ရှာဖွေရေးဆိုသည်မှာ သုံးစွဲသူများ သဘောကျသည့် လူပုဂ္ဂိုလ်မျိုးကို နည်းလမ်းသစ်များဖြင့် ရှာဖွေနိုင်ရန် အကူအညီဖြစ်စေသည့် စမ်းသပ်ဆဲ လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါသည်။ ရှာဖွေရေး လုပ်ဆောင်ချက်ကို ရွေးချယ်ထားသော ဈေးကွက်အတွင်းရှိ iOS သုံးစွဲသူများက ရယူအသုံးပြုနိုင်ပါသည်။
ရှာဖွေရေး လုပ်ဆောင်ချက်ကို ရယူအသုံးပြုခြင်း
ရှာဖွေရေး လုပ်ဆောင်ချက်ကို သင် သုံး၍ ရပါက ဖော်ပြပါ လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်နိုင်ပါသည်-
- Tinder ကို ဖွင့်ပါ
- ရှာဖွေတွေ့ရှိမှု တက်ဘ်ကို နှိပ်ပါ။
- သင့်ဖန်သားပြင်၏ ဘယ်ဘက်ထိပ်ထောင့်ရှိ မှန်ဘီလူးပုံ အိုင်ကွန်ကို နှိပ်ပါ။
- သင့်သဘောကျသည့်အတိုင်း ရှာကြည့်ပါ။
ရှာဖွေရေး လုပ်ဆောင်ချက်ကို အသုံးပြုခြင်း
ရှာဖွေရေး လုပ်ဆောင်ချက်က သင် သဘောကျသည့် လူပုဂ္ဂိုလ်မျိုးကို ရှာဖွေရာတွင် အကူအညီဖြစ်စေသည့် အသုံးအနှုန်းများဖြင့် ရှာဖွေနိုင်စေပါသည်။ ရှာဖွေချိတ်ဆက်ရန် အသင့်ဖြစ်ပါပြီလား။ သင် သဘောကျသည့်ပုံစံကို ရှာကြည့်လိုက်ပါ။ ဂီတချစ်သူများ၊ အိမ်မွေးတိရစ္ဆာန်ချစ်သူများ၊ ကမ္ဘာအနှံ့ ခရီးသွားရသည်ကို နှစ်သက်သူများစသည့် စိတ်ဝင်စားမှုချင်း တူညီသည့် သုံးစွဲသူများ သို့မဟုတ် အကြိုက်ချင်း နီးစပ်သည့် သုံးစွဲသူများကို ရှာရန် ရှာဖွေရေး လုပ်ဆောင်ချက်ကို သုံးနိုင်ပါသည်။ အားကစား၊ လှုပ်ရှားမှု၊ အနုပညာရှင် သို့မဟုတ် တေးဂီတပညာရှင်စသည့် နှစ်ဦးကြားရှိ အမျိုးမျိုးသော အရာအားလုံး (နီးပါး) ကို အခြေခံကာ သင် သဘောကျသည့်ပုံစံကို ရှာဖွေနိုင်ရန် ရှာဖွေရေး လုပ်ဆောင်ချက်က ကူညီပေးနိုင်ပါသည်။
လူတစ်ဦးတည်းကို သီးသန့် ရှာဖွေရန်အတွက် ရှာဖွေရေး လုပ်ဆောင်ချက်ကို ရေးဆွဲဖန်တီးခြင်း မဟုတ်ပါ။ တစ်စုံတစ်ဦး၏ အမည်၊ အသက်၊ ဆိုရှယ်မီဒီယာသုံး အမည်များကို သုံး၍ ရှာဖွေခြင်း သို့မဟုတ် လူမျိုး၊ နိုင်ငံသား၊ ကိုးကွယ်သည့်ဘာသာစသည့် အချက်များကို အခြေခံ၍ ရှာဖွေကြည့်ခြင်းမျိုးတို့အတွက် ရလဒ်များ ပေးနိုင်မည် မဟုတ်ပါ*။ ကွင်းကွင်းကွက်ကွက် မြင်သာစေသော စကားလုံးများ ပါဝင်သော သို့မဟုတ် တရားမဝင် လှုပ်ရှားမှုများကို ရည်ညွှန်းသော ရှာဖွေမှုများကိုလည်း လုပ်ဆောင်ခွင့်မပြုပါ။
