ကျွန်ုပ်တို့၏ အသုံးပြုမှုစည်းမျဉ်းစည်းကမ်းများကိုဖြစ်စေ၊ အဖွဲ့စည်းမျဉ်းများကိုဖြစ်စေ၊ မူဝါဒများကိုဖြစ်စေ ဖောက်ဖျက်ပါက သင့် Tinder အကောင့်ကို အရေးယူနိုင်ပါသည်။ ဖောက်ဖျက်မှုပေါ်မူတည်၍ သင့်အကောင့်ကို Tinder မှ ဖယ်ရှားခြင်းဖြစ်စေ၊ သတိပေးချက် ထုတ်ပြန်ခြင်းဖြစ်စေ၊ သင့်ပရိုဖိုင်မှ အကြောင်းအရာများကို ဖယ်ရှားခြင်းဖြစ်စေ၊ အထက်ပါအချက်အားလုံးကိုဖြစ်စေ ဆောင်ရွက်နိုင်ပါသည်။ မှားယွင်း၍ အရေးယူခံရသည်ဟု ယုံကြည်ပါက အယူခံစင်တာတွင် ဤအရေးယူမှုများအတွက် အယူခံဝင်ရန် သင့်တွင် အခွင့်အရေးရှိပါသည်။
အယူခံဝင်နိုင်သော ဖောက်ဖျက်မှုများ
အယူခံစင်တာသို့ ဝင်ရောက်ရန် သင့် Tinder အကောင့်သို့ ဝင်ရာတွင် အသုံးပြုသည့် အချက်အလက်များကို အသုံးပြုနိုင်ပါသည်။ အယူခံစင်တာ၌ အယူခံဝင်နိုင်သော အရေးယူမှုအားလုံးအကြောင်း ခြုံငုံဖော်ပြချက်ကို လေ့လာနိုင်ပါသည်။ ဖောက်ဖျက်မှုတစ်ရပ်နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက အသေးစိတ်ကြည့်ရန်ကို နှိပ်၍ ကြည့်နိုင်သည်။
သင် အယူခံဝင်လိုသော ဖောက်ဖျက်မှုအကြောင်းအရာကို မတွေ့လျှင် သို့မဟုတ် ထိုဖောက်ဖျက်မှုကို အယူခံဝင်ရန် ရွေးစရာကို ရှာမတွေ့လျှင် ထိုချိုးဖောက်မှုအတွက် အယူခံမဝင်နိုင်သောကြောင့်ဖြစ်သည်။ ဤသို့ဖြစ်ရခြင်းမှာ ဖော်ပြပါအကြောင်းပြချက် တစ်ချက်နှင့်အထက်ဖြင့် ငြိစွန်းသောကြောင့် ဖြစ်သည်-
- ဤအရေးယူမှုကို အယူခံစင်တာ စတင်မိတ်ဆက်မှု မပြုမီကတည်းက ဆောင်ရွက်ခဲ့သောကြောင့်ဖြစ်သည်။ အယူခံစင်တာကို ဝင်ရောက်အသုံးပြုခွင့်ရရှိပြီးနောက်ပိုင်း ဆောင်ရွက်သော အရေးယူမှုများအတွက်သာ ထိုမှတစ်ဆင့် အယူခံဝင်နိုင်ပါမည်။
- အယူခံဝင်ခွင့်ပေး၍ မရသော ဖောက်ဖျက်မှုမျိုးဖြစ်နေခြင်းကြောင့် ဖြစ်သည်။ ဤအချိန်တွင် သတိပေးချက်၊ အကြောင်းအရာ ဖယ်ရှားခြင်းနှင့် အကောင့်ပိတ်ခံရခြင်းတို့အတွက်သာ အယူခံစင်တာမှတစ်ဆင့် အယူခံဝင်နိုင်ပါတော့မည်။
- အရေးယူမှုမှာ 6 လအထက် ရှိသွားပြီဖြစ်သောကြောင့် ဖြစ်သည်။ သင့်အကောင့်ကို အရေးယူပြီး 6 လအတွင်း၌သာ အယူခံဝင်တင်ပြနိုင်ပါသည်။
- ဤဖောက်ဖျက်မှုအတွက် အယူခံဝင်ပြီးသောကြောင့် ဖြစ်သည်။ ဖောက်ဖျက်မှုတစ်ခုအတွက် တစ်ကြိမ်သာ အယူခံဝင်နိုင်ပါသည်။ အယူခံဝင်ပြီးသော ဖောက်ဖျက်မှုများ တက်ဘ်၌ သင် ယခင်က အယူခံဝင်ထားသော ဖောက်ဖျက်မှုအားလုံးကို တွေ့နိုင်ပါသည်။
