Group Hangout လုပ်ဆောင်ချက်သည် သင်နှင့်အတူ သင့်မိတ်ဆွေများကို အခြားသော မိတ်ဆွေ Group များနှင့် စုံတွဲ တွဲဖက်ရန်၊ ချက်(တ်)ရန် လုပ်ဆောင်နိုင်စေပါသည်။ ကန့်သတ်ချက်အချို့ ရှိသော်လည်း ရွေးချယ်ထားသော စျေးကွက်များရှိ ပလက်ဖောင်းအားလုံးတွင် Group Hangout ကို သုံးနိုင်ပါသည်။
မှတ်ချက် - Group စကားဝိုင်းများကို ဝက်ဘ်ဗားရှင်းဖြင့် ဆက်သုံးနိုင်သော်လည်း Group နှင့်ပတ်သက်သည့် အခြား လုပ်ဆောင်ချက်များကိုမူ သုံး၍ မရနိုင်သေးပါ။
Group Hangout အသုံးပြုခြင်း
မိတ်ဆွေများနှင့်အတူ Group တစ်ခု ဖန်တီးပြီး အခြားသော မိတ်ဆွေ Group များကို ရွေး၍ ချိတ်ဆက်နိုင်စေပါသည်။ Tinder တွင် မည်သူမဆို Group တစ်ခု ဖန်တီးနိုင်ပါသည်။ သင့် Group တွင် မန်ဘာ 3 ဦး ရှိပြီး လှုပ်ရှားမှုနှင့် အချိန်ကို သေချာအာရုံစိုက်ပေးသည်နှင့် သင်နှင့် သင့်မိတ်ဆွေများသည် အခြားသော မိတ်ဆွေ Group များကို ရှာဖွေပြီး ရွေးချယ် ချိတ်ဆက်နိုင်ပါလိမ့်မည်။ Group Hangout ဆိုသည်မှာ မီနီဂေါ့ဖ် သို့မဟုတ် ကာရာအိုကေကဲ့သို့သော Group လှုပ်ရှားမှု သို့မဟုတ် ညဘက်ထွက်လည်ခြင်းကဲ့သို့ လှုပ်ရှားမှုတစ်ခုခုကို စီစဉ်ခြင်း ဖြစ်နိုင်ပါသည်။
ဤ Group များကို တစ်ဦးချင်း ပရိုဖိုင်များနှင့် စုံတွဲနှစ်တွဲ တူတူဒိတ် ပရိုဖိုင်များကဲ့သို့ပင် ရှာဖွေတွေ့ရှိမှုတွင် ပြသပေးမည် ဖြစ်ပြီး ကွာခြားချက်မှာ Group ထဲမှ မန်ဘာများကို ကြည့်နိုင်ရန် ပြသပေးခြင်း ဖြစ်ပါသည်။
အခြား Group တစ်ခုနှင့် စုံတွဲ တွဲဖက်လိုက်သည့်အခါ Group ထဲရှိ သုံးစွဲသူအားလုံး ပါဝင်သည့် ချက်(တ်)တစ်ခု ပွင့်သွားပါမည်။ သင့်အဖွဲ့ရှိ လူတစ်ဦးချင်းစီကို တိုက်ရိုက်ဆက်သွယ်ရန်အတွက် ညာဘက်သို့ ပွတ်ဆွဲ၍ သီးသန့် DM ကို ဖွင့်နိုင်ပါသည်။
သတိပြုရန်- လက်ရှိ၌ Group များကို စမ်းသပ်နေဆဲ ဖြစ်ပြီး ဤကာလအတွင်း ပရီမီယံ လုပ်ဆောင်ချက်များနှင့် ဝန်ဆောင်မှု ပုံမှန်ရယူမှု ခံစားခွင့်များ (Boost လုပ်ခွင့်များနှင့် Super Like များ စသဖြင့်) ကို Group များတွင် တွဲဖက်အသုံးပြုနိုင်မည် မဟုတ်ပါ။ Group Hangout ကို ဆက်လက်စမ်းသပ်နေစဉ်အတွင်း ဖိတ်ခေါ်မှုများ၊ သင် ပါဝင်နိုင်သည့် Group အရေအတွက် သို့မဟုတ် အခြား လုပ်ဆောင်ချက်များတွင်လည်း အပြောင်းအလဲများ ရှိနိုင်ပါသည်။
Group Hangout အတွက် ရှာဖွေခြင်း
Group လုပ်ဆောင်ချက်မှာ အခမဲ့ ဖြစ်ပြီး လက်ရှိ၌ ရွေးချယ်ထားသော ဈေးကွက်များအတွင်း စမ်းသပ်အသုံးပြုနိုင်ပါသည်။ သင့်ဒေသတွင် သုံးစွဲ၍ ရပါက ဖော်ပြပါ လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပေးပါ။ ပလက်ဖောင်း အားလုံးနှင့် သက်ဆိုင်ပါသည်-
