Super Like များနှင့် Boost များကဲ့သို့သော အထူးလုပ်ဆောင်ချက်များနှင့် Tinder ဝန်ဆောင်မှု ပုံမှန်ရယူမှုများအတွက် ငွေပေးချေနိုင်သော နည်းလမ်းများစွာရှိပါသည်။
ခရက်ဒစ်ကတ်နှင့် ဒက်ဘစ်ကတ် အများစုကို လက်ခံပါသည်။ သတိပြုရန်- သင့်တည်နေရာနှင့် သင် သုံးသော စက်အမျိုးအစားပေါ်မူတည်ပြီး ငွေပေးချေမှု နည်းလမ်းများ ကွဲပြားနိုင်ပါသည်။
အသုံးပြုနိုင်သော ငွေပေးချေမှုဆိုင်ရာ နည်းလမ်းများနှင့်ပတ်သက်ပြီး ပိုမိုလေ့လာရန်-
- iPhone တွင်- Apple Support သို့ သွားပါ။
- Android တွင်- Google Play Support သို့ သွားပါ။
- tinder.com တွင်- Visa ၊ MasterCard ၊ American Express ကဲ့သို့ ခရက်ဒစ်ကတ်များဖြင့် ပေးချေနိုင်ပါသည်။ နိုင်ငံတိုင်းတွင် American Express ကတ်ကို အသုံးပြု၍ မရနိုင်ပါ။ အချို့သော နေရာဒေသများတွင် PayPal သုံး၍ ပေးချေနိုင်ပါသည်။