အယူခံစင်တာတွင် သုံးနှုန်းထားသော အသုံးအနှုန်းတစ်ခုခုနှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက အသုံးအနှုန်းများ၏ အဓိပ္ပာယ်ဖွင့်ဆိုရှင်းလင်းချက်အားလုံးကို အောက်ဖော်ပြပါ အင်္ဂလိပ်အက္ခရာစဉ်လိုက် အကျဉ်းချုပ်တွင် ရှာဖွေကြည့်ရှုနိုင်ပါသည်။
အကောင့်အခြေအနေ - အကောင့်ကို သုံးစွဲမှု ရှိ (ကန့်သတ်ထားမှု မရှိဘဲ အကောင့်သုံးစွဲနိုင်သည့် အခြေအနေ) သို့မဟုတ် သုံးစွဲမှု မရှိ (အကောင့်ပိတ်ခံရခြင်း သို့မဟုတ် ဆိုင်းငံ့ခံရခြင်း သို့မဟုတ် ဖျက်ခံရခြင်းကြောင်း အကောင့်မသုံးနိုင်သည့် အခြေအနေ) စသည်ဖြင့် အကောင့်၏ လက်ရှိအခြေအနေကို ဆိုလိုသည်။
ဆောင်ရွက်ထားသော အရေးယူမှု - ဖောက်ဖျက်မှုတစ်ရပ်ကို တွေ့ရှိပြီးနောက် အကောင့်အပေါ် အရေးယူဆောင်ရွက်ထားသည့် အရေးယူအပြစ်ပေးမှု အမျိုးအစားဆိုင်ရာ ရှင်းလင်းဖော်ပြချက်ကို ဆိုလိုသည်။
သက်ဝင်မှုရှိ (ဖောက်ဖျက်မှု) - အကောင့်အပေါ် သက်ရောက်မှုရှိပြီး အယူခံဝင်နိုင်သည့် စည်းကမ်းဖောက်ဖျက်မှုတစ်ရပ်ကို ဆိုလိုသည်။
အယူခံ - သုံးစွဲသူက ၎င်းတို့အကောင့်အပေါ် သက်ရောက်မှုရှိသည့် အတည်ပြုပြီး စည်းကမ်းဖောက်ဖျက်မှုတစ်ရပ်ကို စိစစ်သုံးသပ်ပေးရန် တောင်းဆိုသည့် လုပ်ငန်းစဉ်ကို ဆိုလိုသည်။
အယူခံဝင်ပြီး (ဖောက်ဖျက်မှု) - အယူခံဝင်ထားပြီးသော စည်းကမ်းဖောက်ဖျက်မှုကို ဆိုလိုသည်။ ဤနေရာတွင် လက်ရှိ စိစစ်သုံးသပ်နေသော သို့မဟုတ် အပြည့်အဝ စိစစ်သုံးသပ်ပြီးစီးသော ဖောက်ဖျက်မှုများပါ အကျုံးဝင်ပါသည်။
အကောင့်ပိတ်ခြင်း - သုံးစွဲသူက အကောင့်တွင်း ဝင်ရောက်သုံးစွဲခြင်း သို့မဟုတ် အကောင့်သစ် ဖွင့်ခြင်းအပေါ် တားမြစ်ပိတ်ပင်မှု ဖြစ်လာစေသည့် စည်းကမ်းဖောက်ဖျက်မှုတစ်ရပ်ကို ကျူးလွန်ထားကြောင်း အတည်ပြုပြီးနောက် အကောင့်နှင့်ပတ်သက်၍ ဆောင်ရွက်သည့် အရေးယူ ဆောင်ရွက်မှုကို ဆိုလိုသည်။ ပရိုဖိုင်ကို ပလက်ဖောင်းမှ ဖယ်ရှားလိုက်မည်ဖြစ်သည်။
