အချို့သော ဈေးကွက်များတွင် Tinder အကောင့်ဖွင့်သည့်အချိန် သို့မဟုတ် ပရိုဖိုင်ကို တည်းဖြတ်သည့်အချိန်တွင် ပရိုဖိုင်ကို ပိုမိုမြန်ဆန်စွာ စီစဉ်သတ်မှတ်နိုင်ရန် သင့် ကင်မရာ Roll ကို ကျွန်ုပ်တို့ စကန်ဖတ်ခွင့်ပေးရန် ရွေးချယ်နိုင်ပါသည်။ သင့်ပရိုဖိုင်တွင် ထည့်လိုမည့် ဓာတ်ပုံများ၊ ကိုယ်ရေးအကျဉ်းများနှင့် အစဖော်မေးခွန်းများကို အကြံပြုရာ၌ သင့်ဓာတ်ပုံများမှ လေ့လာထားသည့်အချက်များကို အသုံးပြုပါသည်။ သင်ကိုယ်တိုင် ထိန်းချုပ်ခွင့်ရှိသဖြင့် သင် ထည့်ရန် ရွေးချယ်ထားသည့် အချက်အလက်များမှအပ မည်သည့်အချက်ကိုမျှ သင့်ပရိုဖိုင်တွင် ထည့်သွားမည် မဟုတ်ပါ။
ဓာတ်ပုံအခြေပြု အကြံပြုချက်တွေက ဘာတွေပါလဲ။
သင် ပါဝင်ရန် ရွေးချယ်သည့်အခါ ဓာတ်ပုံ အရည်အသွေးနှင့် အကြောင်းအရာကို ခွဲခြမ်းစိတ်ဖြာရန်အတွက် ကင်မရာ Roll စကန်ဖတ်ခြင်းကို သင့်စက်တွင် တိုက်ရိုက်လုပ်ဆောင်သွားမည်ဖြစ်သည်။ ဤလုပ်ဆောင်ချက်သည် သင်နှင့် ပိုမိုကိုက်ညီသော ပရိုဖိုင်တစ်ခု ဖန်တီးပေးနိုင်သကဲ့သို့ Tinder သုံးစွဲမှုအတွေ့အကြုံ ပိုမိုကောင်းမွန်လာအောင် လုပ်ဆောင်ပေးနိုင်ပါသည်။ ဤလုပ်ဆောင်ချက်တွင် ပါဝင်သည်များမှာ-
- စိတ်ကြိုက်ဖြစ်စေမည့် ဓာတ်ပုံ အကြံပြုချက်များ- သင့်ပရိုဖိုင်တွင် ထည့်လိုမည့် ဓာတ်ပုံများကို အကြံပြုပေးပါမည်။ ဤအကြံပြုချက်များသည် ရေပန်းစားနိုင်ခြေရှိသော ဓာတ်ပုံအမျိုးအစားများနှင့် ပတ်သက်၍ ကျွန်ုပ်တို့ သိရှိထားသည့် အချက်များပေါ် အခြေခံထားပြီး သင်၏ ကင်မရာ Roll အတွင်းမှ သင့်အကြောင်းဖော်ထုတ်သိရှိခဲ့သော ပက်တန်များ၊ အချက်အလက်များနှင့် တစ်ထပ်တည်းကိုက်ညီမှု ရှိပါသည်။ ဓာတ်ပုံ အကြံပြုချက်များတွင် သင် ပါဝင်နေစေရန် ဇီဝအချက်အလက် ဒေတာကို သင့်စက်ပေါ်တွင် စီမံလုပ်ဆောင်ရနိုင်ပါသည်။ Tinder သည် ဤလုပ်ငန်းစဉ်မှ ဇီဝအချက်အလက် ဒေတာကို ဝင်ရောက်ကြည့်ရှုခြင်း သို့မဟုတ် လက်ခံရယူခြင်း သို့မဟုတ် အခြားနည်းလမ်းဖြင့် စီမံလုပ်ဆောင်ခြင်း မပြုပါ။ သင့် ပရိုဖိုင်သို့ အပ်လုဒ်လုပ်လိုသော ဓာတ်ပုံများကို သင်ကိုယ်တိုင် ရွေးချယ်ရပါမည်။ သင့်ခွင့်ပြုချက် မရဘဲ ဓာတ်ပုံများကို သင့်ပရိုဖိုင်တွင် ထည့်သွားမည် မဟုတ်ပါ။
