Tinder ရှိ အခြားသုံးစွဲသူများနှင့် သင့်အကြား ဘုံအဆက်အသွယ် ရှိ၊ မရှိ သိရရန် ဘုံမိတ်ဆွေ လုပ်ဆောင်ချက်ကို သုံးပါ။
မှတ်ချက်- ဘုံမိတ်ဆွေ လုပ်ဆောင်ချက်ကို ရွေးချယ်ထားသော ဈေးကွက်အတွင်းရှိ Android နှင့် iOS သုံးစွဲသူများက ရယူအသုံးပြုနိုင်ပါသည်။
ဤလုပ်ဆောင်ချက် အလုပ်လုပ်ပုံ
Tinder ရှိ အခြားသုံးစွဲသူတစ်ဦးနှင့် သင့်အကြား ဘုံအဆက်အသွယ်များ ရှိ၊ မရှိ သိရရန် သင်၏ အဆက်အသွယ်စာရင်းကို ထည့်သွင်းပြီးနောက်တွင် တစ်ဖက်လူကလည်း ဘုံမိတ်ဆွေလုပ်ဆောင်ချက်ကို ဖွင့်ထားပါက ၎င်းတို့၏ ပရိုဖိုင်ပေါ်တွင် သင်တို့နှစ်ဦးကြားရှိသော ဘုံအဆက်အသွယ်ဦးရေကို မြင်တွေ့ရပါမည်။ ဘုံအဆက်အသွယ် အမည်များကို တွေ့ရမည် မဟုတ်ဘဲ — ဘုံအဆက်အသွယ်ဦးရေကိုသာ တွေ့ရပါမည်။
ဥပမာ-
- သုံးစွဲသူ A ၏ အဆက်အသွယ်စာရင်း၌ သုံးစွဲသူ B ရှိပြီး
- သုံးစွဲသူ C ၏ အဆက်အသွယ်စာရင်း၌လည်း သုံးစွဲသူ B ရှိနေပါက
- သုံးစွဲသူ B သည် သုံးစွဲသူ A နှင့် သုံးစွဲသူ C အကြား တစ်ဦးတည်းသော ဘုံအဆက်အသွယ် ဖြစ်ပါမည်
- ထို့နောက်- သုံးစွဲသူ A နှင့် သုံးစွဲသူ C သည် Tinder တွင် တစ်ဦးကို တစ်ဦး တွေ့ရချိန်၌ ၎င်းတို့အကြား ဘုံအဆက်အသွယ် 1 ဦး ရှိကြောင်း တွေ့မြင်ရပါမည်။ သို့သော် ထိုဘုံအဆက်အသွယ်မှာ သုံးစွဲသူ B ဖြစ်ကြောင်း မြင်တွေ့ရမည် မဟုတ်ပါ။
ယခုဖော်ပြထားသော အခြေအနေ၌ သင်သည်လည်း သုံးစွဲသူ B ဖြစ်နိုင်ကြောင်း အမှတ်ရစေလိုပါသည်။ သင်သည် Tinder သုံးစွဲသူ 2 ဦးအကြား ဘုံအဆက်အသွယ် ဖြစ်နေပါက သင့်ကို ဘုံမိတ်ဆွေဦးရေ၌ ထည့်သွင်းဖော်ပြနိုင်သော်လည်း ထိုသုံးစွဲသူများက သင်ဖြစ်ကြောင်း မြင်တွေ့ရမည် မဟုတ်ပါ။
Tinder တွင် သင် မမြင်တွေ့လိုသော သို့မဟုတ် သင့်ကို မမြင်တွေ့စေလိုသော ဘုံအဆက်အသွယ် ရှိပါက ဤလုပ်ဆောင်ချက် မသုံးမီ အဆက်အသွယ်များကို ဘလော့ခ်လုပ်ထားနိုင်ပါသည်။
ဘုံမိတ်ဆွေကို မည်သို့ တွေ့နိုင်မည်နည်း။
ဘုံမိတ်ဆွေ လုပ်ဆောင်ချက် ရယူသုံးစွဲခွင့်ရှိပြီးပါက ဖော်ပြပါအဆင့်များအတိုင်း လုပ်ဆောင်နိုင်ပါသည်-
- Tinder အက်ပ်ကို ဖွင့်ပါ
-
ပရိုဖိုင် အိုင်ကွန်
ကို နှိပ်ပါ
-
ဆက်တင်
သို့ သွားပါ
- ဘုံမိတ်ဆွေ လုပ်ဆောင်ချက်သို့ Scroll ဆွဲသွားပြီး ဖွင့်ရန် နှိပ်ပါ
- ဘလော့ခ်လုပ်လိုသော အဆက်အသွယ် ရှိပါက ကြိုရွေးပေးပါ
