ဓာတ်ပုံဖြင့် အတည်ပြုမှုဆိုသည်မှာ အဘယ်နည်း။
ဓာတ်ပုံဖြင့် အတည်ပြုရန် မည်သို့လုပ်ရမည်နည်း။
ဓာတ်ပုံဖြင့် အတည်ပြုမှု တင်သွင်းထားခြင်းကို ပယ်ချခံခဲ့ရပါသလား။
ဓာတ်ပုံဖြင့် အတည်ပြုပြီးလျှင် ဓာတ်ပုံဖြင့် အတည်ပြုမှု နောက်တစ်ကြိမ် ထပ်လုပ်ရန် လိုပါသလား။
ဓာတ်ပုံဖြင့် အတည်ပြုမှုဆိုသည်မှာ အဘယ်နည်း။
ဓာတ်ပုံဖြင့် အတည်ပြုမှုသည် သင်နှင့်စုံတွဲဖြစ်နိုင်ခြေရှိသူများကို သင်က ဓာတ်ပုံနှင့် လက်တွေ့ အမှန်တကယ်တူကြောင်း ပြသရာ၌ အထောက်အကူဖြစ်စေပါသည်။ ဓာတ်ပုံဖြင့် အတည်ပြုရန်အတွက် သင့်အနေနှင့် ဗီဒီယိုဆဲလ်ဖီအတိုတစ်ဖိုင် တင်ပေးရမည် ဖြစ်ပြီး မျက်နှာမှတ်သားသော နည်းပညာကို သုံး၍ ထိုဗီဒီယိုကို သင့်ပရိုဖိုင် ဓာတ်ပုံများနှင့် တိုက်ဆိုင်စစ်ဆေးသွားပါမည်။
ဓာတ်ပုံဖြင့် အတည်ပြုမှုကဲ့သို့ လုပ်ဆောင်ချက်များက Tinder ပေါ်ရှိ သုံးစွဲသူများအနေဖြင့် ဆုံးဖြတ်ချက်ချရာတွင် အချက်အလက်စုံလင်စွာ ချင့်ချိန်စဉ်းစားရန် တိုက်တွန်းပေးပြီး သုံးစွဲသူအသစ်များနှင့် တွေ့ဆုံရာတွင် Tinder ကို ပိုမိုဘေးကင်းသော ရပ်ဝန်းဖြစ်လာစေသောကြောင့် ၎င်းကို ပါဝင်ဆောင်ရွက်ပေးသည့် သင့်အား ကျေးဇူးတင်ရှိပါသည်။ အပြာရောင် အမှန်ခြစ်သင်္ကေတသည် Tinder သို့ သုံးစွဲသူက ပေးပို့ထားသည့် ဓာတ်ပုံများကို အခြေခံ၍ စစ်ဆေးရာ၌ ထိုပုဂ္ဂိုလ် အမှန်စစ်စစ်ဖြစ်ကြောင်းကို ပြသပေးသည့် သင်္ကေတ ဖြစ်သော်လည်း ထိုသုံးစွဲသူက Tinder ထံသို့ ပေးပို့ထားသော အချက်အလက်များ၏ စစ်မှန်မှုကို အာမခံပေးခြင်း မဟုတ်သဖြင့် မိမိ၏ အကောင်းဆုံးဆင်ခြင်နိုင်စွမ်း (ထို့အပြင် အရေးအကြီးဆုံးအချက်ဖြစ်သည့် မိမိနှင့်စုံတွဲဖြစ်နိုင်ခြေရှိသူသည် ၎င်းတို့ ဖော်ပြထားသည့် ပုဂ္ဂိုလ်အမှန်တကယ် ဟုတ်၊ မဟုတ် အတည်ပြုရာတွင် ကိုယ်တိုင်စုံစမ်းလေ့လာခြင်းအပါအဝင် ကျွန်ုပ်တို့၏ ဒိတ်လုပ်ရာတွင် ဘေးကင်းလုံခြုံစေရေး အကြံပြုချက်များအတိုင်း လုပ်ဆောင်ခြင်း) ကို အစားထိုးနိုင်သည်ဟုလည်း မမှတ်ယူစေလိုပါ။
ဓာတ်ပုံဖြင့် အတည်ပြုရန် မည်သို့လုပ်ရမည်နည်း။