အကြောင်းအရာကို ဖယ်ရှားခြင်း - Tinder ၏ အဖွဲ့စည်းမျဉ်းများ သို့မဟုတ် အသုံးပြုမှု စည်းမျဉ်းများကို ဖောက်ဖျက်ကြောင်း တွေ့ရှိရသည့် သုံးစွဲသူ၏ ပရိုဖိုင်မှ သုံးစွဲသူကိုယ်တိုင်ဖန်တီးထုတ်လုပ်ထားသော အကြောင်းအရာကို ဖယ်ရှားသည့် အရေးယူ ဆောင်ရွက်မှုကို ဆိုလိုသည်။ မှတ်ချက်- အကြောင်းအရာ ဖယ်ရှားမှုများ၌ အစဉ်သဖြင့် သတိပေးချက်ပါ တစ်ပါတည်း ပူးတွဲပါရှိမည်ဖြစ်သည်။
ရှင်းလင်းဖော်ပြချက် - စည်းကမ်းဖောက်ဖျက်မှုအတွက် အရေးယူ ဆောင်ရွက်ချက် ချမှတ်ပြီးနောက် ဖြစ်မည့်အရာများကို အသေးစိတ် ထပ်မံရှင်းလင်းဖော်ပြချက်ကို ဆိုလိုသည်။
သက်တမ်းကုန်ပြီး (ဖောက်ဖျက်မှု) - အကောင့်အပေါ် သက်ရောက်မှုရှိသည့် အရေးယူဆောင်ရွက်ချက်ကို လွန်ခဲ့သည့် 6 လနှင့် အထက်က ချမှတ်ခဲ့ခြင်း ဖြစ်သောကြောင့် ဆက်လက်၍ အယူခံမဝင်နိုင်သော စည်းကမ်းဖောက်ဖျက်မှုကို ဆိုလိုသည်။
တိုင်ကြားသူ- စက်ဖြင့် အော်တိုစစ်ဆေးသည့် စနစ်များ - အရေးယူဆောင်ရွက်ချက် မချမှတ်မီ စက်ဖြင့် အော်တိုစစ်ဆေးသည့် တူးလ်များအသုံးပြု၍ ဤအမှုကိစ္စကို ရှာဖွေတွေ့ရှိထားကြောင်း ဆိုလိုသည်။
တိုင်ကြားသူ- ရီပို့(တ်)များ - အရေးယူဆောင်ရွက်ချက် မချမှတ်မီ အခြား သုံးစွဲသူများက သို့မဟုတ် ပြင်ပအဖွဲ့အစည်းများက တင်သွင်းသည့် ရီပို့(တ်)များမှတစ်ဆင့် ဤအမှုကိစ္စကို ရှာဖွေတွေ့ရှိထားကြောင်း ဆိုလိုသည်။
တိုင်ကြားသူ- Tinder က ရှေ့ပြေးဆောင်ရွက်သည့် စိစစ်သုံးသပ်မှု - ပုံမှန် လုပ်ငန်းလည်ပတ်ဆောင်ရွက်နေစဉ် အမှုကိစ္စကို ရှာဖွေတွေ့ရှိခဲ့ပြီး အရေးယူဆောင်ရွက်ချက် မချမှတ်မီ စိစစ်သုံးသပ်ခဲ့ကြောင်း ဆိုလိုသည်။
နောက်ဆုံး အပ်ဒိတ်လုပ်ခဲ့ချိန် - စည်းကမ်းဖောက်ဖျက်မှုတစ်ရပ်နှင့် ပတ်သက်၍ နောက်ဆုံးအချိန် အပြောင်းအလဲလုပ်ခဲ့သည့် ရက်စွဲကို ဆိုလိုသည်။ စည်းကမ်းဖောက်ဖျက်မှုကို အယူခံဝင်ထားပြီး ဖြစ်သော်လည်း ယခုထိ စီမံဆောင်ရွက်ရသေးခြင်း မရှိပါက ထိုရက်စွဲသည် အယူခံဝင်ချက် တင်သွင်းခဲ့သော ရက်စွဲ ဖြစ်နေပါမည်။ စီမံဆောင်ရွက်ပြီးသည်နှင့် ထိုရက်စွဲသည် အယူခံဝင်မှု စိစစ်သုံးသပ်ချက်ကို ပြီးစီးအောင် ဆောင်ရွက်ခဲ့သော ရက်စွဲသို့ ပြောင်းသွားပါမည်။
