လေ့လာရန် လုပ်ဆောင်ချက်သည် ကမ္ဘာအနှံ့ရှိ Android နှင့် iOS သုံးစွဲသူများ ရရှိနိုင်သော အတွေ့အကြုံ စုစည်းမှု ဖြစ်ပါသည်။ လေ့လာရန် လုပ်ဆောင်ချက်က တူညီသည့် စိတ်ဝင်စားမှုများ သို့မဟုတ် အတွေ့အကြုံများ ရှိသည့် အခြားသုံးစွဲသူများကို ရွေးရန်၊ စုံတွဲ တွဲဖက်ရန် အခွင့်အလမ်းများ ပေးလျက်ရှိပါသည်။
လေ့လာရန် လုပ်ဆောင်ချက်ကို ရယူသုံးစွဲရန်
ဖော်ပြပါ လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ကာ လေ့လာရန် လုပ်ဆောင်ချက်ကို ရယူသုံးစွဲနိုင်ပါသည်။ ဤသည်မှာ Android နှင့် iOS နှစ်ခုလုံးအတွက် သက်ဆိုင်ပါသည်-
- Tinder အက်ပ်ကို ဖွင့်ပါ
- အောက်ဘက် လမ်းညွှန်ဘားရှိ လေ့လာရန် လုပ်ဆောင်ချက် အိုင်ကွန်ကို နှိပ်ပါ
- သင့်ရွေးချယ်မှုပေါ်မူတည်၍ လေ့လာရန် လုပ်ဆောင်ချက်ကို Scroll ဆွဲ၍ ရှာဖွေနိုင်ပါသည်။
လေ့လာရန် လုပ်ဆောင်ချက်ကို အသုံးပြုခြင်း
လေ့လာရေးတက်ဘ်ကို နှိပ်လိုက်သည်နှင့် သင့်အတွက် ရရှိနိုင်မည့် အတွေ့အကြုံများနှင့် စိတ်တူကိုယ်တူအုပ်စုများကို တွေ့ရပါမည်။ လေ့လာရန် လုပ်ဆောင်ချက်က စိတ်ပါဝင်စားမှုများ (အစားအသောက်၊ တေးဂီတ စသည်ဖြင့်) မှ တစ်မူထူးခြားသည့် လုပ်ဆောင်ချက်များအထိ အတွေ့အကြုံမျိုးစုံကို ဖန်တီးပေးပါသည်။ ရာသီအလိုက် သို့မဟုတ် ပွဲတော်အလိုက် စိတ်တူကိုယ်တူအုပ်စုများကိုလည်း ရှာဖွေနိုင်ပါသည်။
သတိပြုရန်- အချို့သော စိတ်တူကိုယ်တူအုပ်စုများသည် နေရာဒေသ သို့မဟုတ် အချိန်ပေါ်မူတည်၍ ပြောင်းလဲနိုင်ပါသည်။
လေ့လာရန် လုပ်ဆောင်ချက်တွင် အတွေ့အကြုံနှင့် ကိုက်ညီအောင် ရွေးချယ်ထားသည့် သုံးစွဲသူများကို ပြသပေးပြီး ရွေးချယ်နိုင်မှုနှင့် စုံတွဲ တွဲဖက်မှုသည် ရှာဖွေတွေ့ရှိမှု လုပ်ဆောင်ချက်တွင် လုပ်ဆောင်သည့်အတိုင်း အလုပ်လုပ်ပါသည်။