ID + ဓာတ်ပုံဖြင့် အတည်ပြုမှု အလုပ်လုပ်ပုံ
ID ဖြင့် စစ်ဆေးမှုအတွက် လက်ခံသော ID ပုံစံများ
ကျွန်ုပ်၏ ID + ဓာတ်ပုံဖြင့် အတည်ပြုမှု အချက်အလက်များကို သုံးစွဲပုံ
ID + ဓာတ်ပုံဖြင့် အတည်ပြုမှု ပြီးဆုံးပြီးနောက်တွင် ဆက်လက်ထိန်းသိမ်းထားမည့် အချက်အလက်များ
ID + ဓာတ်ပုံဖြင့် အတည်ပြုမှု အချက်အလက်များကို ဖျက်ပုံ
ID + ဓာတ်ပုံဖြင့် အတည်ပြုမှုသည် သင်၏ ID တွင်ပါသည့် ဓာတ်ပုံနှင့် သင်၏ ပရိုဖိုင်ဓာတ်ပုံများသည် သင်နှင့်တူကြောင်း သက်သေပြနိုင်သည့် ဆန္ဒအလျောက် လုပ်ဆောင်နိုင်သော လုပ်ငန်းစဉ်ဖြစ်သည်။ ထိုလုပ်ငန်းစဉ် ပြီးမြောက်သွားသည်နှင့် သင့်ပရိုဖိုင်တွင် ID + ဓာတ်ပုံဖြင့် အတည်ပြုပြီးကြောင်း ဘဲ့ဂျ်တစ်ခုကို ထည့်သွင်းပြသနိုင်ပါမည်။
Tinder ရှိ အခြားပရိုဖိုင်များက ဤသို့ ဆန္ဒအလျောက် လုပ်ဆောင်နိုင်သော လုပ်ငန်းစဉ်ကို ပြီးမြောက်အောင် လုပ်ဆောင်ထားခြင်း ရှိ၊ မရှိ သင်မြင်တွေ့နိုင်ပါသည်။ ထိုသို့မြင်တွေ့ရခြင်းဖြင့် အခြားသော Tinder သုံးစွဲသူများနှင့် တုံ့ပြန်ဆက်ဆံရန် ဆုံးဖြတ်ရာတွင် အချက်အလက် ပိုစုံလင်စွာ ချင့်ချိန်ဆုံးဖြတ်လာနိုင်ပါမည်။ ဤလုပ်ဆောင်ချက်သည် သုံးစွဲသူ ID ၏ မှန်ကန်မှု သို့မဟုတ် သုံးစွဲသူတစ်ဦးတစ်ယောက်၏ ဘေးကင်းလုံခြုံရေးကို အာမခံချက်ပေးခြင်း မဟုတ်ကြောင်း သတိပြုရန်မှာ အရေးကြီးပါသည်။ စုံတွဲဖြစ်လာနိုင်ခြေရှိသူတစ်ဦးနှင့် မတွေ့ဆုံမီ သို့မဟုတ် ထိုသူ့ထံ ကိုယ်ရေးအချက်အလက် အသေးစိတ် မမျှဝေမီ အစဉ်သဖြင့် သင့်ကိုယ်ပိုင် စဉ်းစားဆင်ခြင်နိုင်စွမ်းကိုသာ ယုံကြည်အသုံးချပြီး ကျွန်ုပ်တို့၏ ဘေးကင်းလုံခြုံရေး အကြံပြုချက်များ ကို သေချာဖတ်ရှုပေးပါ။
မှတ်ချက်- ID + ဓာတ်ပုံဖြင့် အတည်ပြုမှုသည် အချို့သော စမ်းသပ်ဈေးကွက်များရှိ iOS ၊ Android နှင့် tinder.com သုံးစွဲသူအချို့အတွက်သာ ရရှိနိုင်ပါသည်။
ID + ဓာတ်ပုံဖြင့် အတည်ပြုမှု အလုပ်လုပ်ပုံ