အယူခံဝင်နည်း
အယူခံဝင်ရန်အတွက် ဤအဆင့်များအတိုင်း လုပ်ဆောင်ပါ-
- အယူခံစင်တာတွင် သင် အယူခံဝင်လိုသော ဖောက်ဖျက်မှုကိုရှာဖွေပြီး ရွေးချယ်ပါ။
- အယူခံဝင်မှု စတင်ရန်ကို နှိပ်ပါ။
- အယူခံ တင်သွင်းရန်ကို နှိပ်ပါ။
သင် အယူခံဝင်လိုသော ဖောက်ဖျက်မှု တစ်ခုထက်ပိုပါက အယူခံဝင်လွှာ တင်သွင်းချိန်၌ ထိုအချက်အားလုံးကို ရွေးထားကြောင်း သေချာပါစေ။
အယူခံဝင်ပြီးနောက်
သင့်ဖောက်ဖျက်မှုအတွက် အယူခံဝင်ပြီးသည်နှင့် ၎င်းကို အယူခံဝင်ပြီးသော ဖောက်ဖျက်မှုများ တက်ဘ်သို့ ရွှေ့လိုက်မည်ဖြစ်ပြီး ဖောက်ဖျက်မှုဘေးတွင် စစ်ဆေးသုံးသပ်နေဆဲ စာတန်းကို မြင်ရပါမည်။ သင့်အယူခံဝင်မှုကို စစ်ဆေးပြီးသည်နှင့် အယူခံရလဒ်ပေါ်မူတည်၍ ထိုစာတန်း၌ လက်ခံပြီး သို့မဟုတ် ပယ်ချပြီးဟု အပ်ဒိတ်လုပ်ပေးပါမည်။
- ထိုစာတန်း၌ သင့်အယူခံဝင်မှုကို လက်ခံပြီးဟု ပြပါက သင် အယူခံဝင်ထားသော ဖောက်ဖျက်မှုကို ပလပ်လိုက်သည်ဟု အဓိပ္ပါယ်ရပါသည်။ သင်အယူခံဝင်သော ဖောက်ဖျက်မှုပေါ်မူတည်၍ သင့်အကောင့်ကို ပြန်ဖွင့်ပေးခြင်းဖြစ်စေ၊ သတိပေးချက်ကို ပြန်ရုတ်သိမ်းခြင်းဖြစ်စေ၊ သင်တင်ထားသော အကြောင်းအရာကို ပြန်တင်ပေးခြင်းဖြစ်စေ၊ အထက်ပါအချက်အားလုံးကိုဖြစ်စေ ဆောင်ရွက်ပေးပြီးပါပြီ။
- ထိုစာတမ်း၌ သင့်အယူခံဝင်မှုကို ပယ်ချပြီးဟုပြပါက သင် အယူခံဝင်ထားသော ဖောက်ဖျက်မှုကို ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဟု အဓိပ္ပါယ်ရပါသည်။ သင် အယူခံဝင်သော ဖောက်ဖျက်မှုပေါ်မူတည်၍ သင့်အကောင့်ကို ပြန်ဖွင့်ပေးခြင်းဖြစ်စေ၊ သတိပေးချက်ကို ပြန်ရုပ်သိမ်းခြင်းဖြစ်စေ၊ သင် တင်ထားသော အကြောင်းအရာကို ပြန်တင်ပေးခြင်းဖြစ်စေ၊ အထက်ပါအချက်အားလုံးကိုဖြစ်စေ ဆောင်ရွက်ပေးမည် မဟုတ်ပါ။
အယူခံစင်တာတွင် ဖောက်ဖျက်မှုအသစ်ကို တွေ့ရပါက ကျွန်ုပ်တို့ စစ်ဆေးသုံးသပ်နေစဉ်အတွင်း အသုံးပြုမှုစည်းမျဉ်းစည်းကမ်းများ သို့မဟုတ် အဖွဲ့စည်းမျဉ်းများကို ထပ်မံချိုးဖောက်မှု(များ) တွေ့ရသည်ဟု အဓိပ္ပာယ်ရပါသည်။ ဖောက်ဖျက်မှုအသစ်များအတွက် အယူခံစင်တာမှတစ်ဆင့် အယူခံဝင်နိုင်ပါသည်။
အယူခံစင်တာတွင် သုံးနှုန်းထားသော အသုံးအနှုန်းတစ်ရပ်ရပ်၏ ရှင်းလင်းချက်ကို သိလိုပါက အကူအညီပေးရေးစင်တာရှိ ဤဆောင်းပါးကို ဖတ်ရှုပေးပါ။