*သတိပြုရန်- သတ်မှတ် အသက်အရွယ်၊ ကိုးကွယ်သည့်ဘာသာနှင့် အခြားအချက်များနှင့် ကိုက်ညီသည့် သုံးစွဲသူများကို ရှာဖွေနိုင်ရန် အထောက်အကူဖြစ်စေသည့် စစ်ထုတ်မှုများနှင့် စိတ်ကြိုက်သတ်မှတ်ချက်များကဲ့သို့သော ရှာဖွေတွေ့ရှိမှု ဆက်တင်များနှင့် အခြားလုပ်ဆောင်ချက်များကိုမူ ပံ့ပိုးပေးထားပါသည်။
ရှာဖွေရေး လုပ်ဆောင်ချက် အလုပ်လုပ်ပုံ
အခြားသူများ ရှာဖွေနေသည့် အချက်များနှင့် အကောင်းဆုံး ကိုက်ညီမှု ရှိ၊ မရှိ သိနိုင်ရန် ရှာဖွေရေး လုပ်ဆောင်ချက်က သင့်ဓာတ်ပုံ၊ သင့်ကိုယ်ရေးအကျဉ်းရှိ အသေးစိတ်အချက်များနှင့် သင့်ပရိုဖိုင်ရှိ အခြားအရာများကဲ့သို့သော သင့်ပရိုဖိုင်တွင် ဝေမျှထားသော အချက်အလက်များကို သုံးပါသည်။ သုံးစွဲသူ၏ စိတ်ဝင်စားမှုများ၊ ဘဝနေထိုင်မှုပုံစံနှင့် စိတ်ခံစားချက်တို့ကို အဓိကထားပါသည် – ရုပ်ပိုင်းဆိုင်ရာ ပုံပန်းသွင်ပြင်ကို အဓိကမထားပါ။
ကျွန်ုပ်တို့၏ သုံးစွဲသူအသိုက်အဝန်းသည် လူတိုင်းအတွက် ဘေးကင်းလုံခြုံပြီး အားလုံးအကျုံးဝင်သည့် ရပ်ဝန်းတစ်ရပ် ဖြစ်နေစေရန် ရှာဖွေရေး လုပ်ဆောင်ချက်က အရေးပါသည့် စည်းမျဉ်းအချို့ကို လိုက်နာထားပါသည်-
စိတ်ဝင်စားမှုများနှင့် ဘဝနေထိုင်မှုပုံစံကို အခြေခံကာ စုံတွဲ ရှာဖွေနိုင်ရန်အတွက် ရှာဖွေရေး လုပ်ဆောင်ချက်ကို ပိုမိုအကျိုးဖြစ်ထွန်းစေရန် ဆောင်ရွက်ပေးထားပါသည်။ ကျွန်ုပ်တို့၏ ရှာဖွေရေးအင်ဂျင်က သင် နှစ်သက်သည့်အရာများနှင့် ပတ်သက်သည့် သော့ချက်စကားလုံးများဖြင့် ရှာဖွေနိုင်စေသော်လည်း လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ ကိုယ်ခန္ဓာအမျိုးအစား သို့မဟုတ် နိုင်ငံရေး နှီးနွှယ်မှုစသည့် တစ်ကိုယ်ရေဆိုင်ရာ သတိထားကိုင်တွယ်ရမည့် အချက်အလက်များကို အခြေခံသည့် စုံတွဲဖြစ်နိုင်သူများကို ရှာဖွေပေးရန်အတွက် ဖန်တီးရေးဆွဲထားသည့်တူးလ် မဟုတ်ပါ။ ရုပ်ပိုင်းဆိုင်ရာ အင်္ဂါရပ်များထက် လူကိုသာ အဓိကထား လေ့လာကြည့်ပါက သင့်အတွက် အကောင်းဆုံး ဆက်ဆံရေးများ ရရှိလာမည်ဟု ကျွန်ုပ်တို့ ယုံကြည်ထားပါသည်။
အပြန်အလှန် လေးစားမှုရှိသည့် ရပ်ဝန်းတစ်ခုအဖြစ် ထိန်းသိမ်းထားနိုင်ရန်အတွက် ရှာဖွေရေး လုပ်ဆောင်ချက်က သတိထားကိုင်တွယ်ရမည့် အချက်အလက်များ သို့မဟုတ် Tinder တွင် ခွင့်မပြုထားသည့် အရာများကို ရှာဖွေလျှင် ရလဒ်များ ပေးသွားမည် မဟုတ်ပါ။ ဖော်ပြပါတို့ကဲ့သို့သော အကြောင်းအရာများလည်း ပါဝင်ပါသည်-