ID + ဓာတ်ပုံဖြင့် အတည်ပြုမှုတွင် အဆင့်နှစ်ဆင့် ပါရှိသည်- (1) ဓာတ်ပုံဖြင့် အတည်ပြုမှုနှင့် (2) ID စစ်ဆေးမှုတို့ ဖြစ်သည်။ ဓာတ်ပုံဖြင့် အတည်ပြုမှုကို သီးခြားလုပ်ဆောင်ပြီးပါက ပထမအဆင့်ကို ထပ်မံလုပ်ဆောင်ရန် မလိုအပ်ပါ။ အဆင့်နှစ်ဆင့်လုံးကို ပြီးမြောက်အောင် လုပ်ဆောင်ပြီးချိန်၌ သင့်ပရိုဖိုင်တွင် အပြာရောင် အမှန်ခြစ်အမှတ်အသား ရရှိပါမည်။
- ဓာတ်ပုံဖြင့် အတည်ပြုမှုအဆင့်သည် သင်၏ ဗီဒီယိုဆဲလ်ဖီအတွင်းရှိ မျက်နှာကို စကန်ဖတ်ခြင်းဖြင့် စတင်ပါသည်။ ဤသို့စကန်ဖတ်ခြင်းသည် ဗီဒီယိုကို သက်ရှိလူသားတစ်ဦး ရိုက်ကူးခဲ့ခြင်း ဟုတ်၊ မဟုတ်နှင့် ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပြောင်းလဲထားခြင်း သို့မဟုတ် လှည့်စားထားခြင်း ရှိ၊ မရှိ စစ်ဆေးရာ၌ အထောက်အကူဖြစ်စေပါသည်။ ဗီဒီယို ဆဲလ်ဖီ ရိုက်ကူးချိန်တွင် အချို့သော နေရာဒေသများ၌ “ဇီဝအချက်အလက်” အဖြစ် မှတ်ယူနိုင်သည့် (ဤနေရာတွင် “အတည်ပြုမှု ဒေတာ” ဟု ခေါ်ဆိုသည့်) သင့်မျက်နှာသွင်ပြင်ကို သင့်ပရိုဖိုင် ဓာတ်ပုံများနှင့် တိုက်ဆိုင်စစ်ဆေးရာတွင်လည်းကောင်း၊ အတုအယောင်ပြုမှုကို လျှော့ချရာတွင်လည်းကောင်း၊ အခြားပရိုဖိုင်များတွင် သင့်ပုံကို ပုံမှားရိုက် အသုံးမပြုနိုင်စေရန် ကူညီပေးရာတွင်လည်းကောင်း အသုံးပြုကာ သိမ်းဆည်းထားပါမည်။ သင်၏ ဗီဒီယိုဆဲလ်ဖီတွင်း ပါရှိသူသည် သင်၏ ID ဓာတ်ပုံနှင့် ပရိုဖိုင်ဓာတ်ပုံများတွင် ပါရှိသူနှင့် တစ်ဦးတည်းဟုတ်မဟုတ် အတည်ပြုရာတွင် အထောက်အကူဖြစ်စေရန်အတွက်လည်း ဤဒေတာကို အသုံးချသွားပါမည်။ သင့် ID နှင့် ဓာတ်ပုံဖြင့် အတည်ပြုပြီးကြောင်း ဘဲ့ဂျ်ကို ဆက်လက်ပြသပေးနိုင်ရန် သင်၏ မျက်နှာသွင်ပြင်ဂျီဩမေတြီ ဒေတာကို သင့်အကောင့်ရှိနေစဉ်တစ်လျှောက်လုံး ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်သောကြောင့် သင်ရရှိထားသော ဘဲ့ဂျ်ကို မဆုံးရှုံးဘဲ ပရိုဖိုင်ဓာတ်ပုံများကို အပ်ဒိတ်လုပ်ခွင့်နှင့် ပြောင်းလဲခွင့် ရရှိမည်ဖြစ်ပါသည်။ သင့်ဗီဒီယိုဆဲလ်ဖီကို သင့်ပရိုဖိုင်တွင် မတင်ဘဲ ဖျက်ပေးမည်ဖြစ်သော်လည်း ဤလုပ်ဆောင်ချက်နှင့်ဆိုင်သော ယှဉ်၍စစ်ဆေးမှုနှင့် စီမံခန့်ခွဲမှုကိစ္စများအတွက် သင့်ဗီဒီယိုဆဲလ်ဖီ၏ စခရင်ရှော့တ်နှစ်ခုကို ထိန်းသိမ်းထားပါမည်။
