ဓာတ်ပုံ ရွေးချယ်ရေးဆိုသည်မှာ အဘယ်နည်း။
ဓာတ်ပုံ ရွေးချယ်ရေးဆိုသည်မှာ သင့်ကင်မရာ Roll ထဲရှိ ဓာတ်ပုံများအနက် ပရိုဖိုင်ဓာတ်ပုံအဖြစ် တင်ထားသင့်သော ဓာတ်ပုံများကို ကူညီရွေးချယ်ပေးသည့် စက်တွင်းလုပ်ဆောင်သော တူးလ်ဖြစ်ပါသည်။ ဆဲလ်ဖီ ရိုက်ပြီး သို့မဟုတ် ရှိပြီးသား ဓာတ်ပုံကို သုံးပြီးနောက် ကျန်အရာများကို ဓာတ်ပုံ ရွေးချယ်ရေးအား လုပ်ဆောင်စေခြင်းဖြင့် သင့်ပရိုဖိုင်အတွက် ဓာတ်ပုံများကို အမြန်ရှာဖွေရာ၌ AI နည်းပညာကို သုံးလိုက်ပါ။ ဤတူးလ်ကို အကောင့်ဖွင့်သည့် အချိန်၌သာမက ပရိုဖိုင် ဓာတ်ပုံ ပေါင်းထည့်ရသည့် အချိန်များတွင်လည်း အသုံးပြုနိုင်ပါသည်။
ဓာတ်ပုံ ရွေးချယ်ရေးက မည်သို့အလုပ်လုပ်ပါသနည်း။
ပထမအဆင့်အနေဖြင့် သင့်စက်တွင် သင့်ဓာတ်ပုံများကို ရှာနိုင်ရန်အတွက် ဇီဝအချက်အလက် ဒေတာ ဖန်တီးရန် လိုအပ်ပါသည်။ သင့်မျက်နှာပုံပါ ပရိုဖိုင် ဓာတ်ပုံကို သုံးခြင်း သို့မဟုတ် ဆဲလ်ဖီပုံရိုက်ခြင်း စသည့်—ရွေးချယ်မှုနှစ်ခုမှ ကြိုက်ရာနည်းဖြင့် ဖန်တီးနိုင်ပါမည်။
ဒုတိယအဆင့်၌ ဤလုပ်ဆောင်ချက်က ပရိုဖိုင် ဓာတ်ပုံများအဖြစ် သုံးနိုင်သော ဓာတ်ပုံများကို ကင်မရာ Roll ထဲမှ ရွေးချယ်ပေးပါသည်။ ဤသို့ ရွေးချယ်ရာတွင် အလင်းအမှောင်၊ ရိုက်ကွက်နှင့် အခြားသော ပရိုဖိုင် ဓာတ်ပုံကောင်းဖြစ်စေသည့် အင်္ဂါရပ်များကို မှီငြမ်းကိုးကား၍ ရွေးချယ်ပါသည်။ ဤလုပ်ဆောင်ချက်က အဖွဲ့လိုက် ဓာတ်ပုံများကိုသော်လည်းကောင်း၊ အသုံးပြုမှုစည်းမျဉ်းများနှင့် အဖွဲ့စည်းမျဉ်းများကို ချိုးဖောက်သော ဓာတ်ပုံများကိုသော်လည်းကောင်း ဖယ်ထုတ်ပေးပါသည်။
နောက်ဆုံးအဆင့်အနေဖြင့် အကြံပြုပေးထားသည့် ဓာတ်ပုံများအနက်မှ ပရိုဖိုင်၌ တင်လိုသော ဓာတ်ပုံကို ရွေးချယ်ရပါမည်။ သတိပြုရန်မှာ ဤတူးလ်သည် သင့်ကို အထောက်အကူပေးရုံသာ ဖြစ်၍ သင် ရွေးတင်လိုက်သော ဓာတ်ပုံအတွက် သင်ကိုယ်တိုင်သာ တာဝန်ယူရပါမည်၊ ယင်းသို့ဆိုရာတွင် အသုံးပြုမှုစည်းမျဉ်းများ နှင့် အဖွဲ့စည်းမျဉ်းများကို လိုက်နာသော ဓာတ်ပုံမျိုးကိုသာ ရွေးတင်ခြင်းနှင့် ဓာတ်ပုံရွေးချယ်ရေးတူးလ် အသုံးပြုမှုနှင့်စပ်လျဉ်း၍ ပြဋ္ဌာန်းထားသော သင့်ဒေသ၏ ဥပဒေများကို လိုက်နာခြင်းတို့ အကျုံးဝင်ပါသည်။
