သင့်ရဲ့ အစစ်မှန်ဆုံးသော ဖြစ်တည်မှုကို မျှဝေဖော်ပြခြင်း
Tinder ၌ အားလုံးအတွက် ဘေးကင်းပြီး အကျုံးဝင်မှုရှိသော ရပ်ဝန်းတစ်ခုကို ဖန်တီးပြီး ထိန်းသိမ်းပေးနိုင်ရန်အတွက် ရည်မှန်းလုပ်ဆောင်လျက် ရှိပါသည်။ ကျွန်ုပ်တို့ ပလက်ဖောင်းအတွင်း တွေ့ကြုံခံစားရသမျှသည် သင့်အတွက် အပြုသဘောဆောင်ရုံမျှသာမက စွမ်းရည်တိုးမြှင့်မှုပါ ဖြစ်ပေါ်နိုင်ရန် နည်းလမ်းသစ်များကို စဉ်ဆက်မပြတ် ရှာဖွေလျက်ရှိပါသည်။ မိမိ၏ စစ်မှန်သော ဖြစ်တည်မှုကို ထုတ်ဖော်ပြသခြင်းအား ထောက်ခံအားပေးသော ရှေ့ပြေးဆောင်ရွက်ချက်များကို ဦးစားပေးဆောင်ရွက်ရန်မှာ ကျွန်ုပ်တို့၏ အဓိကဦးစားပေး ဖြစ်ပါသည်။
ဂျန်ဒါနှင့် လိင်မှုရေးရာကွဲပြားမှု မည်သို့ပင်ရှိစေကာမူ သင့်ကို ဤနေရာမှ ကြိုဆိုပါသည်။ သုံးစွဲသူများအနေဖြင့် မိမိကိုယ်ကို တိတိကျကျနှင့် ယုံကြည်ချက်ရှိရှိ ဖော်ပြနိုင်စေရန်အတွက် ဂျန်ဒါဝိသေသခံယူမှုများနှင့် လိင်စိတ်တိမ်းညွတ်မှု ရွေးချယ်စရာများကို ထပ်မံတိုးချဲ့ထည့်သွင်းပေးရန် လုပ်ဆောင်နေပါသည်။
သတိပြုရန်- သီးသန့်ရွေးချယ်ထားသော ဈေးကွက်များတွင် ဂျန်ဒါနှင့် လိင်စိတ်တိမ်းညွတ်မှု ရွေးချယ်စရာများကို စမ်းသပ်တိုးချဲ့ထားသောကြောင့် သင့်တည်နေရာဒေသပေါ်မူတည်ပြီး သုံးစွဲမှုအတွေ့အကြုံပိုင်း၌ ကွာခြားနိုင်ပါသည်။
ဤအရာက ဘာကြောင့်အရေးကြီးရသလဲ
သုံးစွဲသူများ၏ ဝိသေသခံယူချက်များသည် ရှုပ်ထွေးပြီး ရှုထောင့်ပေါင်းစုံရှိကြောင်းကို ကျွန်ုပ်တို့ အသိအမှတ်ပြုသကဲ့သို့ ကျွန်ုပ်တို့၏ ပလက်ဖောင်း၌ ထိုမတူကွဲပြားမှုကို ထင်ဟပ်ပြသနိုင်ရန်မှာလည်း အရေးကြီးသည်ဟု ယူဆပါသည်။ သင့်ဂျန်ဒါနှင့် လိင်စိတ်တိမ်းညွတ်မှုကို မျှဝေဖော်ပြခြင်းဖြင့် သင်၏ ဘေးကင်းလုံခြုံရေး၊ အဆင်ပြေရေးနှင့် အကျုံးဝင်မှုရှိစွာ ကိုယ်စားပြုခံရနိုင်ရေးတို့ကို ဆောင်ရွက်ပေးရာ၌ အထောက်အကူဖြစ်စေပါသည်။ ထိုသို့မျှဝေပေးခြင်ဖြင့် သင့်အကြောင်းကို ပိုမိုနားလည်စေပြီး သင်နှင့် လိုက်ဖက်သော စုံတွဲဖြစ်နိုင်ခြေရှိသူများကို အကြံပြုပေးရာ၌ အထောက်အကူဖြစ်စေပါသည်။
ဂျန်ဒါနှင့် လိင်စိတ်တိမ်းညွတ်မှုတို့ကို သင် မျှဝေလိုမှသာ သင့်ပရိုဖိုင်တွင် ပြသပေးပါမည်။ LGBTQIA+ သုံးစွဲသူများကို ၎င်းတို့၏ ဝိသေသခံယူချက်များနှင့် ထုတ်ဖော်မှုများအတွက် ရာဇဝတ်ကြောင်းအရ အရေးယူနိုင်သော သို့မဟုတ် ကဲ့ရဲ့ရှုတ်ချနိုင်သော နေရာဒေသများတွင် ထိုအချက်အလက်များကို အော်တိုဖယ်ရှားပေးရန် အစွမ်းကုန်ဆောင်ရွက်ပေးပါမည်။
