ဖုန်းနံပါတ်အသစ် ပြောင်းထားပါသည်
သင့်ဖုန်းနံပါတ် ပြောင်းလဲထားသောကြောင့် သင့်အကောင့်တွင်း ဝင်ရောက်၍ မရပါက ဝင်ရောက်သုံးစွဲခွင့် ပြန်လည်ရရှိနိုင်ရန် အကောင့် ပြန်လည်ရယူမှု လုပ်ဆောင်ချက်ကို သုံးပါ-
- Tinder အက်ပ်ကို ဖွင့်ပါ သို့မဟုတ် Tinder.com သို့ သွားပါ
- ဝင်ရန်ကို နှိပ်ပါ
- ဝင်ရောက်ရာတွင် ပြဿနာရှိပါသလားကို ရွေးပါ
- အကောင့်ဝင်ရန် လင့်ခ်ကို အီးမေးလ်ဖြင့် ပို့ပေးနိုင်ရန် သင့်အီးမေးလ်လိပ်စာကို ထည့်ပါ
- အီးမေးလ်ဖွင့်ပြီး အကောင့်ဝင်ရန်ကို ရွေးပါ
- သင့်ဖုန်းနံပါတ်အသစ်ကို ရိုက်ထည့်ပြီးနောက် အတည်ပြုပါ
ယခုမှစ၍ သင့်ဖုန်းနံပါတ်အသစ်ကို သုံး၍ Tinder အကောင့်သို့ ဝင်ရောက်နိုင်ပါပြီ။
သတိပြုရန်- သင့်အကောင့်ဖွင့်ရာတွင် သုံးခဲ့သော အီးမေးလ်လိပ်စာသို့ ဝင်ရောက်ခွင့်ရရှိထားမှသာ အကောင့်ပြန်လည်ရယူမှုကို ဆောင်ရွက်နိုင်ပါမည်။ လုံခြုံရေးအရ ထိုအီးမေးလ်လိပ်စာသို့ ဝင်ရောက်ခွင့် မရှိထားပါက သင့်အကောင့်တွင်းသို့ ဝင်ရောက်ခွင့် မပေးနိုင်ပါ။
အကောင့်ဝင်ရာတွင် အဖြူရောင် သို့မဟုတ် လိမ္မော်ရောင် စခရင်ပေါ်နေခြင်း
Android အတွက် Tinder အက်ပ်ကို ဖွင့်ချိန်၌ စခရင် ဗြောင် သို့မဟုတ် Tinder လိုဂိုပါသည့် လိမ္မော်ရောင် စခရင် သို့မဟုတ် အဖြူရောင် စခရင်ကိုသာ မြင်နေရပါက အက်ပ်ကို ဖျက်ပြီး ပြန်သွင်းပေးပါ။ ထိုသို့လုပ်ပေးခြင်းဖြင့် လတ်တလော ချွတ်ယွင်းချက်များအတွက် ပြင်ဆင်ပေးမှုများပါရှိသည့် Tinder ၏ နောက်ဆုံးဗားရှင်းကို သုံးကြောင်းသေချာစေပါသည်။
ဤနည်းဖြင့် အဆင်မပြေပါက ပြဿနာကို ဖြေရှင်းရန် အောက်ပါအဆင့်များအတိုင်း လုပ်ကြည့်ပါ-
- Android စက်တွင် ဝက်ဘ်ဘရောက်ဇာကို ဖွင့်ပါ
- Tinder.com သို့ သွားပြီး အကောင့်ဝင်ရန်ကို နှိပ်ပါ
- ဝင်ရောက်ရာတွင် ပြဿနာရှိပါသလားကို ရွေးပါ
- အကောင့်ဝင်ရန် လင့်ခ်ကို အီးမေးလ်ဖြင့် ပို့ပေးနိုင်ရန် သင့်အီးမေးလ်လိပ်စာကို ထည့်ပါ
- အီးမေးလ်ကို ဖွင့်၍ အကောင့်ဝင်ရန်ကို နှိပ်ပါ—Tinder အက်ပ် ပွင့်သွားပါလိမ့်မည်
- အက်ပ်အတွင်း အကောင့်ဝင်လုပ်ငန်းစဉ် ပြီးမြောက်အောင် လုပ်ဆောင်ရန် သင့်ဖုန်းနံပါတ်ကို အတည်ပြုပါ
အောင်မြင်စွာ အကောင့်ဝင်ပြီးသည်နှင့် Tinder အက်ပ်ကို အခက်အခဲမရှိ သုံးနိုင်ပါပြီ။
ချွတ်ယွင်းချက်ပြကုဒ် သို့မဟုတ် မက်ဆေ့ချ်ကို မြင်နေရပါသည်
ဤချွတ်ယွင်းချက်ရှာ ဖြေရှင်းနည်းများသည် ကြုံတွေ့ရလေ့ရှိသော အကောင့်ဝင်ပြဿနာများကို ဖြေရှင်းပေးနိုင်ပါသည်-
- အင်တာနက်လိုင်း ကောင်း၊ မကောင်း စစ်ကြည့်ပါ သို့မဟုတ် Wi-Fi နှင့် မိုဘိုင်းလ်ဒေတာကို တစ်လှည့်စီ ပြောင်းသုံးကြည့်ပါ
- Tinder ၏ နောက်ဆုံးဗားရှင်းကို သုံးနိုင်ရန်အတွက် အက်ပ်ကို ဖျက်ပြီး ပြန်သွင်းပါ
- ဝက်ဘ်မှတစ်ဆင့် ရွေးနိုင်ရန်အတွက် Tinder.com ကို အသုံးပြုပါ
နောက်ထပ်အကူအညီ လိုအပ်ပါသလား။ ကျွန်ုပ်တို့ထံ ဆက်သွယ်၍ ပြဿနာအကြောင်း အသေးစိတ်ကို ရှင်းလင်းတင်ပြပေးခြင်းဖြင့် ဖြေရှင်းပေးရန် ကြည့်ရှုပေးနိုင်ပါသည်။ ပြဿနာကြုံရပါက ကျွန်ုပ်တို့ထံ အသိပေးစေလိုပါသည်။