စိတ်ဝင်စားမှု အချက်အလက် လုပ်ဆောင်ချက်သည် သင့်အနှစ်သက်ဆုံး ဝါသနာပါရာ လုပ်ဆောင်မှုများကို ရွေးချယ်ပြီး သင့်ပရိုဖိုင်တွင် မျှဝေနိုင်စေပါသည်။ စိတ်ဝင်စားမှုများကို ဖော်ပြခြင်းသည် အလားအလာရှိသော စုံတွဲဖြစ်နိုင်သူများနှင့် ချိတ်ဆက်ပြီး စကားစမြည် စတင် ပြောဆိုနိုင်စေမည့် အကောင်းဆုံးနည်းလမ်းဖြစ်ပါသည်။
စိတ်ဝင်စားမှုများကို ကျွန်ုပ်၏ ပရိုဖိုင်တွင် မည်သို့ပေါင်းထည့်ရမည်နည်း။
- Tinder ကို ဖွင့်ပြီး ပရိုဖိုင် အိုင်ကွန်ကို နှိပ်ပါ
- သင့်ပရိုဖိုင် ဓာတ်ပုံဘေးရှိ ခဲတံ အိုင်ကွန်ကို နှိပ်ပါ
- အောက်သို့ Scroll ဆွဲသွားပြီး "စိတ်ဝင်စားမှု"ကို ရွေးပါ
- သင့်ပရိုဖိုင်တွင် ပေါင်းထည့်ရန် စိတ်ဝင်စားမှု အနည်းဆုံး 3 ခု ရွေးပါ
- သင် ပြောင်းလဲလိုက်သည်များကို သိမ်းရန် လုပ်ပြီးကို နှိပ်ပါ
ကျွန်ုပ်၏ စိတ်ဝင်စားမှုများထဲမှ တစ်ခုကို မည်သို့ပြင်ဆင်ရမည်နည်း။
- အထက်ပါ အဆင့် 1 မှ 3 အထိ လုပ်ပါ
- သင့်ပရိုဖိုင်မှ ဖယ်ရှားရန်အတွက် Highlight လုပ်ထားသည့် စိတ်ဝင်စားမှုများကို နှိပ်ပါ၊ သင့်ပရိုဖိုင်တွင် ပေါင်းထည့်ရန်အတွက်မူ မီးခိုးရောင်ပြထားသည့် စိတ်ဝင်စားမှုများကို နှိပ်ပါ
- သင် ပြောင်းလဲလိုက်သည်များကို သိမ်းရန် လုပ်ပြီးကို နှိပ်ပါ
စိတ်ဝင်စားမှု အားလုံးကို ကျွန်ုပ်၏ ပရိုဖိုင်မှ မည်သို့ ဖယ်ရှားရမည်နည်း။
- အထက်ပါ အဆင့် 1 မှ 3 အထိ လုပ်ပါ
- Highlight လုပ်ထားသည့် စိတ်ဝင်စားမှုများ အားလုံးကို ရွေးချယ်ထားသည်မှ ဖယ်ရှားရန် နှိပ်ပါ
- လုပ်ပြီးကို နှိပ်ပါ
- သင့်ပရိုဖိုင်မှ စိတ်ဝင်စားမှုများ အားလုံးကို ဖယ်ရှားလိုကြောင်း အတည်ပြုပါ
ကျွန်ုပ်၏ ပရိုဖိုင်တွင် ပေါ်နေသည့် ကျွန်ုပ်၏ စိတ်ဝင်စားမှုများကို မည်သို့ နေရာပြန်စီရမည်နည်း။
သင်၏ စိတ်ဝင်စားမှုများကို သင့်ပရိုဖိုင် ဆက်တင်တွင် ရွေးထားသည့်အတိုင်း အစီအစဉ်တကျ ဖော်ပြပေးပါသည်။ နေရာပြန်စီရန်-
- အထက်ပါ အဆင့် 1 မှ 3 အထိ လုပ်ပါ
- သင့်စိတ်ဝင်စားမှုများ အားလုံးကို ရွေးချယ်ထားသည်မှ ဖြုတ်ပါ
- သင့်စိတ်ဝင်စားမှုများကို သင် ဖော်ပြလိုသည့် အစီအစဉ်အတိုင်း ပြန်ရွေးချယ်ပါ။
သင် ရွေးချယ်လိုက်သည့် ပထမဆုံး စိတ်ဝင်စားမှုကို သင့်ပရိုဖိုင်တွင် ပထမဆုံး ဖော်ပြပေးပါမည်။
ကျွန်ုပ် ပရိုဖိုင်တွင် စိတ်ဝင်စားမှုများ ပေါ်နေမည့်ပုံစံကို နမူနာကြည့်ရှုနိုင်ပါသလား။
- Tinder ကို ဖွင့်ပြီး ပရိုဖိုင် အိုင်ကွန်ကို နှိပ်ပါ
- သင့်ပရိုဖိုင် ဓာတ်ပုံဘေးရှိ ခဲတံ အိုင်ကွန်ကို နှိပ်ပါ
- နမူနာကြည့်ရှုမှု တက်ဘ်ကို ရွေးပါ
ကျွန်ုပ်၏ ပရိုဖိုင်တွင် ပေါင်းထည့်မရသည့် စိတ်ဝင်စားမှုများ ရှိသူများကို အဘယ်ကြောင့် မြင်ရသနည်း။
သင် တည်ရှိရာ အရပ်ဒေသပေါ်မူတည်၍ စိတ်ဝင်စားမှုများ ကွဲပြားနိုင်ပါသည်။ ဆိုလိုသည်မှာ လက်ရှိ၌ သင့်ကိုယ်ပိုင် ပရိုဖိုင်အတွက် ရွေးချယ်၍ မရနိုင်သော စိတ်ဝင်စားမှုကို ပြသထားသည့် ပရိုဖိုင်များကို သင် တွေ့ရနိုင်ပါသည်။