- သင်၏ အဆက်အသွယ်စာရင်းကို ထည့်သွင်းပြီး သတ်မှတ်မှုပြီးမြောက်အောင် ဆောင်ရွက်ပါ
ဘုံမိတ်ဆွေကို မြင်တွေ့လိုသော်လည်း ဘုံမိတ်ဆွေဦးရေတွင် ဖော်ပြခံရခြင်းကို ရှောင်ရှားလိုလျှင် ဖြစ်နိုင်ပါသလား။
ထိုသို့ မရနိုင်ပါ — Tinder သုံးစွဲသူ 2 ဦး၏ အဆက်အသွယ်စာရင်းတွင် သင့်အချက်အလက် ရှိထားပြီး ၎င်းတို့နှစ်ဦးက ဘုံမိတ်ဆွေ လုပ်ဆောင်ချက်ကို ဖွင့်ထားပါက သင့်ကို ဘုံမိတ်ဆွေဦးရေတွင် ထည့်သွင်းဖော်ပြပါမည်။ ဘုံအဆက်အသွယ်၏ အမည်များကို မြင်တွေ့ရမည် မဟုတ်ကြောင်း အမှတ်ရစေလိုပါသည်။
အပ်လုဒ်လုပ်မည့် အဆက်အသွယ်များကို စိတ်ကြိုက်စီမံ၍ ရနိုင်ပါသလား။
သင်၏ အဆက်အသွယ်စာရင်း၌ ဘုံမိတ်ဆွေတွင် ထည့်သွင်းဖော်ပြစေလိုခြင်း မရှိသောသူ ရှိနေပါက ဤလုပ်ဆောင်ချက်ကို စမသုံးမီ ထိုအဆက်အသွယ်ကို ဘလော့ခ်ထားနိုင်ပါသည်။ အထက်တွင် ဖော်ပြထားသော "ဘုံမိတ်ဆွေကို မည်သို့ တွေ့နိုင်မည်နည်း" အောက်ရှိ လုပ်ဆောင်ရန်အဆင့်များအတိုင်း လုပ်ဆောင်ပေးပါ။
ဘုံမိတ်ဆွေ လုပ်ဆောင်ချက်ကို ပိတ်ထားလျှင် မည်သို့ဖြစ်မည်နည်း။
သင်၏ အကောင့်ဆက်တင်၌ ဘုံမိတ်ဆွေ လုပ်ဆောင်ချက်ကို ပိတ်ထားလျှင် အခြားသုံးစွဲသူများ၏ ပရိုဖိုင်တွင် ဖော်ပြသည့် ဘုံအဆက်အသွယ်စာရင်းကို မြင်တွေ့ရတော့မည် မဟုတ်သကဲ့သို့ သင်ထည့်သွင်းထားသော အဆက်အသွယ်စာရင်းမှန်သမျှကိုလည်း ဖျက်သွားပါမည်။ ဘုံမိတ်ဆွေ လုပ်ဆောင်ချက်ကို Tinder ဆက်တင်တွင် အချိန်မရွေး ပိတ်နိုင်ပါသည်။
Tinder က ကျွန်ုပ်၏ အဆက်အသွယ် အချက်အလက်များကို မည်သို့သုံးစွဲပါသနည်း။
ဘုံမိတ်ဆွေ လုပ်ဆောင်ချက်သည် သင့်စက်ရှိ အဆက်အသွယ်စာရင်းကို သုံးစွဲရန် လိုအပ်သော Tinder လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါသည်။ သင့်အဆက်အသွယ်စာရင်းကို ရယူသုံးစွဲခွင့် ပေးလိုက်သည်နှင့် ကျွန်ုပ်တို့က သင့်အဆက်အသွယ်စာရင်းမှ ဖုန်းနံပါတ် အချက်အလက်များကို စုဆောင်းပြီး လုံခြုံစွာ သိမ်းဆည်းပါသည်။ ထည့်သွင်းပြီး အဆက်အသွယ်များအတွက်မူ ထိုအဆက်အသွယ်များသည် ဘုံမိတ်ဆွေ လုပ်ဆောင်ချက်ကို ဖွင့်ထားသော Tinder သုံးစွဲသူများ ဟုတ်၊ မဟုတ် စစ်ဆေးပေးပါသည်။ ဘုံမိတ်ဆွေ လုပ်ဆောင်ချက်ကို ဖွင့်ထားသော အခြားသုံးစွဲသူများနှင့် သင့်အကြားရှိ ဘုံအဆက်အသွယ်ဦးရေ စုစုပေါင်းကို ဖော်ပြပေးနိုင်ရန် ဤလုပ်ဆောင်ချက်က လုပ်ဆောင်ပေးပါသည်။ သင်ထည့်သွင်းထားသော အဆက်အသွယ်ကို Tinder သုံးစွဲသူဟု ဖော်ပြခြင်း မရှိပါက ၎င်းတို့၏ အချက်အလက်များကို အောက်ရှိ "Tinder မသုံးစွဲသော အဆက်အသွယ်များနှင့် ပတ်သက်သည့် အချက်အလက်များ" တွင် ရှင်းလင်းဖော်ပြထားသည့်အတိုင်း စီမံခန့်ခွဲပါသည်။