ထို့အပြင် ဤတူးလ်၏ ပထမအဆင့် လုပ်ဆောင်ချက်အတွက် ဓာတ်ပုံပြခန်းအသုံးပြုခွင့်နှင့် ကင်မရာအသုံးပြုခွင့်ကို အပြည့်အဝဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ ပေးရန် လိုအပ်ကြောင်းလည်း သတိပြုရပါမည်။ လုပ်ဆောင်ပြီးသည်နှင့် ရယူသုံးစွဲခွင့် အတိုင်းအတာ ပြောင်းလဲသတ်မှတ်ရန်ဖြစ်စေ၊ အပြီးဖယ်ရှားရန်ဖြစ်စေ ဆက်တင်တွင် ချိန်ညှိလုပ်ဆောင်နိုင်ပါသည်။
ဓာတ်ပုံ ရွေးချယ်ရေးတူးလ်က ကျွန်ုပ်၏ဒေတာကို မည်သို့အသုံးပြုသနည်း။
ဤတူးလ်တွင် အကောင်းဆုံး လုပ်ဆောင်ချက်တစ်ခု ရှိပါသည်။ ဓာတ်ပုံ ရွေးချယ်ရေး လုပ်ဆောင်ချက်သည် သင့်စက်တွင်း၌သာ စီမံလုပ်ဆောင်သဖြင့် သင့်ထိန်းချုပ်မှုအောက်၌ အချိန်ပြည့် ရှိပါသည်။ ဤလုပ်ငန်းစဉ်အဆင့်အသီးသီး၌ သင့်ဒေတာကို မည်သို့ကိုင်တွယ်စီမံကြောင်း အသေးစိတ်ရှင်းလင်းချက်များကို အောက်တွင် ဖတ်ရှုနိုင်ပါသည်-
- ပရိုဖိုင်ဓာတ်ပုံကို အကြံပြုပေးခြင်း- ဓာတ်ပုံ ရွေးချယ်ရေးတူးလ်က ဤလုပ်ဆောင်ချက်ကို သုံးရန်အတွက် ပရိုဖိုင်ဓာတ်ပုံ အကြံပြုပေးရာ၌ သင့်ဇီဝအချက်အလက် ဒေတာကို အသုံးမပြုပါ။ ထို့အစား Tinder သည် လုံခြုံရေး မပေါက်ကြားစေနိုင်သော တူးလ်မျိုးကို အသုံးပြုပါသည်၊ ထိုတူးလ်သည် ဇီဝအချက်အလက် ဒေတာ ဖန်တီးရန် သို့မဟုတ် သင့်မျက်နှာသွင်ပြင်ဆိုင်ရာ အသေးစိတ်အချက်အလက်များ ရယူရန် မလိုအပ်ဘဲ သင့်ပရိုဖိုင်ဓာတ်ပုံများအနက် မျက်နှာပုံပီပြင်သော ဓာတ်ပုံမျိုးကို ရှာဖွေနိုင်သည့် တူးလ်မျိုး ဖြစ်ပါသည်။ ဤလုပ်ဆောင်ချက်ကို သင့်စက်ထဲ၌သာ အစအဆုံး လုပ်ဆောင်ပြီး သင့်ပရိုဖိုင်ဓာတ်ပုံများအနက် မည်သည့်ဓာတ်ပုံတွင် သင့်မျက်နှာပုံ ပေါ်လွင်နေသည်ဟူသည့် အချက်အလက်ဟူသမျှကို Tinder က ရယူခြင်း မပြုပါ။