- ID စစ်ဆေးမှု အဆင့်သည် သင်အပ်လုဒ်တင်ထားသော အစိုးရက ထုတ်ပြန်ပေးထားသည့် ကိုယ်ရေးအထောက်အထား စာရွက်စာတမ်းကို Tinder က စစ်ဆေးပေးသည့် လုပ်ငန်းစဉ်ဖြစ်ပါသည်။ ဓာတ်ပုံဖြင့် အတည်ပြုမှု အဆင့်တွင် ရိုက်ကူးထားသော ဗီဒီယီုဆဲလ်ဖီ၊ သင့်ပရိုဖိုင်ဓာတ်ပုံများတွင် ပါရှိသော မျက်နှာပုံနှင့် ID တွင် ပါရှိသော ဓာတ်ပုံတို့ ကိုက်ညီမှုရှိမရှိကို ဤတူးလ်က စစ်ဆေးပေးပါသည်။ ဓာတ်ပုံဖြင့် အတည်ပြုမှုကို အရင်က လုပ်ဆောင်ထားပြီးပါက ID တွင် ပါရှိသော ဓာတ်ပုံကို ယခင်သိမ်းထားသည့် သင်၏ မျက်နှာမှတ်သားမှုဆိုင်ရာ အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးသွားမည်ဖြစ်၍ နောက်ထပ် ဗီဒီယိုဆဲလ်ဖီထပ်ရိုက်ရန် တောင်းဆိုသွားမည် မဟုတ်ပါ။ Tinder သည် ID ပါ မွေးသက္ကရာဇ်အရ 18 နှစ် ပြည့်ပြီးခြင်း ရှိ၊ မရှိနှင့် သင့်ပရိုဖိုင် အချက်အလက်များနှင့် ကိုက်ညီမှု ရှိ၊ မရှိကိုလည်း စစ်ဆေးပါသည်။ အချက်အလက်များ မကိုက်ညီပါက သင့်ပရိုဖိုင်ရှိ မွေးသက္ကရာဇ်ကို သင်တင်ပြသော ID ပါ အချက်အလက်များသုံး၍ အပ်ဒိတ်လုပ်သွားမည်ဖြစ်သည်။ သင့်အကောင့်သုံးနေစဉ်တစ်လျှောက် ဤလုပ်ဆောင်ချက်ဖြင့် ယှဉ်၍စစ်ဆေးရန်သင့် ID ၏ တစ်စိတ်တစ်ပိုင်း ဖြတ်ယူထားသော ဓာတ်ပုံကို ဆက်လက်ထိန်းသိမ်းထားပါမည်။ သင့်အကောင့်သုံးနေစဉ်တစ်လျှောက် ဤလုပ်ဆောင်ချက်ဖြင့် ယှဉ်၍စစ်ဆေးရန်နှင့် အတည်ပြုမှုတွင် မှန်ကန်ကြောင်း စစ်ဆေးရန် ID ပါ အမည်ကိုလည်း ဆက်လက်ထိန်းသိမ်းထားပါမည်။
အထက်ပါ အချက်အလက်များကို သုံးစွဲပုံ၊ သိမ်းဆည်းပုံ၊ ဖျက်ပစ်ပုံတို့နှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များကို ပိုမိုသိရှိလိုပါက အောက်ဖော်ပြပါ အပိုဒ်များကို ဖတ်ရှုပေးပါ။
ID စစ်ဆေးမှုအတွက် လက်ခံသော ID ပုံစံများ
