မစိုးရိမ်ပါနှင့် — ယင်းမှာ စိတ်ပျက်ဖွယ်ဖြစ်သော်လည်း မကြာမီ ချက်(တ်)နှင့် ပတ်သက်သည့် ပြဿနာများမှာ ပြေလည်သွားတတ်ပါသည်။ စောင့်ဆိုင်းနေစဉ်အတွင်း မိမိကိုယ်တိုင် ဖြေရှင်းကြည့်လိုပါက အောက်ပါအတိုင်း ဖြေရှင်းကြည့်နိုင်ပါသည်-
- ဦးစွာ အင်တာနက်လိုင်း ကောင်း၊ မကောင်း စစ်ကြည့်ပါ။ ကွန်ရက်ဆက်သွယ်မှုပိုင်း ပြဿနာ ရှိ၊ မရှိ သိရရန် Wi-Fi နှင့် မိုလ်ဘိုင်းဒေတာကို တစ်လှည့်စီ ပြောင်းသုံးကြည့်ပါ။
- အက်ပ်ကို ဖျက်ပြီး ပြန်ထည့်သွင်းပါ။ ဤသို့ လုပ်ဆောင်ခြင်းဖြင့် Tinder နောက်ဆုံးဗားရှင်းသို့ အပ်ဒိတ်လုပ်ပေးသွားမည့်အပြင် သုံးစွဲမှုအတွေ့အကြုံ အသစ်ပြန်ဖြစ်သွားပြီး အားလုံးပြန်အဆင်ပြေချောမွေ့သွားပါမည်။
-
အက်ပ်ပြန်ဖွင့်ပြီး မက်ဆေ့ချ် ပြန်ပို့ကြည့်ပါ။
- iOS- မထွက်သွားသော မက်ဆေ့ချ်ဘေးတွင်ရှိသော အနီရောင်အာမေဍိတ်သင်္ကေတကို နှိပ်ပါ။
- Android- မက်ဆေ့ချ် ပြန်ပို့ကြည့်ရန် ၎င်းမက်ဆေ့ချ်ကိုပင် နှိပ်ပါ။
ပြဿနာဆက်ရှိနေသေးပါက ကျွန်ုပ်တို့ကို အသိပေးပါ။ သင့်ပြဿနာကို စစ်ဆေးပေးနိုင်ရန် ကျွန်ုပ်တို့ထံ ဆက်သွယ်ပြီးလျှင် သင့်ပြဿနာအကြောင်း တတ်နိုင်သမျှ အသေးစိတ် ပြောပြပါ။