အလိုက်ဖက်ဆုံး လုပ်ဆောင်ချက်ဆိုသည်မှာ သင် စကားပြောကြည့်ချင်လောက်မည့်သူကို Highlight လုပ် ဖော်ပြပေးမည့် သင်နှင့်ကိုက်ညီမှုရှိသည့် အကြံပြုချက် ဖြစ်ပါသည်။ အလိုက်ဖက်ဆုံး လုပ်ဆောင်ချက်ကို ရွေးချယ်ထားသော ဈေးကွက်များရှိ Android နှင့် iOS သုံးစွဲသူများက ရယူအသုံးပြုနိုင်ပါသည်။
အလိုက်ဖက်ဆုံး လုပ်ဆောင်ချက်ကို ရယူအသုံးပြုခြင်း
အခြားသုံးစွဲသူများထဲမှ သင် ရွေးချယ်လောက်မည့်သူများကို သင်၏ ရှာဖွေတွေ့ရှိမှု စာမျက်နှာတွင် အလိုက်ဖက်ဆုံး အကြံပြုချက်များအဖြစ် ပေါ်လာပါမည်။ အကြံပြုချက်များသည် "အလိုက်ဖက်ဆုံး" စာတန်းဖြင့် ပေါ်လာမည် ဖြစ်ပြီး အခြားပရိုဖိုင်များကဲ့သို့ပင် သင့်အနေဖြင့် အပြန်အလှန်ဆက်သွယ်နိုင်ပါသည်။
အခြားသူထံတွင် သင့်ပရိုဖိုင်ကို အလိုက်ဖက်ဆုံးအဖြစ် ပြသပါက စုံတွဲ တွဲဖက်ရန် အလားအလာများသည်ဟု ဆိုလိုခြင်းဖြစ်ပြီး ထိုသူတို့သည် သင့်ကို မြင်နိုင်မည်ဖြစ်သည်။ အချိန်တစ်ခု ကြာပြီးနောက် အကြံပြုချက်များ သက်တမ်းကုန်သွားမည် ဖြစ်သဖြင့် လက်သွက်ရန် လိုပါမည်။