ID + ဓာတ်ပုံဖြင့် အတည်ပြုမှု လုပ်ငန်းစဉ်အတွင်းရှိ ID စစ်ဆေးမှု အဆင့်တွင် ကျွန်ုပ်တို့သည် အစိုးရက ထုတ်ပြန်ပေးသည့် ဓာတ်ပုံပါ ကိုယ်ရေးအထောက်အထား စာရွက်စာတမ်းမျိုးစုံ (ID များ) ကို လက်ခံပါသည်။ တင်ပြနိုင်သော ဓာတ်ပုံပါ ID များ၌ ယာဉ်မောင်းလိုင်စင် အများစု၊ ပတ်စ်ပို့စာအုပ်များ၊ နိုင်ငံသား ID ကတ်များ ပါဝင်ပါသည်။
ID တင်ပြချိန်၌ သင်၏ ဓာတ်ပုံ၊ အမည်နှင့် မွေးသက္ကရာဇ်တို့ကို ရှင်းလင်းစွာဖော်ပြထားသည့် ဓာတ်ပုံအပြည့်အစုံကို သေချာရိုက်၍ တင်ပြပေးပါ။
ကျွန်ုပ်၏ ID + ဓာတ်ပုံဖြင့် အတည်ပြုမှု အချက်အလက်များကို သုံးစွဲပုံ
ID + ဓာတ်ပုံဖြင့် အတည်ပြုမှု ဆောင်ရွက်ပေးရန် သင်၏ တောင်းဆိုချက်ကို စီမံဆောင်ရွက်ရာ၌ ကျွန်ုပ်တို့သည် စုဆောင်းထားသော ဒေတာကို အသုံးပြုပါသည်။ ဓာတ်ပုံဖြင့် အတည်ပြုမှု လုပ်ငန်းစဉ်ကို ဆောင်ရွက်ရာ၌ ကျွန်ုပ်တို့သည် သင်၏ ဗီဒီယိုဆဲလ်ဖီနှင့် ပရိုဖိုင် ဓာတ်ပုံများမှ မျက်နှာသွင်ပြင် ဂျီဩမေတြီ အချက်အလက်များကို အသုံးချပါသည်။ ID စစ်ဆေးမှု လုပ်ငန်းစဉ်ကို ဆောင်ရွက်ရာ၌ ကျွန်ုပ်တို့သည် သင်၏ ID ပါ ဓာတ်ပုံ၊ အမည်နှင့် မွေးသက္ကရာဇ်တို့အပြင် သင့် ID ကတ်၏ ရှေ့ဘက်ခြမ်းပုံကို တစ်စိတ်တစ်ပိုင်း ဖြတ်၍ရိုက်ယူထားသည့် စခရင်ရှော့တ်ပုံတို့ကို အသုံးချပါသည်။ ဤလုပ်ဆောင်ချက်ကို ပံ့ပိုးပေးရန်အတွက် ဤအချက်အလက်များ အသုံးပြုပုံနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို အထက်ပါ “ID + ဓာတ်ပုံဖြင့် အတည်ပြုမှု အလုပ်လုပ်ပုံ” တွင် ဖတ်ရှုပါ။ သင်သည် အမေရိကန်ပြည်ထောင်စုအတွင်း နေထိုင်ပြီး ID ဖြင့် အတည်ပြုမှု လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ပါက သင့်အချက်အလက်များကို လိင်အကြမ်းဖက်မှု ကျူးလွန်ဖူးသူ မှတ်တမ်းစာရင်း (RSO) ဖြင့် စစ်ဆေးမှုတွင်လည်း အသုံးချသွားမည်ဖြစ်သည် (အမေရိကန်ပြည်ထောင်စုတွင် နေထိုင်သူများအတွက် သတ်မှတ်ထားသော နောက်ခံသမိုင်းကြောင်း စစ်ဆေးမှုများတွင် ဖတ်ရှုပါ)။
ID + ဓာတ်ပုံဖြင့် အတည်ပြုမှု ပြီးဆုံးပြီးနောက်တွင် ဆက်လက်ထိန်းသိမ်းထားမည့် အချက်အလက်များ
