မဆုံဖြစ်ခဲ့သူများ လုပ်ဆောင်ချက်သည် မကြာသေးမီက လက်တွေ့ဘဝတွင် မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့သူများကို ပြန်လည်ရှာဖွေနိုင်မည့် နည်းလမ်းတစ်ခုဖြစ်သည်။ မဆုံဖြစ်ခဲ့သူများ လုပ်ဆောင်ချက်ကို ရွေးချယ်ထားသော ဈေးကွက်များရှိ Android နှင့် iOS သုံးစွဲသူများက ရယူအသုံးပြုနိုင်ပါသည်။
မဆုံဖြစ်ခဲ့သူများ လုပ်ဆောင်ချက်ကို ရယူသုံးစွဲခြင်း
လွန်ခဲ့သော ရက်သတ္တပတ်အတွင်း မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့သော သုံးစွဲသူများကို Drop အနေဖြင့် စုစည်းကာ တနင်္ဂနွေနေ့တိုင်း သင့်ထံ ပေးပို့သွားပါမည်။ အောက်ပါ လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ခြင်းဖြင့် အဆိုပါ Drop များကို ရှာဖွေနိုင်ပါသည်-
- Tinder ကို ဖွင့်ပါ။
- တူးလ်ဘားပေါ်ရှိ လေ့လာရန် ဟူသော အိုင်ကွန်ကို နှိပ်ပါ။
- လေ့လာရန် မျက်နှာပြင်၏ ထိပ်ပိုင်းတွင် သင့်အတွက် မဆုံဖြစ်ခဲ့သူများ Drop ကို မြင်တွေ့ရပါမည်။
မဆုံဖြစ်ခဲ့သူများ လုပ်ဆောင်ချက်ကို အသုံးမပြုရန် ရွေးချယ်ခြင်းနှင့် ပတ်သက်သည့် ထပ်ဆောင်းအချက်အလက်များကို အောက်ရှိ "မဆုံဖြစ်ခဲ့သူများ လုပ်ဆောင်ချက်က သင့်တည်နေရာ ဒေတာကို အသုံးပြုပုံ" တွင် ဖတ်ရှုနိုင်ပါသည်။
မဆုံဖြစ်ခဲ့သူများ လုပ်ဆောင်ချက်ကို အသုံးပြုခြင်း
အပတ်စဉ် တနင်္ဂနွေနေ့ ဒေသတွင်းအချိန် ည 8 နာရီခန့်တွင် လွန်ခဲ့သော ရက်သတ္တပတ်အတွင်း မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့နိုင်ခြေရှိပြီး သင့်ဦးစားပေးချက်များအရ စိတ်ခံစားချက်ချင်းတူနိုင်ခြေရှိသည့် သုံးစွဲသူများကို စုစည်းအကြံပြုပေးသည့် Drop တစ်ခုကို လက်ခံရရှိပါမည်။ သင့်ပရိုဖိုင်သည်လည်း အခြားသုံးစွဲသူများအတွက် ပြသပေးသည့် Drop တွင် ပေါ်နေနိုင်ပါသည်။ သင်နှင့် အခြားသုံးစွဲသူများ၏ တည်နေရာ ဒေတာကို အသုံးပြု၍ ဤ Drop များကို ဖန်တီးထုတ်လုပ်ပေးသည်ဖြစ်၍ သင့်အား ပြသပေးသော သုံးစွဲသူများသည် လွန်ခဲ့သော ရက်သတ္တပတ်အတွင်း သင့်အနီးအနားတဝိုက်တွင် တစ်ချိန်တည်း ရှိခဲ့ကြသည့် သုံးစွဲသူများဖြစ်သည်ဟု ဆိုလိုပါသည်။
မဆုံဖြစ်ခဲ့သူများ လုပ်ဆောင်ချက်က သင့်တည်နေရာ ဒေတာကို အသုံးပြုပုံ
မဆုံဖြစ်ခဲ့သူများ လုပ်ဆောင်ချက်သည် လွန်ခဲ့သော ရက်သတ္တပတ်အတွင်း သင့်အနီးအနားတစ်ဝိုက်တွင် တစ်ချိန်တည်းရှိခဲ့သူများကို သိရှိနိုင်ရန် သင့်စက်၏ တည်နေရာ ဒေတာကို အသုံးပြုပြီး သင့်အတွက် Drop ကို ဖန်တီးထုတ်လုပ်ပေးပါသည်။ လွန်ခဲ့သော ရက်သတ္တပတ်အတွင်း သင်နှင့် အခြား Tinder သုံးစွဲသူတစ်ဦး အနီးအနားတွင် တစ်ချိန်တည်း အတူရှိနေခြင်း ရှိမရှိ သိရှိရရန် သင့်စက်တည်နေရာကို