အကောင့်သစ် ဖွင့်ချိန်တွင် ထည့်သွင်းခဲ့သော အမည်နှင့် အသက်တို့မှာ ပြန်လည်ပြင်ဆင်၍ မရသော အချက်အလက်များ ဖြစ်ပါသည်။
…သို့သော် စာရိုက်စဉ် အမှားပါတတ်သည်ကို နားလည်ပါသည်။
ထိုအချက် တစ်ချက် သို့မဟုတ် နှစ်ချက်လုံးကို အပ်ဒိတ်လုပ်လိုပါက အကောင့်ကိုဖျက်ပြီး အသစ်ပြန်ဖွင့်နိုင်ပါသည်။ အကောင့်ဖျက်လိုက်သည်နှင့် သင်နှင့်စုံတွဲဖြစ်နေသူများ၊ မက်ဆေ့ချ်များ၊ ဝယ်ယူမှုများ (Super Like များ၊ Boost များ စသဖြင့်)၊ အကောင့်နှင့် ဆက်စပ်သော အခြားအချက်အလက်များအားလုံး ပျက်သွားမည်ကို သတိပြုစေလိုပါသည်။
အကောင့်ဖျက်ရန် အောက်ပါအဆင့်များအတိုင်း လုပ်ဆောင်ပါ-
- Tinder ကို ဖွင့်ပါ
- ပရိုဖိုင် အိုင်ကွန်ကို နှိပ်ပါ
- ဆက်တင်သို့ သွားပါ
- Scroll ဆွဲပြီး အကောင့် ဖျက်ရန်ကို နှိပ်ပါ
Tinder ဝန်ဆောင်မှု ပုံမှန်ရယူမှုများ ရှိပါက အကောင့်သစ်တွင် ပြန်လည်ထည့်သွင်းပြီး ဆက်သုံးနိုင်ပါသည်။ ပရိုဖိုင်သစ် ဖန်တီးပြီးချိန်တွင် သင့်ဝယ်ယူမှုများကို ပြန်လည်ထည့်သွင်းရန် ဤနေရာရှိ လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ။
Comments
0 comments
Article is closed for comments.