ဓာတ်ပုံဖြင့် အတည်ပြုမှုအဆင့်အတွက် အတည်ပြုမှုအပိုင်းကို ဆောင်ရွက်ရာတွင် ယှဉ်၍စစ်ဆေးပြီး စီမံရာ၌ အသုံးချရန်အတွက် သင့်ဗီဒီယိုဆဲလ်ဖီမှ ရိုက်ယူထားသော စခရင်ရှော့တ်နှစ်ပုံကို သင့်အကောင့်သုံးနေစဉ်တစ်လျှောက် ကျွန်ုပ်တို့ သိမ်းဆည်းထားပါမည်။ သင့်အကောင့်သုံးနေစဉ်တစ်လျှောက် ID + ဓာတ်ပုံဖြင့် အတည်ပြုပြီး ဘဲ့ဂျ်ကို မဆုံးရှုံးရစေဘဲ ပရိုဖိုင်ဓာတ်ပုံများ အပ်ဒိတ်လုပ် ပြောင်းလဲနိုင်စေရန်အလို့ငှာ သင့်ဗီဒီယီုဆဲလ်ဖီမှ မျက်နှာသွင်ပြင် ဂျီဩမေတြီ အချက်အလက်များကိုလည်း ကျွန်ုပ်တို့ သိမ်းဆည်းထားပါသည်။
ID စစ်ဆေးမှုအဆင့်အတွက်မူ သင့်အကောင့်သုံးနေစဉ်တစ်လျှောက် ဤလုပ်ဆောင်ချက်ဖြင့် ယှဉ်၍စစ်ဆေးရန်အတွက် သင့် ID ပါ ဓာတ်ပုံ၊ အမည်နှင့် သင့် ID ရှေ့ဘက်ခြမ်း၏ တစ်စိတ်တစ်ပိုင်း ဖြတ်ယူထားသော ဓာတ်ပုံတို့ကို ကူးယူကာ ကျွန်ုပ်တို့ သိမ်းဆည်းထားပါမည်။ သင် ID ၏ တစ်စိတ်တစ်ပိုင်း ဖြတ်ယူထားသော ဓာတ်ပုံတွင် အထက်ပါ “ကျွန်ုပ်၏ ID + ဓာတ်ပုံဖြင့် အတည်ပြုမှု အချက်အလက်များကို သုံးစွဲပုံ” တွင် ရှင်းလင်းဖော်ပြထားသည့် အချက်အလက်များကိုသာ ဖော်ပြထားမည်ဖြစ်ပြီး သင်၏ လိပ်စာ၊ ရုပ်သွင်ပြင်လက္ခဏာများနှင့် ID အမှတ် သို့မဟုတ် ဘားကုဒ်များကဲ့သို့ ကျန်အချက်အလက်မှန်သမျှကို ဝှက်ထားမည်ဖြစ်ပါသည်။
ဤလုပ်ငန်းစဉ်တစ်ရပ်လုံးနှင့် ပတ်သက်သော (အတည်ပြုမှု အောင်မြင်ခြင်း ရှိ၊ မရှိ ဆိုသည့်) ရလဒ်များကိုလည်း ကျွန်ုပ်တို့ သိမ်းဆည်းထားပါမည်။
အထက်ဖော်ပြပါ အချက်အလက်များကို ကျွန်ုပ်တို့၏ Amazon Web Service (AWS) ဆာဗာများတွင် သိမ်းဆည်းထားပါသည်။ ပိုမိုလေ့လာလိုပါက AWS ၏ ကိုယ်ရေးအချက်အလက် လုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ကို ဖတ်ရှုကြည့်ပါ။ ကျွန်ုပ်တို့သည် သင်၏ မျက်နှာသွင်ပြင် ဂျီဩမေတြီ အချက်အလက်များနှင့် စခရင်ရှော့တ်များကို အခြားပြင်ပအဖွဲ့အစည်းများထံသို့ မမျှဝေပါ။
အကောင်ကို ပိတ်သိမ်းလိုက်သည်နှင့် အထက်ဖော်ပြပါ အချက်အလက်များကို ကျွန်ုပ်တို့၏ လုံခြုံရေးမူဝါဒနှင့်အညီ ဖျက်ပေးသွားပါမည်။
ID + ဓာတ်ပုံဖြင့် အတည်ပြုမှု အချက်အလက်များကို ဖျက်ပုံ