ရလဒ် - အယူခံဝင်မှုကို စီမံဆောင်ရွက်ပြီးသည့် ရလဒ်ကို ဆိုလိုသည်။
စိစစ်သုံးသပ်သူ- စက်ဖြင့်အော်တိုစစ်ဆေးသည့် စနစ် - စည်းကမ်းဖောက်ဖျက်မှုကို စက်ဖြင့် အော်တိုစစ်ဆေးသည့် တူးလ်များဖြင့် စစ်ဆေးခဲ့ပြီး လူသားစောင့်ကြည့်သူများ မပါဝင်ဘဲ ဆုံးဖြတ်ချက်ချမှတ်ထားကြောင်း ဆိုလိုသည်။
ဆိုင်းငံ့ခြင်း - သုံးစွဲသူအနေဖြင့် အကောင့်တွင်း ဝင်ရောက်သုံးစွဲမှုကို ယာယီကန့်သတ်ခံရနိုင်သည့် စည်းကမ်းဖောက်ဖျက်မှုတစ်ရပ်ကို ကျူးလွန်ထားကြောင်း အတည်ပြုပြီးနောက် ဆောင်ရွက်သည့် အရေးယူမှုကို ဆိုလိုသည်။ ဤကာလအတွင်း အကောင့်ကို ပလက်ဖောင်းမှတစ်ဆင့် ဝင်ရောက်သုံးစွဲနိုင်မည် မဟုတ်ပါ။ ဆိုင်းငံ့ကာလ ပြည့်သွားချိန်တွင် ထပ်ဆောင်း ဖောက်ဖျက်မှုများကို ကျူးလွန်ထားခြင်းမရှိပါက အကောင့်ကို မူလအတိုင်း အလိုအလျောက် ပြန်ဖွင့်ပေးသွားမည်ဖြစ်ပါသည်။
ဖောက်ဖျက်မှုများ - Tinder ၏ အဖွဲ့စည်းမျဉ်းများ သို့မဟုတ် အသုံးပြုမှု စည်းမျဉ်းများနှင့် မကိုက်ညီသော အကြောင်းအရာကို တင်ခြင်း သို့မဟုတ် ပြုမူဆက်ဆံပုံကို လုပ်ဆောင်ခြင်းကို ဆိုလိုသည်။
ဖောက်ဖျက်မှု အမျိုးအစား - ဖောက်ဖျက်ခဲ့သည့် မူဝါဒ၏ အမည်ကို ဆိုလိုသည်။
သတိပေးခြင်း - ပြုမူဆက်ဆံပုံနှင့် ပတ်သက်၍ သုံးစွဲသူအနေဖြင့် သတိပေးခံရနိုင်သည့် ဖောက်ဖျက်မှုတစ်ရပ်ကို ကျူးလွန်ကြောင်း အတည်ပြုပြီးနောက် ဆောင်ရွက်သည့် အရေးယူမှုကို ဆိုလိုသည်။ တူညီသော ဖောက်ဖျက်မှု အမျိုးအစားနှင့် ပတ်သက်၍ အကြိမ်ရေများစွာ သတိပေးခံရလျှင် အကောင့် ဆိုင်းငံ့ခံရခြင်း သို့မဟုတ် ပိတ်ခံရခြင်း ဖြစ်စေနိုင်သည်ကို သတိပြုပါ။ အကြောင်းအရာ ဖယ်ရှားမှုများတွင် သတိပေးချက်များပါ တစ်ပါတည်း ပူးတွဲပါရှိပါမည်။