Tinder သုံးစွဲရန် အနိမ့်ဆုံး အသက်ကန့်သတ်ချက်မှာ 18 နှစ် ဖြစ်ပါသည်။ အသက်မပြည့်သဖြင့် Tinder အသုံးပြုခွင့် ပိတ်ပင်ခံရပါက သင့်အသက် 18 နှစ် မပြည့်မချင်း အကောင့်ဖွင့်၍ ရနိုင်မည် မဟုတ်ပါ။ သင့်အသက် ပြည့်ပြီးနောက် ပြန်ဆုံနိုင်ရန် ကျွန်ုပ်တို့ မျှော်နေပါမည်။
အချက်အလက် မှားထည့်မိခဲ့ပါသလား။
အသက် 18 နှစ် ပြည့်ပြီးသော်လည်း မွေးသက္ကရာဇ်ကို မတော်တဆ မှားထည့်မိခဲ့ပါက အသက် အတည်ပြုမှု လုပ်ဆောင်ပြီး ပိတ်ပင်မှု ဖယ်ရှားပေးရန် အယူခံတင်နိုင်ပါသည်။
စတင်လုပ်ဆောင်ရန် Tinder ကို ဖွင့်ပြီး အသက်အတည်ပြုရန် ရွေးပါ။ အသက်အတည်ပြုရာ၌ အသုံးပြုသော ပြင်ပဝက်ဘ်ဆိုက်တစ်ခုထံသို့ သင့် ID တင်ပေးရန် တောင်းဆိုပါလိမ့်မည်။ သင့် ID ကို စစ်ဆေးသုံးသပ်ပြီး သင်၏အသက် 18 နှစ် ပြည့်ပြီးကြောင်း အတည်ပြုပြီးသည်နှင့် သင့်မွေးသက္ကရာဇ်ကို အပ်ဒိတ်လုပ်ပေးပြီး ကန့်သတ်ချက်ကိုလည်း ဖယ်ရှားပေးပါမည်၊ ထို့နောက်တွင် သင်အကောင့် ဆက်ဖွင့်နိုင်ပါပြီ။