Tinder က သင့်အကောင့်ကို ဆိုင်းငံ့လိုက်လျှင် အီးမေးလ်တစ်စောင် လက်ခံရရှိမည်ဖြစ်ပြီး အကောင့်ဝင်ရန် သင်ကြိုးစားချိန်၌ အသိပေးချက်ကို မြင်တွေ့ရပါမည်။ သင့်အကောင့် ဆိုင်းငံ့ခံရပါက 6 လအကြာတွင် Tinder ကို ပြန်လည် အသုံးပြုနိုင်ပါမည်။
iPhone သို့မဟုတ် Android စက်သုံး၍ ဝန်ဆောင်မှု ပုံမှန်ရယူခဲ့ပါက ဝန်ဆောင်မှု ပုံမှန်ရယူမှုကို သင်ကိုယ်တိုင် ပယ်ဖျက်ရန် လိုအပ်ပါမည်။ နောက်ထပ် အချက်အလက်များကို ဤနေရာတွင် ကြည့်နိုင်ပါသည်။
ကျွန်ုပ်တို့၏ အဖွဲ့စည်းမျဉ်းများ သို့မဟုတ် အသုံးပြုမှုစည်းမျဉ်းများကို ဖောက်ဖျက်ကြောင်း တွေ့ရှိရသည့် အကောင့်များကို ဆိုင်းငံ့သွားမည် ဖြစ်ပါသည်။ သင့်အကောင့်ကို မှားယွင်း၍ အရေးယူအပြစ်ပေးခံရသည်ဟု ယုံကြည်ပါက အယူခံစင်တာမှတစ်ဆင့် အယူခံဝင်နိုင်ပါသည်။ Tinder ၏ အယူခံဝင်ခြင်း လုပ်ငန်းစဉ်နှင့် ပတ်သက်သော ထပ်ဆောင်းအချက်အလက်များကို ကျွန်ုပ်တို့၏ အကူအညီပေးရေးစင်တာတွင် ရှာဖွေကြည့်ရှုနိုင်ပါသည်။