- ဇီဝအချက်အလက်များ ဖန်တီးခြင်းနှင့် အသုံးပြုခြင်း- သင့်ပရိုဖိုင် ဓာတ်ပုံမှဖြစ်စေ၊ ဗီဒီယိုဆဲလ်ဖီမှဖြစ်စေ ဇီဝအချက်အလက်များ ရယူဖန်တီးပြီး သင့်ကင်မရာ Roll ထဲရှိ ဓာတ်ပုံများကို ထိုအချက်အလက်ဖြင့် တိုက်ဆိုင်စစ်ဆေးပါသည်။ Tinder သည် သင်၏ ဗီဒီယိုဆဲလ်ဖီမှဖြစ်စေ၊ ပရိုဖိုင် ဓာတ်ပုံမှဖြစ်စေ၊ ကင်မရာ Roll ထဲရှိ ဓာတ်ပုံများမှဖြစ်စေ ရယူဖန်တီးထားသည့် ဇီဝအချက်အလက်များကို စုဆောင်းခြင်းသော်လည်းကောင်း၊ သိုလှောင်သိမ်းဆည်းခြင်းသော်လည်းကောင်း၊ ရယူသုံးစွဲခြင်းသော်လည်းကောင်း၊ တစ်နည်းတစ်ဖုံဖြင့် လက်ခံရယူခြင်းသော်လည်းကောင်း မပြုပါ။ ဤလုပ်ဆောင်ချက်၌ ဇီဝအချက်အလက် ကိုင်တွယ်စီမံမှုကိစ္စ အားလုံးကို သင့်စက်ထဲတွင်သာ အစအဆုံး လုပ်ဆောင်ပြီး ဤလုပ်ဆောင်ချက်တွင် သုံးခဲ့သော ဇီဝအချက်အလက်အားလုံးကို လုပ်ဆောင်ချက်ပြီးစီး၍ တူးလ်မှ ထွက်လိုက်သည်နှင့် ဖျက်ပေးမည် ဖြစ်သည်။
- ဓာတ်ပုံစကန်ဖတ်ခြင်း- Tinder သည် သင့်ကင်မရာ Roll ထဲမှ ဓာတ်ပုံများကို စုဆောင်းခြင်း သို့မဟုတ် ရယူသုံးစွဲခြင်း မပြုပါ၊ ဓာတ်ပုံစကန်ဖတ်ခြင်းနှင့် ဓာတ်ပုံ အကြံပြုပေးခြင်း လုပ်ငန်းစဉ်တစ်ခုလုံးကို သင့်စက်ထဲ၌သာ အစအဆုံး လုပ်ဆောင်ပါသည်။ သင့်ပရိုဖိုင်အတွက် သင် နောက်ဆုံးရွေးချယ်လိုက်သည့် ဓာတ်ပုံကိုသာ Tinder က စုဆောင်းပါသည်။
ကျွန်ုပ်နှင့် မိတ်ဆွေများ စုရိုက်ထားသည့် ဓာတ်ပုံကို အဘယ်ကြောင့် အကြံမပြုပေးသနည်း။
ဓာတ်ပုံ ရွေးချယ်ရေးတူးလ်ကို အဖွဲ့လိုက်ဓာတ်ပုံများအား ဖယ်ထုတ်ရန် ဖန်တီးထားပါသည်။ သို့ဖြစ်၍ သင့်ဓာတ်ပုံများကို ရှာဖွေရာတွင်သာ ဤလုပ်ဆောင်ချက်ကို အသုံးပြုရန် တိုက်တွန်းလိုပါသည်။
အကြံပြုပေးထားသည့် ဓာတ်ပုံများကို မကြိုက်လျှင် မည်သို့လုပ်ရမည်နည်း။
ဓာတ်ပုံ ရွေးချယ်ရေးတူးလ်က အကြံပြုပေးထားသည့် ဓာတ်ပုံများသည် သင်၏ အလှဆုံးပုံများ မဟုတ်ဟု ယူဆပါက ကျွန်ုပ်တို့၏ လက်ခံဖြေကြားရေးဖောင်တွင် သင်၏ တုံ့ပြန်အကြုံပြုချက်ကို ထည့်သွင်း၍ အကြံပေးနိုင်ပါသည်။ သင့်အကြံပြုချက်သည် ဤလုပ်ဆောင်ချက် ပိုမိုကောင်းမွန်လာအောင် မွမ်းမံရာ၌ အလွန်အရေးပါပါသည်။
ဓာတ်ပုံ ရွေးချယ်ရေးတူးလ်ကို မည်သည့်နေရာတွင် ရယူအသုံးပြုနိုင်သနည်း။
ဓာတ်ပုံ ရွေးချယ်ရေးတူးလ်ကို ကမ္ဘာတစ်ဝန်းရှိ Android နှင့် iOS သုံးစွဲသူများက ရယူအသုံးပြုနိုင်ပါသည်။