သင်၏ ID + ဓာတ်ပုံဖြင့် အတည်ပြုမှုဆိုင်ရာ အချက်အလက်များတွင် (1) သင့်မျက်နှာသွင်ပြင် ဂျီဩမေတြီ ဒေတာ (ဓာတ်ပုံဖြင့် အတည်ပြုမှုအတွက် အသုံးပြုသော မျက်နှာသွင်ပြင် ‘ပုံစံလွှာ’)၊ (2) အထက်တွင် ဖော်ပြထားသည့်အတိုင်း သင့် ID မှ စုဆောင်းရယူထားသော အချက်အလက်များ၊ (3) သင့် ID ရှေ့ဘက်ခြမ်း၏ တစ်စိတ်တစ်ပိုင်း ဖြတ်ယူထားသော ဓာတ်ပုံမိတ္တူနှင့် (4) သင့်ဗီဒီယိုဆဲလ်ဖီ စခရင်ရှော့တ်တို့ ပါဝင်ပါသည်။ ဤအချက်အလက် အမျိုးအစားများအား ဖျက်ပစ်နိုင်သည့်နည်းများကို အောက်တွင် ကြည့်ပါ။
မျက်နှာသွင်ပြင် ဂျီဩမေတြီ ဒေတာများ
အက်ပ်ဆက်တင် စာမျက်နှာမှတစ်ဆင့် Tinder အကောင့်ကို ဖျက်ခြင်းဖြင့် သင့်မျက်နှာသွင်ပြင် ဂျီဩမေတြီ ဒေတာများကို ဖျက်ပစ်နိုင်ပါသည်။
ဤဒေတာကို ဖျက်ရန်အလို့ငှာ ကျွန်ုပ်အကောင့်ကို ဖျက်ရန် အဘယ်ကြောင့်လိုအပ်ပါသနည်း။
Tinder ၏ ID + ဓာတ်ပုံဖြင့် အတည်ပြုပြီးကြောင်း ဘဲ့ဂျ်သည် သင်က သင့် ပရိုဖိုင် ဓာတ်ပုံများ၊ ID ပါ ဓာတ်ပုံတို့နှင့် အမှန်တကယ် တူညီကြောင်း သင်နှင့် စုံတွဲဖြစ်လာနိုင်သူများကို အသိပေးရာ၌ အလွန်အသုံးဝင်သော နည်းလမ်းတစ်ခု ဖြစ်ပါသည်။ သုံးစွဲသူများအနေဖြင့် ၎င်းတို့နှင့် စုံတွဲဖြစ်ထားသူများသည် ID + ဓာတ်ပုံဖြင့် အတည်ပြုပြီး အနေအထားတွင် ဆက်လက် ရှိ၊ မရှိဟူသောအချက်အပေါ် နားလည်မှုလွဲမှားခြင်း သို့မဟုတ် နားလည်ရခက်ခဲခြင်း မဖြစ်စေရန်အတွက် သုံးစွဲသူများ၏ မျက်နှာသွင်ပြင် ဂျီဩမေတြီ ဒေတာများကို ဖျက်မည်ဆိုပါက (ထိုသို့ဖျက်လိုက်သည်နှင့် သင်၏ ID + ဓာတ်ပုံဖြင့် အတည်ပြုမှု အခြေအနေလည်း ပျက်ပါမည်) ၎င်းတို့၏ စုံတွဲဖြစ်မှုများလည်း ပျက်မည်ဖြစ်ကာ အတည်မပြုရသေးသော သာမန်အကောင့်အဖြစ် ပြန်လည်စတင်ရပါမည်။ ဤသတ်မှတ်ချက်ကို ID + ဓာတ်ပုံဖြင့် အတည်ပြုပြီးကြောင်း ဘဲ့ဂျ်ကို အလွဲသုံးစား မလုပ်နိုင်စေရန်သာမက အခြားသုံးစွဲသူများအနေဖြင့် ၎င်းတို့နှင့် စုံတွဲဖြစ်ခွင့်ရထားသူများထံတွင် ID + ဓာတ်ပုံဖြင့် အတည်ပြုပြီး အကောင့်များ ဆက်လက်ပိုင်ဆိုင်ထားကြောင်း သေချာစေရန် သတ်မှတ်ပေးထားခြင်းဖြစ်သည်။