ကျွန်ုပ်တို့ အသုံးပြုပါသည် - ထိုသုံးစွဲသူများကို သင့်အတွက် အပတ်စဉ် Drop တွင် ထည့်သွင်းအကြံပြုသွားနိုင်ပါသည်။ သင်တို့နှစ်ဦး မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့သည့် နေ့ရက်နှင့် အချိန်ကို Drop များတွင် ပြသသွားမည် မဟုတ်ပါ။ မဆုံဖြစ်ခဲ့သူများ လုပ်ဆောင်ချက်၏ Drop များကို ကံအကြောင်းသင့်၍ ပြန်ဆုံတွေ့ခွင့်ပေးသည့်အရာဟုသာ ခံစားရစေလိုပြီး သုံးစွဲသူများ၏ တစ်နေ့တာ လုပ်ရိုးလုပ်စဉ်များ၊ လိပ်စာများ သို့မဟုတ် အချိန်ဇယားများကို ဖော်ပြရန်အတွက် မရည်ရွယ်ပါ။
Tinder တွင် သင်တွေ့မြင်နေကျ အကြံပြုချက်များကဲ့သို့ပင် မဆုံဖြစ်ခဲ့သူများ လုပ်ဆောင်ချက်က သင့်အတွက် Drop များ ဖန်တီးထုတ်လုပ်ပေးနိုင်ရန်အတွက် စက်တည်နေရာဒေတာ မျှဝေခွင့်ကို Tinder ထံ ပေးအပ်ထားရန် လိုအပ်ပါသည်။ အောက်တွင် ရှင်းလင်းဖော်ပြထားသကဲ့သို့ပင် အဆိုပါ ခွင့်ပြုချက်များကို စစ်ဆေးခြင်း သို့မဟုတ် ချိန်ညှိခြင်းဖြစ်စေ၊ မဆုံဖြစ်ခဲ့သူများ လုပ်ဆောင်ချက်ကို လုံးဝ မသုံးရန် ရွေးချယ်ခြင်းဖြစ်စေ လုပ်ဆောင်နိုင်ပါသည်။
စက်တည်နေရာ ဆက်တင်
သင့်စက်ဆက်တင်တွင်း၌ "Tinder" ကို ရှာဖွေပြီး Tinder ထံ ပေးအပ်ထားသော သင့်တည်နေရာ ဒေတာ မျှဝေမှုဆိုင်ရာ ခွင့်ပြုချက်များကို အချိန်မရွေး ကြည့်ရှုစစ်ဆေးပြီး အပ်ဒိတ်လုပ်နိုင်ပါသည်။
- Tinder တွင် တွေ့မြင်နေကျ အကြံပြုချက်များကဲ့သို့ပင် မဆုံဖြစ်ခဲ့သူများ လုပ်ဆောင်ချက်သည် "အက်ပ် သုံးနေစဉ်" တည်နေရာ ရယူသုံးစွဲခွင့်ကို လိုအပ်ပါသည်။
- မိမိနှင့် ကိုက်ညီမှုရှိသည့် Drop များ ပိုမိုရရှိရန် "အမြဲတမ်း" တည်နေရာ ရယူသုံးစွဲခွင့် ဖွင့်ပေးထားရန် ရွေးချယ်နိုင်သော်လည်း မဆုံဖြစ်ခဲ့သူများ လုပ်ဆောင်ချက် အလုပ်လုပ်ရန်အတွက် ၎င်းသည် မဖြစ်မနေ လိုအပ်သည့်အချက် မဟုတ်ပါ။
- တည်နေရာ မျှဝေမှု အားလုံးကို ပိတ်ရန် ရွေးချယ်လိုက်ပါက အကြံပြုချက်များ သို့မဟုတ် မဆုံဖြစ်ခဲ့သူများကို အကြံပြုပြသပေးသည့် Drop များအား သင့်ကို ပြသပေးနိုင်တော့မည် မဟုတ်ပါ။
မဆုံဖြစ်ခဲ့သူများ ဆက်တင်
မဆုံဖြစ်ခဲ့သူများ လုပ်ဆောင်ချက်ကို အသုံးမပြုတော့ရန် အချိန်မရွေး ရွေးချယ်နိုင်ပါသည်။ အသုံးမပြုရန် ရွေးချယ်လိုက်ပါက အပတ်စဉ် Drop များကို လက်ခံရရှိခွင့် သို့မဟုတ် မြင်တွေ့ခွင့် ရှိတော့မည် မဟုတ်သော်လည်း ပုံမှန် အကြံပြုချက်များ သုံးစွဲမှု အတွေ့အကြုံကို ထိခိုက်သက်ရောက်သွားမည် မဟုတ်ပါ။ အသုံးမပြုရန်ဟု ရွေးချယ်ရန်အတွက် အောက်ပါ လမ်းညွှန်ချက်များအတိုင်း လိုက်လံလုပ်ဆောင်ပါ-
- Tinder ကို ဖွင့်ပါ။
- ပရိုဖိုင် တက်ဘ်ကို ဖွင့်ပြီး ဆက်တင် အိုင်ကွန်ကို နှိပ်ပါ။