သင့်ဂျန်ဒါ သို့မဟုတ် လိင်စိတ်တိမ်းညွတ်မှုကို အပ်ဒိတ်လုပ်ခြင်း
အောက်ပါအဆင့်များအတိုင်း လုပ်ဆောင်ပြီး ကြိုက်သည့်အချိန်တွင် သင်၏ ဂျန်ဒါ သို့မဟုတ် လိင်စိတ်တိမ်းညွတ်မှုကို အပ်ဒိတ်လုပ်နိုင်ပါသည်-
- Tinder ကို ဖွင့်ပါ
- ပရိုဖိုင် အိုင်ကွန်ကို နှိပ်ပါ
- ခဲတံပုံအိုင်ကွန် သို့မဟုတ် ပရိုဖိုင် ပြင်ရန်ကို နှိပ်ပါ
- ‘ဂျန်ဒါ’ သို့မဟုတ် ‘လိင်စိတ်တိမ်းညွတ်မှု’ ထိ ရောက်အောင် Scroll ဆွဲပါ
ဂျန်ဒါ အပ်ဒိတ်များ- "အမျိုးသား"၊ "အမျိုးသမီး" သို့မဟုတ် "ကျား/မနှစ်မျိုးစံသေဝါဒကို မခံယူသူ" တို့အနက်မှ ရွေးချယ်ပါ။ သင့်ဖြစ်တည်မှုကို အကောင်းဆုံးဖော်ပြရာ၌ ပို၍အထောက်အကူဖြစ်စေနိုင်သော ရွေးချယ်စရာများလည်း ထပ်ရှိနိုင်ပါသည်။ သင် ခံယူထားသော ဂျန်ဒါရွေးချယ်မှုများကို သင်ကြိုက်သလောက် ရွေးချယ်နိုင်ပါသည်။ ပင်မအမျိုးအစားများအနက်မှ အနည်းဆုံးတစ်ခုကို ရွေးချယ်ရန် လိုအပ်ပါသည်။
လိင်စိတ်တိမ်းညွတ်မှုနှင့် ပတ်သက်သည့် အပ်ဒိတ်များ- သင်၏ လိင်စိတ်တိမ်းညွတ်မှုကို ကြိုက်နှစ်သက်သည့်ပုံစံဖြင့် ဖော်ပြရန် သို့မဟုတ် လုံးဝ မပြောပြရန် သင့်စိတ်ကြိုက် ရွေးချယ်နိုင်ပါသည်။ ဤအပိုင်းသည် မဖြစ်မနေ မလိုအပ်ပါ။
သင့်ဂျန်ဒါ သို့မဟုတ် လိင်စိတ်တိမ်းညွတ်မှုကို ဖော်ပြခြင်း
သင့်ပရိုဖိုင်ကို ပြင်ဆင်နေချိန်တွင် ဂျန်ဒါနှင့် လိင်စိတ်တိမ်းညွတ်မှုအား အများမြင်တွေ့နိုင်သည့် အတိုင်းအတာကို သင်ကြိုက်သလို စီမံပိုင်ခွင့်ရှိပါသည်။ ထိုအချက်အလက်ကို သင့်အမည်အောက်တွင်သာ ဖော်ပြရန်ဖြစ်စေ၊ လုံးဝ ဝှက်ထားရန်ဖြစ်စေ၊ သင် ဖော်ပြလိုသလောက်သာ ဖော်ပြရန်ဖြစ်စေ ရွေးချယ်နိုင်ပါသည်။ သင် ရွေးထားသောအချက်များကို ကြိုတင်ကြည့်ရှုလိုပါက 'ပရိုဖိုင် ပြင်ရန်' စခရင်မှတစ်ဆင့် သင့်ပရိုဖိုင်ကို နမူနာကြည့်နိုင်ပါသည်။ သင်၏ ဝိသေသခံယူမှုအတွက် ပြစ်ဒဏ်ပေး အရေးယူခံရနိုင်သော နေရာဒေသများတွင် သင့်ဘေးကင်းလုံခြုံရေးအတွက် သင့်ဂျန်ဒါနှင့် လိင်စိတ်တိမ်းညွတ်မှု စိတ်ကြိုက်သတ်မှတ်ချက်များကို ဖုံးကွယ်ပေးထားပါမည်။
FAQ များ
