Tinder တွင် ငွေပေးချေမှုများအတွက် သင့်ငွေပေးချေမှုနည်းလမ်းကို အပ်ဒိတ်လုပ်ရန် သို့မဟုတ် ပြောင်းရန် ဖော်ပြပါ စာမျက်နှာများရှိ အချက်အလက်များကို သုံးပါ-
iOS သုံးစွဲသူများအတွက် မှတ်ချက်- လက်ရှိ၌ Apple ၏ App Store မှတစ်ဆင့် အက်ပ်အတွင်း ငွေပေးချေမှုများကို အမေရိကန်ပြည်ထောင်စုတွင် မရရှိနိုင်ပါ။ ဝယ်ယူမှု ပြုလုပ်သည့်အခါ သင့်ဖုန်း၏ ပုံသေ ဘရောက်ဇာရှိ ငွေပေးချေမှု စာမျက်နှာသို့ ရောက်သွားပါမည်။ ၎င်းစာမျက်နှာတွင် သင့်ငွေပေးချေမှု အချက်အလက်များကို ဖြည့်သွင်းပြီး သင့်ဝယ်ယူမှုကို ပြီးစီးအောင် ဆောင်ရွက်နိုင်ပါမည်။ နောင်တွင် PayPal ကို သင့်ဦးစားပေး ငွေပေးချေမှုနည်းလမ်းအဖြစ် ရွေးချယ် အသုံးပြုနိုင်ပါမည်။
Tinder.com ကို သုံး၍ ဝယ်ယူမှု ပြုလုပ်ပါက-
- Tinder.com သို့ သွားပြီး အကောင့်တွင်း ဝင်ပါ
- ပရိုဖိုင် အိုင်ကွန်ကို နှိပ်ပါ
- ဆက်တင် အိုင်ကွန်ကို နှိပ်ပါ
- အကောင့် စီမံရန်ထိ Scroll ဆွဲပြီး ကတ် ပြောင်းရန်ကို နှိပ်ပါ