နက္ခတ်ဗေဒင်စနစ်ကို ရွေးချယ်ထားသော ဈေးကွက်အတွင်းရှိ Android နှင့် iOS သုံးစွဲသူများက ရယူအသုံးပြုနိုင်ပါသည်။
နက္ခတ်ဗေဒင်စနစ် (အနောက်တိုင်း နက္ခတ်ဗေဒင်ကို အခြေခံသည်) က သင့် Star Sign များကဲ့သို့သော အချက်အလက်များကို သုံးပြီး နက္ခတ်ဗေဒင်နည်းအရ သင်နှင့် လိုက်ဖက်သည့် အခြား သုံးစွဲသူများကို ပြသပေးပါသည်။ သင့်နက္ခတ်ဗေဒင်ဆိုင်ရာ အချက်အလက်များ (Moon ၊ Rising နှင့် Sun) တို့ကို ဆုံးဖြတ်ရန် သင် ပံ့ပိုးပေးသည့် အချက်အလက်များကို သုံးပါမည်။ ထို့နောက် သင့်အား အခြားသုံးစွဲသူများ (သင်၏ ရှာဖွေတွေ့ရှိမှုဆက်တင်ကို အခြေခံသည်)၊ ထိုသုံးစွဲသူများ၏ ပရိုဖိုင်တွင် ပြသထားသော အချက်အလက်များ အားလုံးအပြင် သင်နှင့် လိုက်ဖက်ညီမှု အလားအလာ မည်မျှရှိပုံကို ပြသပါမည်။
နက္ခတ်ဗေဒင်စနစ်ကို ဝင်ရောက်ပုံ
နက္ခတ်ဗေဒင်စနစ်ကို သင် ရယူသုံးစွဲနိုင်ပါက သင်၏ ရှာဖွေတွေ့ရှိမှု မျက်နှာပြင်ရှိ “နက္ခတ်ဗေဒင်” ဆေးလုံးပုံစံ ခလုတ်ကို တွေ့ရပါမည်။ သင့်အတွက် ရရှိနိုင်သည့် စနစ်မှာ 1 ခုအထက် ဖြစ်ပါက နက္ခတ်ဗေဒင်စနစ်ကို ရှာရန် စနစ်များကို ရှာရွေးပေးရန် လိုပါမည်။
- Tinder ကို ဖွင့်ပါ
- ရှာဖွေတွေ့ရှိမှု တက်ဘ်ကို နှိပ်ပါ
- နက္ခတ်ဗေဒင်စနစ်သို့ ဝင်ရောက်ရန် “နက္ခတ်ဗေဒင်” ဆေးလုံးပုံစံ ခလုတ်ကို ရှာပြီး နှိပ်ပါ
နက္ခတ်ဗေဒင်စနစ် အသုံးပြုပုံ
ပထမဆုံးအကြိမ် နက္ခတ်ဗေဒင်စနစ်အတွင်း ဝင်ရောက်ချိန်တွင် သင့်နက္ခတ်နေရာကို ဆုံးဖြတ်နိုင်ရန် သင်၏ မွေးဖွားမှုအကြောင်း (မွေးသည့်နေရာနှင့် အချိန်) အချက်အလက်အချို့ကို ဖြည့်ပေးရပါမည်။ အချက်အလက်များ ပိုထည့်လေ တွက်ချက်မှု ပိုတိကျလေ ဖြစ်ပါသည်။ အချို့အချက်အလက်များ (မွေးချိန်ကဲ့သို့) ကို မထည့်ရန် ရွေးချယ်ပါက သင့်နက္ခတ်နေရာကို တိကျစွာ ဆုံးဖြတ်နိုင်မှုအပေါ် သက်ရောက်မှု ရှိနိုင်ကြောင်း သိထားပေးပါ။
သင်၏ အကောင့် ဖန်တီးစဉ်က အချက်အလက်ကို အခြေခံကာ သင့်မွေးနေ့ကို အော်တို ယူသုံးသွားပါမည်။ အကောင့် ဖန်တီးပြီးနောက် မွေးနေ့ကို ပြောင်း၍ မရနိုင်ပါ၊ နောက်ထပ် အချက်အလက်များကို ဤနေရာတွင် ကြည့်နိုင်ပါသည်။
သတိပြုရန်- သင့်မွေးနေ့ အချက်အလက်ကို လျှို့ဝှက်ထားပါသည်။ သင့် Sign များကို တွက်ချက်ရန်အတွက်သာ အသုံးပြုပြီး အခြားသုံးစွဲသူများကို ပြသမည် မဟုတ်ပါ။
သင်၏ နက္ခတ်နေရာကို ရရှိပြီး ဆိုလိုရင်းကို သင် လေ့လာပြီးသည်နှင့် နက္ခတ်ဗေဒင်စနစ်ရှိ အခြားသုံးစွဲသူများနှင့် သင်၏ ကိုက်ညီမှုအကြောင်း အချက်အလက်များကို စတင် တွေ့ရပါမည်။