Tinder မှ ကြိုဆိုပါသည်။
Tinder ဆိုသည်မှာ အဘယ်နည်း။
2012 ခုနှစ်တွင် Tinder ကို ကောလိပ်ကျောင်းဝန်းတစ်ခု၌ စတင်မိတ်ဆက်ခဲ့ပြီး လူသစ်များနှင့် တွေ့ဆုံနိုင်သည့် ကမ္ဘာ့ပေါ်ပြူလာအဖြစ်ဆုံး အက်ပ်တစ်ခု ဖြစ်ပါသည်။ Tinder သည် ဖြစ်နိုင်ခြေများစွာနှင့် ဖန်တီးထားသည့် နေရာတစ်ခုဖြစ်ပါသည်။ သုံးစွဲသူအချင်းချင်း ချိတ်ဆက်မိခြင်းမှတစ်ဆင့် အဓိပ္ပာယ်ရှိသည့် ဆက်ဆံရေးများ ဖြစ်လာစေနိုင်ပါသည်။
Tinder သည် လွယ်ကူရိုးရှင်းပြီး ပျော်စရာကောင်းပါသည် — တစ်စုံတစ်ဦးကို စိတ်ဝင်စားကြောင်း ပြသရန် Like ပေးချင်ပါက Swipe Right® လုပ်ဆောင်ချက်ကို သုံးပါ၊ သင့်ကို Like ပြန်ပေးတဲ့အခါမှတော့ စုံတွဲဖြစ်ပါပြီ။ အဆုံးမရှိ ဖြစ်နိုင်ခြေများစွာ ရှိသည့် ကမ္ဘာကြီးအတွင်း ဝင်ရောက်ရန် အသင့်ပြင်ထားလိုက်ပါ။
အနိမ့်ဆုံး အသက် သတ်မှတ်ချက်မှာ အဘယ်နည်း။
Tinder သုံးစွဲရန် အနိမ့်ဆုံး အသက်ကန့်သတ်ချက်မှာ 18 နှစ် ဖြစ်ပါသည်။ အသက်မပြည့်သဖြင့် Tinder အသုံးပြုခွင့် ပိတ်ပင်ခံရပါက သင့်အသက် 18 နှစ် မပြည့်မချင်း အကောင့်ဖွင့်၍ ရနိုင်မည် မဟုတ်ပါ။
ကမ္ဘာပေါ်ရှိ မည်သည့်နေရာမှမဆို Tinder သုံးနိုင်ပါသလား။
Tinder သည် ကမ္ဘာလုံးဆိုင်ရာ အွန်လိုင်းဒိတ် ပလက်ဖောင်းဖြစ်ပြီး ဘာသာစကား 40+ ဖြင့် နိုင်ငံပေါင်း 190+ တွင် အသုံးပြုနိုင်ပါသည်။ ဒိတ်ရန်၊ လူသစ်များနှင့် ဆုံတွေ့ရန်၊ သင့်လူမှုကွန်ရက်ကို ချဲ့ထွင်ရန် သို့မဟုတ် ခရီးသွားရင်း ဒေသခံများနှင့် တွေ့ဆုံနိုင်ရန် စိတ်ဝင်စားပါသလား။ စိတ်ဝင်စားပါက သင်သည် နေရာမှန်တွင် ရောက်နေပါပြီ။
Tinder ကို အခမဲ့ သုံးနိုင်ပါသလား။
Tinder ကို App Store နှင့် Google Play Storeတွင် အခမဲ့ ရရှိနိုင်ပါသည် သို့မဟုတ် Tinder.com မှတစ်ဆင့် Tinder ဝက်ဘ်ဗားရှင်းကို သုံးနိုင်ပါသည်။ ကျွန်ုပ်တို့၏ အခမဲ့ဗားရှင်းမှတစ်ဆင့် စုံတွဲဖြစ်နိုင်၊ ချက်(တ်)နိုင်၊ ချိတ်ဆက်နိုင်သည့် လုပ်ဆောင်နိုင်စွမ်းကို ဖန်တီးပေးထားပါသည်။
ပိုမိုကောင်းမွန်သည့် အတွေ့အကြုံအတွက် Plus ၊ Platinum သို့မဟုတ် Gold ပလန်သို့ အဆင့်မြှင့်တင်ပါ။ ဝန်ဆောင်မှု ပုံမှန်ရယူမှု အစားစား အကြောင်း လေ့လာပြီး သင်နှင့် အကိုက်ညီဆုံးကို ရှာပါ။
ပံ့ပိုးလုပ်ဆောင်နိုင်သည့် ပလက်ဖောင်းများနှင့် စက်များ
Tinder ကို လက်ရှိ၌ Android နှင့် iOSစက်အမျိုးအစားများတွင် သုံးနိုင်ပါသည်။ ကျွန်ုပ်တို့၏ မိုဘိုင်းအက်ပ်များဖြင့်သာမက Tinder.com မှတစ်ဆင့်လည်း Tinder ဝက်ဘ်ဗားရှင်းကို သုံးနိုင်ပါသည်။
လက်ရှိ၌ Tinder သည် iOS 16.0 နှင့်အထက်၊ Android 10.0 နှင့်အထက်၊ လူသုံးများသည့် ဝက်ဘ်ဘရောက်ဇာများ (Chrome ၊ Firefox ၊ Safari ၊ Edge စသည်တို့) ၏ နောက်ဆုံးဗားရှင်းများတွင်သာ ပံ့ပိုးလုပ်ဆောင်ပါသည်။
Comments
0 comments
Article is closed for comments.