- မဆုံဖြစ်ခဲ့သူများ ဆက်တင်ကို တွေ့ရသည်အထိ Scroll ဆွဲကြည့်ပါ။
- "မဆုံဖြစ်ခဲ့သူများ Drop တွင် ကျွန်ုပ်ကို ထည့်သွင်းဖော်ပြရန်"ကို ပိတ်ပါ။
မဆုံဖြစ်ခဲ့သူများ လုပ်ဆောင်ချက်ဆိုင်ရာ ကိုယ်ရေးအချက်အလက် လုံခြုံရေးနှင့် ဘေးကင်းလုံခြုံရေး
မဆုံဖြစ်ခဲ့သူများ လုပ်ဆောင်ချက်များကို Tinder ၏ ကျန်လုပ်ဆောင်ချက်များကဲ့သို့ပင် အလားတူ ယုံကြည်မှုတည်ဆောက်ရေးနှင့် ဘေးကင်းလုံခြုံရေး အခြေခံစနစ်အပေါ် အခြေပြု၍ ရေးဆွဲထားပါသည်။ မဆုံဖြစ်ခဲ့သူများ လုပ်ဆောင်ချက်နှင့် ပတ်သက်၍ ကျွန်ုပ်တို့ ဖော်ဆောင်ထားသော ဘေးကင်းလုံခြုံရေး နည်းစနစ်အချို့ကို အောက်တွင် တွေ့ရှိနိုင်ပါသည်-
- သင်တို့နှစ်ဦးနှစ်ဖက်၏ Drop တွင် သင်က ဘလော့ခ်လုပ်ထားသူများ သို့မဟုတ် စုံတွဲဖြုတ်ထားသောများကိုလည်းကောင်း၊ သင့်ကို ဘလော့ခ်လုပ်ထားသူများကိုလည်းကောင်း တွေ့မြင်ရမည် မဟုတ်ပါ။ Tinder မှ ဖယ်ရှားခဲ့သူတိုင်းလည်း အကျုံးဝင်ပါသည်။
- ပြင်ပတွင် မကြာခဏ မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့စေကာမူ Drop များတွင် သင်က အခြားသုံးစွဲသူကိုလည်းကောင်း၊ အခြားသုံးစွဲသူက သင့်ကိုလည်းကောင်း တွေ့မြင်ရနိုင်မည့် အကြိမ်ရေကို ကျွန်ုပ်တို့ ကန့်သတ်ထားပါသည်။ Drop များကို ကံအကြောင်းသင့်၍ ဆုံတွေ့ရသည့်အသွင် ဖန်တီးထားခြင်းဖြစ်၍ လုပ်ဖော်ကိုင်ဖက်များဖြစ်စေ၊ အတန်းဖော်များဖြစ်စေ၊ အိမ်နီးနားချင်းများဖြစ်စေ၊ သင်နှင့် ပုံမှန်တွေ့ဆုံရလေ့ရှိသူတစ်ဦးဦးဖြစ်စေ စသည့်ပုဂ္ဂိုလ်တို့၏ နေ့စဉ် လုပ်ရိုးလုပ်စဉ်များကို ဖော်ပြရန် မရည်ရွယ်ပါ။
- ရီပို့(တ်)လုပ်ခြင်းနှင့် ဘလော့ခ်လုပ်ခြင်းတို့သည် Tinder ၏ အခြားနေရာများကဲ့သို့ပင် အလားတူ အလုပ်လုပ်ပါသည်။ သင့် Drop အတွင်းရှိ ကြိုက်ရာ ပရိုဖိုင်ကို ဖွင့်၍ Ellipsis (အစက်သုံးစက်) ကို နှိပ်ပြီးနောက် ဘလော့ခ်လုပ်ရန် သို့မဟုတ် ရီပို့(တ်)လုပ်ရန်ကို ရွေးချယ်ပါ။
- Drop များသည် သင် သို့မဟုတ် အခြားသုံးစွဲသူများ၏ တည်နေရာ အတိအကျကိုဖြစ်စေ၊ လက်ရှိအချိန် ရောက်ရှိနေသည့် နေရာကိုဖြစ်စေ မည်သည့်အခါမျှ မဖော်ပြပါ။ အချိန်နှင့်တစ်ပြေးညီ အသိပေးချက်များနှင့် "ဤတည်နေရာတွင် သင့်ကို တွေ့ရှိခဲ့သည်" ဟူသော မက်ဆေ့ချ်တို့ကို ပေးပို့ခြင်း မရှိသကဲ့သို့ Drop ကို သုံးရာတွင် သာမန်အသုံးပြုသကဲ့သို့ Like ပေး၍ စုံတွဲဖြစ်ခွင့်သာ တောင်းဆိုနိုင်ပြီး ချက်ချင်း မက်ဆေ့ချ်ပို့ရန်အတွက် အသုံးပြုနိုင်မည် မဟုတ်ပါ။
ဘေးကင်းလုံခြုံမှု မရှိဟု ခံစားရပါက အရင်းအမြစ်များနှင့် လမ်းညွှန်ချက်များကို ဖတ်ရှုရန် ကျွန်ုပ်တို့၏ လုံခြုံရေးစင်တာ တွင် ဝင်ရောက်ကြည့်ရှုပါ။