- တရားမဝင်သည့် အကြောင်းအရာ- အခကြေးငွေဖြင့် လိင်မှုကိစ္စဆောင်ရွက်ခြင်း၊ မူးယစ်ဆေးဖြန့်ဖြူးခြင်း၊ လူကုန်ကူးခြင်းတို့နှင့် ပတ်သက်သည့် သော့ချက်စကားလုံးများ။
- အနှောင့်အယှက်ဖြစ်စေနိုင်သည့် အကြောင်းအရာ- အမုန်းစကားများ၊ အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ ကွက်ကွက်ကွင်းကွင်း မြင်သာစေမှုတို့ ပါဝင်သည့် သော့ချက်စကားလုံးများ။
- ဘေးကင်းလုံခြုံရေးဆိုင်ရာ အသုံးအနှုန်းများ- မိမိကိုယ်မိမိ ထိခိုက်စေမှု သို့မဟုတ် အသက်မပြည့်သေးသူများအား အမြတ်ထုတ်မှု စသည်တို့နှင့် ပတ်သက်သည့် ရှာဖွေမှုများ။
- ပုံသေသတ်မှတ်ထားသည့် ဝိသေသလက္ခဏာ- လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ ကိုယ်ခန္ဓာအမျိုးအစား၊ နိုင်ငံရေး နှီးနွှယ်မှု၊ အရပ်အမြင့်၊ မျက်လုံးအရောင်၊ ဆံပင်အရောင်
ရှာဖွေလိုက်သည့် အသုံးအနှုန်းကို မပံ့ပိုးပေးပါက ထိုရှာဖွေမှုကို ခွင့်မပြုထားကြောင်း သတိပေးချက်ကို မြင်ရပါမည်။
ကျွန်ုပ်တို့ သုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက် လုံခြုံရေးကို ကာကွယ်ရန်နှင့် ပလက်ဖောင်းပြင်ပ အနှောင့်အယှက်ပေးခြင်းကို တားဆီးနိုင်ရန်အတွက် ရှာဖွေရေး လုပ်ဆောင်ချက်ကို သုံး၍ လူတစ်ဦးဦး၏ အမည် သို့မဟုတ် ဆိုရှယ်မီဒီယာသုံး အမည်များဖြင့် ရှာဖွေနိုင်မည် မဟုတ်ပါ။
လုံခြုံရေးနှင့် ဘေးကင်းရေး
Tinder သုံးစွဲသူအတွေ့အကြုံနှင့်စပ်လျဉ်းသမျှ ကိစ္စရပ်အားလုံးတွင် ကျွန်ုပ်တို့၏ သုံးစွဲသူ လုံခြုံရေးနှင့် ဘေးကင်းရေးသည်သာ ဦးစားပေး ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ အဖွဲ့စည်းမျဉ်းများကို ချိုးဖောက်သော ရှာဖွေမှုများကို လုပ်ဆောင်ပေးရန်အတွက် ရှာဖွေရေး လုပ်ဆောင်ချက်ကို ရေးဆွဲဖန်တီးထားခြင်း မဟုတ်ပါ။ သင့်ပရိုဖိုင်ကို အခြားသုံးစွဲသူ၏ ရှာဖွေမှု ရလဒ်များတွင် ပြသသွားနိုင်သော်လည်း အခြားသုံးစွဲသူများအနေဖြင့် သင့်အမည် သို့မဟုတ် ဆိုရှယ်မီဒီယာသုံး အမည်ကို သုံး၍ သင့်ကို ရှာဖွေရန် ရှာဖွေရေး လုပ်ဆောင်ချက်ကို သုံးနိုင်မည် မဟုတ်ပါ။ ထို့အပြင် သင် ဘလော့ခ်ထားသည့် သုံးစွဲသူများက ထိုသူတို့၏ ရှာဖွေမှု ရလဒ်များတွင် သင့်ကို မြင်ရမည် မဟုတ်သကဲ့သို့ သင်သည်လည်း ထိုသူတို့ကို မြင်ရမည် မဟုတ်ပါ။