နောက်ပြန်သွားခွင့်ကို ရွေးချယ်လိုက်ပါက သင်နောက်ဆုံးပေးခဲ့သော Like သို့မဟုတ် Nope ကို ပြန်ပြောင်းခွင့်ရမည်ဖြစ်သည်။ သင်သိကျွမ်းလိုသူတစ်ဦးဦးကို မတော်တဆ ကျော်မိလိုက်လျှင် ယခင်ကကဲ့သို့ ထိုသုံးစွဲသူများကို Tindersphere™ တွင် လုံးဝ ရှာမတွေ့သည့် အဖြစ်မျိုး ကြုံရတော့မည် မဟုတ်ပါ။ ပင်မမျက်နှာပြင်ရှိ အဝါရောင်မြား အိုင်ကွန်ကို နှိပ်၍ ထိုသုံးစွဲသူများ၏ ပရိုဖိုင်ကို ပြန်ကြည့်ရန် နောက်ပြန်သွားခွင့် လုပ်ဆောင်ချက်ကို အသုံးပြုလိုက်ပါ။
Tinder ဝန်ဆောင်မှု ပုံမှန်ရယူထားသူများကသာ ၎င်းတို့ နောက်ဆုံးရွေးခဲ့သော ရွေးချယ်မှု (Like၊ Nope၊ Super Like)* ကို ပြန်ပြောင်းနိုင်ပါသည်။
ဝန်ဆောင်မှု ပုံမှန်ရယူရန် လမ်းညွှန်ချက်များနှင့် ထပ်ဆောင်း အချက်အလက်များအတွက် ဤဆောင်းပါးကို ဖတ်ရှုပေးပါ။
*သတိပြုပေးရန်- နောက်ပြန်သွားခွင့်များကို အချို့သော ဈေးကွက်များတွင် စမ်းသပ်ဆဲ အနေအထားဖြင့်သာ ရရှိနိုင်ပါမည်။