့လာပါ။
ကျွန်ုပ်၏ Instagram နှင့် ဆက်စပ်နေသည့် ဒေတာများ ဘာဖြစ်သွားမလဲ။
2025 ခုနှစ်၊ ဇန်နဝါရီလ ရောက်သည်နှင့် Tinder သည် Instagram နှင့် ဆက်စပ် ဒေတာများအားလုံးကို သင့်အကောင့်မှ အော်တို ဖယ်ရှားသွားပါမည်။ သင် ဘာမျှ လုပ်ပေးရန် မလိုပါ—သင့်ဒေတာများကို လုံခြုံစွာ ဖယ်ရှားပေးသွားပါမည်။