အကောင်ကို ပိတ်သိမ်းလိုက်ချိန်၌ အထက်ဖော်ပြပါ အချက်အလက်များကို ကျွန်ုပ်တို့၏ လုံခြုံရေးမူဝါဒနှင့်အညီ ဖျက်ပေးသွားမည်ဖြစ်သည်။
ID မှ ရယူထားသော ဒေတာ နှင့် ID ၏ တစ်စိတ်တစ်ပိုင်း ဖြတ်ယူထားသော ဓာတ်ပုံမိတ္တူ
သင့် ID အတည်ပြုမှုကို မပျက်ပြယ်သွားစေရန်အတွက် သင့် ID မှ ရယူထားသော အချက်အလက်များကို (အထက်ပါ “ID + ဓာတ်ပုံဖြင့် အတည်ပြုမှု ပြီးဆုံးပြီးနောက်တွင် ဆက်လက်ထိန်းသိမ်းထားမည့် အချက်အလက်များ”တွင် အသေးစိတ်ဖော်ပြထားသည့်အတိုင်း) ကျွန်ုပ်တို့ ဆက်လက်သိမ်းဆည်းထားပါသည်။
သင့်အကောင့်သုံးနေစဉ်တစ်လျှောက် ဤလုပ်ဆောင်ချက်ဖြင့် ယှဉ်၍စစ်ဆေးရန်အတွက် သင့် ID ၏ တစ်စိတ်တစ်ပိုင်း ဖြတ်ယူထားသော ဓာတ်ပုံမိတ္တူကိုလည်း ကျွန်ုပ်တို့ သိမ်းထားပါသည်။ သင့် ID ၏ တစ်စိတ်တစ်ပိုင်း ဖြတ်ယူထားသော ဓာတ်ပုံတွင်အထက်ပါ “ကျွန်ုပ်၏ ID + ဓာတ်ပုံဖြင့် အတည်ပြုမှု အချက်အလက်များကို သုံးစွဲပုံ” ၌ ရှင်းလင်းဖော်ပြထားသည့် အချက်အလက်များကိုသာ ပြသထားမည်ဖြစ်ပြီး သင်၏ လိပ်စာ၊ ရုပ်သွင်ပြင် လက္ခဏာများနှင့် ID အမှတ် သို့မဟုတ် ဘားကုဒ်ကဲ့သို့ ကျန်အချက်အလက်မှန်သမျှကို ပြန်ဖော်၍မရသောနည်းဖြင့် တစ်စိတ်တစ်ပိုင်းဖြတ်ကာ ဝှက်ထားပါသည်။
သင့် ID သို့မဟုတ် သင့် ID ၏ တစ်စိတ်တစ်ပိုင်း ဖြတ်ယူထားသော မိတ္တူမှ ရယူထားသော အချက်အလက်များကို ဖျက်ပေးစေလိုပါက အထက်တွင် ဖော်ပြထားသည့်အတိုင်း သင့်အကောင့်ကို ဖျက်သိမ်းနိုင်ပါသည်။ အထက်တွင် ဖော်ပြထားသော အကြောင်းပြချက်များအရ သုံးစွဲသူများအနေဖြင့် မိမိတို့၏ အကောင့်များကို ဖျက်သိမ်းပြီးပါက အတည်မပြုရသေးသော သာမန်အကောင့်များဖြင့် ပြန်လည်စတင်ရမည်ဟု ကျွန်ုပ်တို့ဘက်က သတ်မှတ်ပြဋ္ဌာန်းထားပါသည်။
ဗီဒီယိုဆဲလ်ဖီ စခရင်ရှော့တ်များ
သင့်ဗီဒီယိုဆဲလ်ဖီမှ ရယူထားသည့် စခရင်ရှော့တ်နှစ်ခုကို ဖျက်ပေးရန် အကူအညီပေးအဖွဲ့ထံသို့ စာရေးသားပေးပို့၍ တောင်းဆိုနိုင်ပါသည်။ ထိုသို့တောင်းဆိုပါက ကျွန်ုပ်တို့၏ လုံခြုံရေးမူဝါဒအရ သင့်အကောင့်ပိတ်သိမ်းပြီးချိန်တွင် ထိုအချက်အလက်များကို ဖျက်ပေးပါမည်။
