ငွေပေးချေမှု နည်းလမ်းများနှင့် ပတ်သက်၍ ဖြစ်လေ့ရှိသော ပြဿနာများ-
- စာရိုက်ထည့်မှု - သင့်ခရက်ဒစ်ကတ်တွင် ပါရှိသည့် အက္ခရာများနှင့် ဂဏန်းများအတိုင်း သေချာ ရိုက်ထည့်ပါ
- လက်ဆောင်ကတ်များ၊ ကြိုတင်ငွေပေးချေကတ်များနှင့် Select Debit ကတ်များ အသုံးပြုမှု - ဝန်ဆောင်မှု ပုံမှန်ရယူမှု တစ်ခုကို ဝယ်ယူသည့်အခါ အချို့သော လက်ဆောင်ကတ်များ၊ ကြိုတင်ငွေပေးချေကတ်များနှင့် Select Debit ကတ်များသည် ထပ်တလဲလဲ ငွေပေးချေမှုများကို မပံ့ပိုးပေးနိုင်ပါ
- ငွေတောင်းခံလိပ်စာ ရောထွေးမှု - မကြာသေးမီက အပြောင်းအရွှေ့ ရှိထားပါသလား။ ငွေတောင်းခံအချက်အလက် အပ်ဒိတ်လုပ်ထားပါသလား။ မှန်ကန်သည့် ငွေတောင်းခံလိပ်စာနှင့် စာပို့ကုဒ် ဖြည့်သွင်းထား၊ မထား သေချာစစ်ဆေးပါ
ပြဿနာ ဆက်ရှိနေပါက သင့်စက်ပေါ်မူတည်၍ App Store (iOS) သို့မဟုတ် Google Play Store (Android) အတွက် လက်ခံသည့် ငွေပေးချေမှုနည်းလမ်းများကို ပြန်သုံးသပ်ကြည့်ပေးပါ။
iOS သုံးစွဲသူများအတွက် မှတ်ချက်- သင့်တွင် ရှိနေသည့် ငွေပေးချေမှု နည်းလမ်းနှင့်ပတ်သက်၍ ပြဿနာ ရှိနေပါက နောက်ထပ် အချက်အလက်များအတွက် ဤဖော်ပြချက်ကို ကိုးကားပေးပါ။