သင့်ဒေသအတွင်း မက်ဆေ့ချ်ပို့ခြင်းကဲ့သို့ လုပ်ဆောင်ချက်များကို ဝင်ရောက်သုံးစွဲရာ၌ အသက်အရွယ် အတည်ပြုမှု လိုအပ်ပါသည်။ Tinder သုံးရန် အသက် 18 နှစ်ပြည့်ပြီး ဖြစ်ရပါမည်။ ဂျပန်နိုင်ငံ၌ နေထိုင်သည့် Tinder သုံးစွဲသူ ဖြစ်ပါက နိုင်ငံတွင်းဥပဒေအရ သတ်မှတ်အသက် ပြည့်ပြီးကြောင်း စစ်ဆေးအတည်ပြုရန်နှင့် အထောက်အထားတင်ပြရန် လိုအပ်ပါမည်။
အသက်အရွယ် အတည်ပြုမှု ဆောင်ရွက်ရန် နည်းလမ်း 2 မျိုးကို ကမ်းလှမ်းပေးထားပါသည်-
- Tinder မှတစ်ဆင့် တိုက်ရိုက် အတည်ပြုမှု
- World App မှတစ်ဆင့် World ID ဖြင့် အတည်ပြုမှု (Orb ဖြင့် အတည်ပြုမှု သို့မဟုတ် နှစ်မျိုးလုံးဖြင့် အတည်ပြုမှု)
သတိပြုရန်- အဆိုပါနည်းလမ်းနှစ်ရပ်လုံးဖြင့် လုပ်ဆောင်ရာတွင် အစိုးရက ထုတ်ပြန်ပေးထားသော ID တစ်ခု လိုအပ်ပါသည်။ World ID ၏ လိုအပ်ချက်များနှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက ၎င်းတို့၏ Help Center သို့ သွားရောက်ကြည့်ရှုပါ။
အစိုးရက ထုတ်ပြန်ထားသော ID ကို အသုံးပြုခြင်း
ဤနည်းလမ်းကို ရွေးချယ်ထားပါက အက်ပ်အတွင်း သို့မဟုတ် Tinder.com တွင် ဖော်ပြထားသော လမ်းညွှန်ချက်များအတိုင်း လိုက်လံလုပ်ဆောင်ပေးပါ။ အစိုးရက ထုတ်ပြန်ပေးထားသော ID တစ်ခုကို တင်ပြရန် သင့်အား တောင်းဆိုပါမည်။
အတည်ပြုမှု လုပ်ငန်းစဉ်ကို လုပ်ဆောင်နေစဉ်အတွင်း သတိပြုရမည့် အချက်အချို့မှာ-
- အာမခံကတ် သို့မဟုတ် ဆေးကုမှုဆိုင်ရာ ကတ်ကဲ့သို့ ID ပုံစံများကို လက်ခံသွားမည်မဟုတ်ပါ။
- ဂျပန်နိုင်ငံက ထုတ်ပြန်ပေးသော ID အတွက်ဆိုလျှင် ပုံ တစ်စိတ်တစ်ပိုင်းကွယ်နေခြင်းဖြစ်စေ၊ တစ်စိတ်တစ်ပိုင်း ပြတ်နေခြင်းဖြစ်စေ၊ မရှင်းလင်းခြင်းဖြစ်စေ မဖြစ်စေရန် ဂရုစိုက်ပေးပါ*။
- လိုအပ်ပါက ကတ်၏ ရှေ့ဘက်ခြမ်းနှင့်ကျောဘက်ခြမ်း နှစ်မျက်နှာလုံး၏ ထောင့် 4 ထောင့်လုံးနှင့် လက်မှတ်တို့ ပါရှိစေရန် ဂရုစိုက်ပေးပါ*။
*လုပ်ဆောင်ရန်နည်းလမ်းများကို အောက်တွင် ပုံဖြင့်ဖော်ပြထားပါသည်။
World App မှတစ်ဆင့် World ID ဖြင့် အတည်ပြုမှု (Orb ဖြင့် အတည်ပြုမှု သို့မဟုတ် နှစ်မျိုးလုံးဖြင့် အတည်ပြုမှု)
Andriod နှင့် iOS တို့တွင် အတည်ပြုမှုဆိုင်ရာ ရွေးချယ်စရာ နည်းလမ်းတစ်ရပ်အဖြစ် World App ဖြင့် အတည်ပြုမှုကို ကမ်းလှမ်းပေးထားသည်။ ထိုနည်းလမ်းသည် သုံးစွဲသူများအနေဖြင့် ကိုယ်ရေးအချက်အလက်များကို အွန်လိုင်းပေါ်တွင် မျှဝေရန်မလိုဘဲ ကိုယ်ရေးအချက်အလက် မပေါက်ကြားအောင် ထိန်းသိမ်းသော နည်းဖြင့် အသက်အရွယ်အတည်ပြုမှုကို ဆောင်ရွက်ခွင့်ပေးသည့် အခြားနည်းလမ်းတစ်ရပ်ဖြစ်ပါသည်။ ဤအတည်ပြုမှု နည်းလမ်းနှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက ဤ ဖော်ပြချက်ကို ဖတ်ရှုပေးပါ။
အသက်အရွယ် အတည်ပြုမှုဆိုင်ရာ ကိုယ်ရေးလုံခြုံမှု
သင့် ID ကို တင်ပြပြီးသည်နှင့် ထိုအထောက်အထားကို သင့်အသက်အရွယ်ကို အတည်ပြုရန်အတွက်သာ အသုံးပြုသွားပါမည်။ အရည်အသွေးအာမခံရေး ရည်ရွယ်ချက်များအတွက် အသက်အတည်ပြုပြီးနောက် ရက်ပေါင်း 90 ကြာသည်အထိ သင့် ID ကိုသော်လည်းကောင်း၊ သင့် ID နှင့်ဆိုင်သော အချက်အလက်များ (သင် တင်ပြခဲ့သော အလားတူ ID အမျိုးအစား) ကိုသော်လည်းကောင်း ဆက်လက်ထိန်းသိမ်းထားနိုင်ပါသည်။ ထို့နောက်တွင်မူ အတည်ပြုမှုရလဒ်ကိုသာ ဆက်လက်ထိန်းသိမ်းထားပါမည်။ အသက် 18 နှင့်အထက်ဖြစ်ကြောင်း စစ်ဆေးအတည်ပြုပြီးနောက် သင့်ကို စုံတွဲဖြစ်ထားသူများနှင့် ချက်(တ်)ခွင့်ပေးနိုင်ရန် ကျွန်ုပ်တို့က ထိုရလဒ်ကို မှတ်တမ်းတင်သိမ်းဆည်းထားပါမည်။