- သင်၏ ရှာဖွေတွေ့ရှိမှု စာမျက်နှာရှိ ဆေးတောင့်ပုံစံ Group Hangout ခလုတ်ကို နှိပ်ပါ။
- မိတ်ဆွေများကို ဖိတ်ခေါ်ပြီး Group တစ်ခု ဖွဲ့ပါ။
- အခြားအဖွဲ့များကို ရွေးချယ်နိုင်သည့် လုပ်ဆောင်ချက်ကို စတင် အသုံးပြုနိုင်ပါပြီ။
အပြုသဘောဆောင်သည့် Group Hangout အတွေ့အကြုံကောင်းများကို ဖန်တီးခြင်း
Group များကို အသုံးပြုနေသူအားလုံးအတွက် အပြုသဘောဆောင်သည့် အတွေ့အကြုံကောင်းများကိုသာ ရရှိစေချင်ပါသည်။ သတိပြုရမည့်အချက်အချို့မှာ-
- Tinder သုံးစွဲသည့်အခါ Group Hangout တွင် ပါဝင်သည့် သင်နှင့် သင့်မိတ်ဆွေများသည် ကျွန်ုပ်တို့၏ အဖွဲ့စည်းမျဉ်းများကို သတိပြုလိုက်နာရန် အရေးကြီးပါသည်။ ကျွန်ုပ်တို့၏ မူဝါဒများကို ချိုးဖောက်ပါက Group အတွင်းရှိ အကောင့် 1 ခုတည်းကိုသာမက တစ်ခုထက်ပို၍ အရေးယူနိုင်ပါသည်။
- သင် သို့မဟုတ် သင့်မိတ်ဆွေသည် အက်ပ်အတွင်း သို့မဟုတ် လက်တွေ့ဘဝတွင် မသင့်လျော်သော အပြုအမူများဖြင့် ဆက်ဆံခံရပါက ရီပို့(တ်)လုပ်ပေးပါ။ ကျွန်ုပ်တို့၏ ရီပို့(တ်)လုပ်ခြင်းဆိုင်ရာ အရင်းအမြစ်များကို ဤနေရာတွင် သုံးသပ်ကြည့်ရှုနိုင်ပါသည်။
- သင်နှင့် သင့် Group မိတ်ဆွေများသည် Tinder သုံးရန် အသက် 18 နှစ်ပြည့်ပြီး ဖြစ်ရပါမည်။
- အက်ပ်အတွင်း သို့မဟုတ် လက်တွေ့ဘဝတွင် Group လိုက် ချက်(တ်)ရာ၌ ကိုယ်ရေးအချက်အလက် အသေးစိတ် (ဆက်သွယ်ရန်အချက်အလက် အပါအဝင်) ကို ဆွေးနွေးမှု မပြုမီ သင်တို့၏ Group မိတ်ဆွေထံမှ သဘောတူညီချက် ရယူရပါမည်။
- လိင်ပိုင်းဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးလိုပါက Group တွင် ပါဝင်သူအားလုံး၏ သဘောတူညီချက်ကို ရယူရပါမည်။
သင်၏ Group Hangout အတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ခြင်း
Tinder တွင် သင်နှင့် သင့်မိတ်ဆွေများအတွက် Group တစ်ခု ရှာဖွေရန်ဖြစ်စေ၊ Group များကို ကြည့်ရန် လုံးဝ စိတ်မဝင်စားသည်ဖြစ်စေ သင့်စိတ်ကြိုက် ဆုံးဖြတ်ဆောင်ရွက်နိုင်ပါသည်။ Group Hangout တွင် သီးသန့် ဆက်တင်ရှိပြီး သုံးစွဲမှု အတွေ့အကြုံအတွက် သင့်စိတ်ကြိုက်ပြင်ဆင်နိုင်ပါသည်။
- Tinder ကို ဖွင့်ပြီး ပရိုဖိုင် အိုင်ကွန်
ကို နှိပ်ပါ။
- ဆက်တင် အိုင်ကွန်
ကို နှိပ်ပါ။
- "Group Hangout" ဟူသော လေဘယ်တပ်ထားသည့် အပိုင်းကို တွေ့သည်အထိ Scroll ဆွဲရှာပါ။
- ရှာဖွေတွေ့ရှိမှုတွင် တစ်ဦးချင်း ပရိုဖိုင်များထက် Group များကို ပိုမိုအသားပေးဖော်ပြခြင်း သို့မဟုတ် Group အားလုံးကို ဝှက်ထားခြင်းစသည့် ရွေးချယ်စရာများကို ဤတွင် တွေ့ရပါလိမ့်မည်။