Tinder ကို နိုင်ငံပေါင်း 190 တွင် ဘာသာစကားပေါင်း 60 ဖြင့် သုံးစွဲနိုင်ပါသည်။ ဘာသာစကား ဆက်တင်ကို အက်ပ်အတွင်း သို့မဟုတ် Tinder.com တွင် ချိန်ညှိရန် ဖော်ပြပါ လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပေးပါ။
Android & iOS
အက်ပ်အတွင်း ဘာသာစကား ဆက်တင်ကို ချိန်ညှိရန် ရွေးချယ်စရာ မရှိပါ။ အက်ပ်တွင် ပြသထားသည့် ဘာသာစကားသည် သင့်စက်၏ ဘာသာစကား ဆက်တင်ပေါ် မူတည်ပါသည်။
- Android သုံးစွဲသူများ- Google ၏ Support စာမျက်နှာရှိ လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ။
- iOS သုံးစွဲသူများ- Apple ၏ Support စာမျက်နှာရှိ လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ။
သင့်စက်နှင့် သင့်စက်၏ Android သို့မဟုတ် iOS ဗားရှင်းပေါ်မူတည်၍ သင့်စက်၏ ဆက်တင်တွင် သင်၏ ဦးစားပေး ဘာသာစကားကို သတ်မှတ်နိုင်ပါလိမ့်မည်။ Android တွင် System > Languages > App Languages ၌လည်းကောင်း၊ iOS တွင် Apps > Tinder ၌လည်းကောင်း ဤသည်ကို ရှာတွေ့နိုင်ပါသည်။
Tinder.com/Web
- Tinder.com သို့ ဝင်ပါ
-
မျက်နှာပြင် ထိပ်ဘက်ရှိ ပရိုဖိုင် အိုင်ကွန်
ကို နှိပ်ပါ
- ဘာသာစကားကို ရှာပါ
- စာရင်းရှိ နှစ်သက်ရာ ဘာသာစကားကို ရွေးချယ်ပါ