ဓာတ်ပုံဖြင့် အတည်ပြုရန်အတွက် သင့်အနေဖြင့် အောက်ပါတို့ကို လုပ်ဆောင်ပြီး တောင်းထားသော ဗီဒီယိုဆဲလ်ဖီအတိုကို တင်ပေးရပါမည်-
- Tinder ကို ဖွင့်ပြီး ပရိုဖိုင် အိုင်ကွန်ကို နှိပ်ပါ
- သင့်နာမည်ဘေးရှိ မီးခိုးရောင် အမှန်ခြစ်သင်္ကေတကို နှိပ်ပါ
- “အတည်ပြုရန်” ကို တွေ့သောအခါ ဆက်လုပ်ရန် ကို ရွေးပါ
- Tinder ကို သင့်ကင်မရာ အသုံးပြုခွင့် မပေးရသေးပါက အသုံးပြုခွင့်ပေးပါ
- ဘဲဥပုံစက်ဝန်းအတွင်း မျက်နှာအနေအထား ကျအောင် ချိန်၍ အသင့်ဖြစ်ပါပြီ ကို နှိပ်လိုက်ပါ
- ဗီဒီယိုဆဲလ်ဖီအတို တင်ရာ၌ စခရင်တွင် ပေါ်လာသော လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ
ဓာတ်ပုံဖြင့် အတည်ပြုမှု တောင်းခံချက်ကို စစ်ဆေးလုပ်ဆောင်ရန်အတွက် မိနစ်အနည်းငယ်မျှသာ ကြာပါမည်။ အတည်ပြုပြီးသည်နှင့် သင့်ထံ အကြောင်းကြားပြီး သင့်ပရိုဖိုင်တွင် ဓာတ်ပုံဖြင့် အတည်ပြုပြီးကြောင်း အမှန်ခြစ်သင်္ကေတကို ထည့်ပေးပါမည်။
ဓာတ်ပုံဖြင့် အတည်ပြုမှု တင်သွင်းထားခြင်းကို ပယ်ချခံခဲ့ရပါသလား။
ထိုသို့ဖြစ်ရခြင်းအတွက် ဖြစ်လေ့ဖြစ်ထရှိသော အကြောင်းရင်းများမှာ-
- ပြထားသော ဘောင်အတွင်းတွင် မျက်နှာအနေအထား ထင်ထင်ရှားရှား ပေါ်မနေခြင်း
- မျက်နှာ ကွယ်နေခြင်း သို့မဟုတ် မပြတ်သားခြင်း
- မျက်နှာအမူအရာ တည်မနေခြင်း
- ဗီဒီယို အလင်းရောင် ကောင်းကောင်း မရခြင်း/မရှင်းလင်းခြင်း သို့မဟုတ် နှစ်မျိုးလုံး
- ဗီဒီယိုတွင် ပါသူနှင့် Tinder ပရိုဖိုင်ရှိ ဓာတ်ပုံ(များ)တွင် ပါသူနှင့် မတူခြင်း
ဓာတ်ပုံဖြင့် အတည်ပြုပြီးလျှင် ဓာတ်ပုံဖြင့် အတည်ပြုမှု နောက်တစ်ကြိမ် ထပ်လုပ်ရန် လိုပါသလား။
သင့်ပရိုဖိုင်ဓာတ်ပုံ 1 ပုံနှင့်အထက်ကို ဖျက်လိုက်ပါက ဤလုပ်ငန်းစဉ်ကို နောက်တစ်ကြိမ် ထပ်လုပ်ရနိုင်ပါသည်။ ဓာတ်ပုံဖြင့် အတည်ပြုပြီးနောက် အသစ်ထပ်တင်သော ဓာတ်ပုံတိုင်းကိုလည်း ဓာတ်ပုံဖြင့် အတည်ပြုမှုဆောင်ရွက် သွားမည်ဖြစ်ပြီး သင်၏ ဓာတ်ပုံဖြင့် အတည်ပြုပြီး အခြေအနေပေါ် သက်ရောက်မှုရှိနိုင်ပါသည်။
နောက်ထပ်အကူအညီ လိုအပ်ပါသလား။
ဓာတ်ပုံဖြင့် အတည်ပြုမှုဆိုင်ရာ အကူအညီ ပိုလိုအပ်ပါက ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။