စုံတွဲဖြစ်သူ 1 ဦး သို့မဟုတ် အနည်းငယ် ပျောက်သွားသည်
ကျွန်ုပ်နှင့်စုံတွဲဖြစ်သူအားလုံး ပျောက်သွားသည်
စုံတွဲဖြစ်သူစာရင်း ပြသချိန် ကြာလွန်းနေသည်
ကျွန်ုပ်နှင့်စုံတွဲဖြစ်သူများထံမှ ဓာတ်ပုံများကို မပြသပေးပါ။
စုံတွဲဖြစ်သူ 1 ဦး သို့မဟုတ် အနည်းငယ် ပျောက်သွားသည်
စုံတွဲဖြစ်သူ 1 ဦး သို့မဟုတ် အနည်းငယ် ပျောက်သွားခြင်းသည် ၎င်းတို့ဘက်မှ သင်နှင့်စုံတွဲဖြစ်မှုကို အဆုံးသတ်လိုက်၍ သို့မဟုတ် Tinder အကောင့်ဖျက်သွား၍ ဖြစ်နိုင်ပါသည်။ ၎င်းတို့၏ အကောင့်ကို ဖျက်ပြီးနောက် Tinder ပြန်လည်သုံးစွဲရန် ဆုံးဖြတ်ချက်ချကာ အကောင့်ပြန်ဝင်သုံးစွဲချိန်တွင် သင်၏ ရှာဖွေတွေ့ရှိမှုတွင် ထိုသူကို ပြန်တွေ့ရနိုင်ပါသည်။
ကျွန်ုပ်နှင့်စုံတွဲဖြစ်သူအားလုံး ပျောက်သွားသည်
ဤသည်မှာ ယာယီသာ ဖြစ်နိုင်ပါသည်၊ ခဏကြာပြီးနောက် ထပ်ကြိုးစားကြည့်ပါ။ သင်နှင့်စုံတွဲဖြစ်သူများမှ တစ်ဦးကိုမျှ မတွေ့ရသေးပါက အက်ပ်မှ အကောင့်ထွက်ကာ ပြန်ဝင်ကြည့်ခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်ပါသည်-
- Tinder ကို ဖွင့်ပါ
- ပရိုဖိုင် အိုင်ကွန်ကို နှိပ်ပါ
- ဆက်တင်သို့ သွားပါ
- Scroll ဆွဲပြီး ထွက်ရန်ကို နှိပ်ပါ
စုံတွဲဖြစ်သူအသစ် မရှိပါ
သင့်ဖြစ်တည်မှုနှင့် ရုပ်ရည်သည် အရေးမကြီးပါ — တစ်ဦးနှင့် တစ်ဦး ရင်းနှီးအောင် ကြိုးစားရာ၌ အချိန်ပေးအားထုတ်ရန် လိုအပ်ပါသည်။ ချက်ချင်းရင်းနှီးသွားခြင်းမျိုး မဖြစ်တတ်သလို၊ တရားသေ သတ်မှတ်၍လည်း မရပါ၊ သင့်ကြောင့် ရင်းနှီးမှု မရခြင်းလည်း မဟုတ်ပါ။ သင့်ကို သတိထားမိစေမည့် အကြံပြုချက်များ-
- အသစ်တစ်ဖန် ပြန်လည်ဆန်းသစ်ထားသည့် ပရိုဖိုင်ဖြစ်စေရန် သင့်ကိုယ်ရေးအချက်များနှင့် ဓာတ်ပုံများကို အပ်ဒိတ်လုပ်ပါ
- Like အများဆုံးရထားသည့် ဓာတ်ပုံကို ဦးဆုံးပြသပေးရန် အကောင်းဆုံး ဓာတ်ပုံများ လုပ်ဆောင်ချက်ကို ဖွင့်ပါ
- စုံတွဲဖြစ်နိုင်ခြေရှိသူတွေအနေဖြင့် သင့်အကြောင်း ပိုမြင်၊ ပိုသိရစေရန် သင့်ပရိုဖိုင်ကို သင့် Insta ၊ Spotify အကောင့်များနှင့် ချိတ်ဆက်ပါ
သတင်းကောင်းကတော့ သိပ်မကြာခင်မှာပဲ သင် မသိဖူးသေးသူတစ်ဦးနှင့် ရင်းနှီးလာမှာပါ။
စုံတွဲဖြစ်သူစာရင်း ပြသချိန် ကြာလွန်းနေသည်
သင်နှင့်စုံတွဲဖြစ်သူများ အားလုံး မပေါ်ပါက သင်လုပ်ကြည့်နိုင်သော ချွတ်ယွင်းချက် ရှာဖွေဖြေရှင်းနည်းအချို့မှာ-
- အင်တာနက်လိုင်း ကောင်း၊ မကောင်း စစ်ကြည့်ပါ — ပြဿနာ ရှိ၊ မရှိ သိရရန် Wi-Fi နှင့် မိုလ်ဘိုင်းဒေတာကို တစ်လှည့်စီ ပြောင်းသုံးကြည့်ပါ။
- အက်ပ်ကို ဖျက်ပြီး ပြန်ထည့်သွင်းပါ။ ထိုသို့လုပ်ခြင်းဖြင့် Tinder နောက်ဆုံးဗာရှင်းသို့ အပ်ဒိတ်လုပ်ပေးသွားမည့်အပြင် သုံးစွဲမှုအတွေ့အကြုံကို အသစ်ပြန်ဖြစ်သွားစေပါသည်။
- Tinder ကို iOS သို့မဟုတ် Android မှတစ်ဆင့် သုံးစွဲနေပါက Tinder.com မှတစ်ဆင့် စမ်းသုံးကြည့်ပါ။
ကျွန်ုပ်နှင့်စုံတွဲဖြစ်သူများထံမှ ဓာတ်ပုံများကို မပြသပေးပါ
စုံတွဲဖြစ်သူ 1 ဦးနှင့် အထက်၏ ဓာတ်ပုံများကို မပြသပေးပါက အကောင့်မှ ထွက်၍ ပြန်ဝင်ကြည့်ပါ။
- Tinder ကို ဖွင့်ပါ
- ပရိုဖိုင် အိုင်ကွန်ကို နှိပ်ပါ
- ဆက်တင်သို့ သွားပါ
- Scroll ဆွဲပြီး ထွက်ရန်ကို နှိပ်ပါ
ဤအကြံပြုချက်များဖြင့် ဖြေရှင်းနိုင်သော်လည်း အလုပ်မဖြစ်ပါက လက်ရှိ၌ ကျွန်ုပ်တို့ဘက်တွင် နည်းပညာပိုင်းဆိုင်ရာ အခက်အခဲ တစ်ခုခု ကြုံတွေ့နေရခြင်း ဖြစ်နိုင်သဖြင့် ဤပြဿနာကို ပြင်ဆင်ပေးနေစဉ်အတွင်း စိတ်ရှည်သည်းခံပေးသည့်အတွက် ကျေးဇူးတင်ရှိပါသည်။