Tinder က သင့်အကောင့်ကို ပိတ်လိုက်လျှင် အီးမေးလ် လက်ခံရရှိမည်ဖြစ်ပြီး သင် အကောင့်ဝင်ရန် ကြိုးစားချိန်၌ အသိပေးချက်ကို မြင်တွေ့ရပါမည်။ အကောင့် ပိတ်ခံရပါက သင့်အနေဖြင့် Tinder ကို ဆက်လက်အသုံးပြုနိုင်မည်မဟုတ်သကဲ့သို့ အကောင့်အသစ်များလည်း ဖွင့်နိုင်မည် မဟုတ်ပါ။
iPhone သို့မဟုတ် Android စက်သုံး၍ ဝန်ဆောင်မှု ပုံမှန်ရယူထားပါက ဝန်ဆောင်မှု ပုံမှန်ရယူမှုကို သင်ကိုယ်တိုင် ပယ်ဖျက်ရန် လိုအပ်ပါမည်။ နောက်ထပ် အချက်အလက်များကို ဤနေရာတွင် ကြည့်နိုင်ပါသည်။
ကျွန်ုပ်တို့၏ အဖွဲ့စည်းမျဉ်းများ သို့မဟုတ် အသုံးပြုမှုစည်းမျဉ်းများကို ဖောက်ဖျက်ကြောင်း တွေ့ရှိရသည့် အကောင့်များကို ပိတ်မည်ဖြစ်ပါသည် သင့်အကောင့်ကို မှားပိတ်လိုက်သည်ဟု ယုံကြည်ပါက အယူခံစင်တာမှတစ်ဆင့် အယူခံဝင်နိုင်ပါသည်။ အယူခံတင်သွင်းခြင်းနှင့် ပတ်သက်၍ အကူအညီ ပိုမိုလိုအပ်ပါက စည်းကမ်းဖောက်ဖျက်မှုအတွက် အယူခံဝင်ခြင်း ဆောင်းပါးကို ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။