"အမျိုးသား အမျိုးသမီးအဖြစ် မခံယူသူ" အစား "ကျား/မနှစ်မျိုးစံသေဝါဒကို မခံယူသူ" ဟု အဘယ်ကြောင့် သုံးနှုန်းပါသလဲ။
ဂျန်ဒါဖော်ပြမှုပိုင်း ပြောင်းလဲမှုရှိသူ၊ GNC ၊ ကျားမလိင်နှစ်မျိုးလုံး ပါရှိသူနှင့် အခြားသော ဖော်ပြမှုများဖြင့် မိမိကိုယ်ကို ဖော်ပြသူများအပါအဝင် သမားရိုးကျထုံးတမ်းအရ "အမျိုးသား" သို့မဟုတ် "အမျိုးသမီး" အမျိုးအစားခွဲ သတ်မှတ်ချက်များ၌ အကျုံးမဝင်ဟု ခံစားရသူများအနေဖြင့် မိမိကိုယ်ကို အကျုံးဝင်မှုရှိစွာ ကိုယ်စားပြုဖော်ပြနိုင်ရန်အတွက် "ကျား/မနှစ်မျိုးစံသေဝါဒကို မခံယူသူ" ဆိုသည့် အသုံးအနှုန်းကို သုံးစွဲပါသည်။ ဤအသုံးအနှုန်းသည် Tinder ပေါ်ရှိ သုံးစွဲသူတိုင်း၏ အများနှင့်မတူ တွေ့ကြုံခံစားမှုများကို လေးစားမှုထားသော အသုံးအနှုန်းဖြစ်ပါသည်။
Tinder တွင် ကျွန်ုပ်၏ ဂျန်ဒါ သို့မဟုတ် လိင်စိတ်တိမ်းညွတ်မှုကို မတွေ့ပါက ဘာလုပ်ရမလဲ။
ကျွန်ုပ်တို့၏ ဝိသေသခံယူမှုအပေါ် ပြုစုထားသော စာရင်းမှာ စဥ်ဆက်မပြတ် ဆင့်ကဲပြောင်းလဲနေပါသည်၊ ထိုကဲ့သို့ ပြောင်းလဲနိုင်သည်မှာလည်း လူတိုင်းအကျုံးဝင်ရေးဆိုင်ရာ ပညာရှင်များ၏ ပံ့ပိုးမှုနှင့် သင်တို့ကဲ့သို့သော သုံးစွဲသူများထံမှ တုံ့ပြန်အကြံပြုချက်များကြောင့် ဖြစ်ပါသည်။ ပြုစုထားသော စာရင်းထဲတွင် သင်၏ ဂျန်ဒါ သို့မဟုတ် လိင်စိတ်တိမ်းညွတ်မှု မပါရှိပါက ကျွန်ုပ်တို့ထံ အကြောင်းကြားရန် 'စာရင်းတွင် မပါဝင်ပါ' ဆိုသည့် အချက်ကို ရွေးပေးပါ။ သင့်ထံမှ တုံ့ပြန်အကြံပြုချက်သည် အကျုံးဝင်ရေးအတွက် လက်ရှိကြိုးပမ်းအားထုတ်မှုအတွက် အရေးပါပါသည်။
သတိပြုရန်- တည်နေရာဒေသပေါ်မူတည်၍ စာရင်းထဲတွင် မပါဝင်ကြောင်းကို တင်ပြ၍မရခြင်းမျိုး ရှိနိုင်ပါသည်။
Tinder ပေါ်တွင် ကျွန်ုပ်၏ ဂျန်ဒါကို အခြေခံ၍ ရှာဖွေလျှင် အခြားသုံးစွဲသူများက ကျွန်ုပ်ကို ရှာတွေ့နိုင်ပါသလား။
ရှာတွေ့နိုင်ပါသည်။ Tinder တွင် ထည့်သွင်းဖော်ပြသော သင်၏ ဂျန်ဒါသည် အခြားသုံးစွဲသူများက သင့်အား ရှာဖွေတွေ့ရှိမှုအပေါ် သက်ရောက်မှုရှိပါသည်။ ရှာဖွေတွေ့ရှိမှု ဆက်တင်ကို အပ်ဒိတ်လုပ်ပြီး Tinder တွင် သင့်အား ရှာဖွေတွေ့ရှိနိုင်သူများကို ထိန်းချုပ်နိုင်ပါသည်။ ဤနည်းဖြင့် Tinder ပေါ်တွင် သင်နှင့်ချိတ်ဆက်နိုင်သူများနှင့် ပတ်သက်၍ ထိန်းချုပ်ခွင့် ရရှိစေပါသည်။