Tinder သုံးစွဲသူတစ်ဦးအနေဖြင့် သင်သည် အဆက်အသွယ်များကို ဘလော့ခ်ရန် လုပ်ဆောင်ချက်ကို သုံးကာ Tinder ကို အဆက်အသွယ်စာရင်း ရယူသုံးစွဲခွင့် ပေးထားခြင်းမျိုး ရှိနိုင်ပါသည်။ ဤကိုယ်ရေးဒေတာကို Tinder က သုံးစွဲပုံနှင့် ပတ်သက်၍ မေးမြန်းလိုသည်များ ရှိပါက ကျွန်ုပ်တို့၏ လုံခြုံရေးမူဝါဒကို ပြန်လည်ဖတ်ရှုပေးပါ။
Tinder မသုံးစွဲသော အဆက်အသွယ်များနှင့် ပတ်သက်သည့် အချက်အလက်များ-
သင်က Tinder သုံးစွဲသူတစ်ဦး မဟုတ်လျှင်ပင် ကျွန်ုပ်တို့ထံတွင် ရှိနှင့်ပြီးဖြစ်သည့် သုံးစွဲသူ 1 ဦးက သင့်ဖုန်းနံပါတ်ကို ၎င်းတို့အဆက်အသွယ်စာရင်း၌ မှတ်သားထားပြီး Tinder ရှိ ဘုံမိတ်ဆွေကို သိရရန် အဆက်အသွယ်စာရင်းကို အပ်လုဒ်လုပ်လိုက်ပါက သင်၏ ဖုန်းနံပါတ်ကို ကျွန်ုပ်တို့ စီမံဆောင်ရွက်နိုင်ပါသည်။
Tinder သုံးစွဲသူတစ်ဦးက သင့်ဖုန်းနံပါတ်ကို Tinder တွင် အပ်လုဒ်လုပ်လိုက်ချိန်၌ ထိုနံပါတ်ကို ကျွန်ုပ်တို့က ဖတ်ရှု၍ သို့မဟုတ် ပြန်ဖော်၍ မရနိုင်သော ခရစ်ပ်တိုဂရပ်ဖစ်ဟက်ရှ်အဖြစ်သို့ ပြောင်းလဲပေးလိုက်ပါသည်။ သုံးစွဲသူ၏ စက်ရှိ ဖုန်းနံပါတ်တွင် ပါရှိသော အမည်ကို စုဆောင်းခြင်း မပြုပါ။ သိမ်းဆည်းထားသော ဟက်ရှ်များကို ဘုံမိတ်ဆွေ လုပ်ဆောင်ချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ဘုံအဆက်အသွယ်ဦးရေ ပြသပေးသည့် ရည်ရွယ်ချက်မှအပ အခြားမည်သည့်ရည်ရွယ်ချက်အတွက်မျှ အသုံးမပြုပါ။
သင်သည် Tinder သုံးစွဲသူတစ်ဦးမဟုတ်သည့်အပြင် ဘုံမိတ်ဆွေလုပ်ဆောင်ချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် Tinder သုံးစွဲသူတစ်ဦးဦးက သင့်ဖုန်းနံပါတ်ကို သုံးစွဲစေလိုခြင်း မရှိပါက သင့်နံပါတ်ကို ဘလော့ခ်စာရင်းတွင် ထည့်သွင်းထားပေးရန် ကျွန်ုပ်တို့ထံ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။
သုံးစွဲသူ မဟုတ်သူများ၏ ဒေတာများကို ကျွန်ုပ်တို့ စီမံဆောင်ရွက်ပုံနှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက ဤဖော်ပြချက်ကို ဖတ်ရှုပေးပါ။