အမေရိကန်ပြည်ထောင်စုတွင် နေထိုင်သူများအတွက် လိင်အကြမ်းဖက်မှု ကျူးလွန်ဖူးသူ မှတ်တမ်းစာရင်း (RSO) ဖြင့် စစ်ဆေးမှုများ
သင်သည် အမေရိကန်ပြည်ထောင်စုအတွင်း နေထိုင်ပြီး ID အတည်ပြုမှု လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ပါက သင့်အချက်အလက်များကို လိင်အကြမ်းဖက်မှု ကျူးလွန်ဖူးသူ မှတ်တမ်းစာရင်း (RSO) ဖြင့် စစ်ဆေးမှုတွင်လည်း အသုံးချသွားမည်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု ID ကို တင်ပြချိန်လိုက်ပါက Tinder က ပြင်ပအဖွဲ့အစည်း ဝန်ဆောင်မှုပေးသူကို သုံး၍ RSO ဖြင့် စစ်ဆေးမှုတစ်ရပ် ဆောင်ရွက်ပါမည်။ ဤစစ်ဆေးမှုကို ဆောင်ရွက်ရန် ဤဝက်ဘ်ဆိုက်ထံသို့ ဖော်ပြပါ အချက်အလက်များကို မျှဝေပါသည်-
- အမည်ရင်း၊ အမည်အလယ်ပိုင်းနှင့် မျိုးရိုးအမည်
- မွေးသက္ကရာဇ်
ဤစစ်ဆေးမှုအရ မှတ်တမ်းစာရင်းတွင် ပါရှိကြောင်း စစ်ဆေးတွေ့ရှိရပါက သင့်အကောင့်အပေါ် လူကိုယ်တိုင် စိစစ်သုံးသပ်မှုတစ်ရပ်ကို ဆက်လက်ဆောင်ရွက်ပြီး ကျွန်ုပ်တို့အဖွဲ့က သင့်လျော်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားပါမည်။ နောက်ထပ်အချက်အလက်များကို ကျွန်ုပ်တို့၏ ဝန်ဆောင်မှုစည်းမျဉ်းများ တွင် ကြည့်ပါ။
ဤလုပ်ငန်းစဉ်သည် Tinder ပေါ်တွင် ပိုမိုဘေးကင်းလုံခြုံသော ရပ်ဝန်းတစ်ခုကို ဆက်လက်ထိန်းသိမ်းထားရာ၌ အထောက်အကူဖြစ်စေပါသည်။
မှတ်ချက်- မိန်းပြည်နယ်တွင် ဥပဒေကြောင်းအရ ကန့်သတ်ပိတ်ပင်မှုများကြောင့် RSO ဖြင့် စစ်ဆေးမှုများကို မဆောင်ရွက်နိုင်ပါ။
ကျွန်ုပ်၏ ကိုယ်ရေးလုံခြုံမှု အခွင့်အရေးများ အပါအဝင် Tinder ၏ ဒေတာဆိုင်ရာလုပ်ထုံးလုပ်နည်းများအကြောင်းကို ပိုလေ့လာရန်
ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက ကျွန်ုပ်တို့၏ လုံခြုံရေးမူဝါဒ တွင်ဖတ်ရှုနိုင်ပြီး ၎င်းတွင် သင့်အခွင့်အရေးများ အပိုင်းကဏ္ဍကိုလည်း ထည့်သွင်းပြဋ္ဌာန်းထားပါသည်။
မေးစရာများ ရှိပါက
အချိန်မရွေး ကျွန်ုပ်တို့ထံ ဆက်သွယ်နိုင်ပါသည်။