- စိတ်ကြိုက်ဖြစ်စေမည့် ပရိုဖိုင် သတ်မှတ်ပုံ- ပရိုဖိုင် သတ်မှတ်နေစဉ်အတွင်း ဤလုပ်ဆောင်ချက်ကို ရရှိနိုင်ပြီး သင့်ပရိုဖိုင်တွင် ထည့်ရန် စိတ်ဝင်စားမှုများအပြင် သင့်ပရိုဖိုင်၏ "ကျွန်ုပ်အကြောင်း" နှင့် သင့်ပရိုဖိုင် တည်ဆောက်ရန် အသုံးပြုနိုင်သည့် အစဖော်မေးခွန်းများအတွက် အသုံးဝင်နိုင်ခြေရှိသော ခေါင်းစဉ်များ အကြံပြုရာ၌ သင့်ဓာတ်ပုံများမှ သိရှိရသည်များကို အသုံးပြုသွားပါမည်။ သင့်ပရိုဖိုင်တွင် ထည့်လိုသော စိတ်ဝင်စားမှုနှင့် အကြောင်းအရာကို သင်ကိုယ်တိုင် ရွေးချယ်ရမည်ဖြစ်သည်။
သင့်ဒေတာကို အသုံးပြုပုံ
ကင်မရာ Roll ကို စစ်ဆေးသည့် လုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် သင့် ဓာတ်ပုံအချို့ကို Tinder ၏ ဆာဗာများသို့ ယာယီအပ်လုဒ်လုပ်ပြီးနောက် သင်၏ ဓာတ်ပုံများမှ ရိုက်လေ့ရှိသည့် ပုံစံနှင့် ပက်တန်များကို ခွဲခြားဖော်ထုတ်ရန် ကျွန်ုပ်တို့၏ AI နည်းပညာ ဝန်ဆောင်မှုပေးသူများထံ မျှဝေပေးပါသည်။
Tinder က သင်၏ သုံးစွဲမှုအတွေ့အကြုံကို စိတ်ကြိုက်ဖြစ်အောင် ပြင်ဆင်ပေးပြီး သင်နှင့် အခြားသုံးစွဲသူများ ပိုမိုအဆင်ပြေစွာချိတ်ဆက်ပေးနိုင်ရန် သင်၏ ဓာတ်ပုံများမှ ရရှိသော အချက်အလက်များကို အသုံးပြုပါမည်။ ဤလုပ်ဆောင်ချက်ကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရာတွင် အထောက်အကူဖြစ်စေရန် ဤအချက်အလက်များကို ကျွန်ုပ်တို့ ခွဲခြမ်းစိတ်ဖြာနိုင်ပါသည်။
ဓာတ်ပုံနှင့် အခြားအကြံပြုချက်များ
ကင်မရာ Roll စကန်ဖတ်ခြင်းကို သုံးရန် ရွေးချယ်ထားလျှင် အနီးကပ်ရိုက်ချက်များ၊ ကိုယ်လုံးပေါ် ဓာတ်ပုံများ၊ အဖွဲ့လိုက်ဓာတ်ပုံများ၊ ခရီးသွားပုံ သို့မဟုတ် အိမ်မွေးတိရစ္ဆာန်ပုံကဲ့သို့ သင် ရိုက်လေ့ရှိသော ပုံစံများ စသည့် ဓာတ်ပုံအမျိုးအစားများကို နားလည်သဘောပေါက်စေရန် စက်တွင်း စကန်ဖတ်မှုတစ်ရပ်ကို လုပ်ဆောင်သွားမည်ဖြစ်သည်။ သင့်ဓာတ်ပုံများအတွင်းရှိ မြင်ကွင်း ပက်တန်များကို ခွဲခြမ်းစိတ်ဖြာရာ၌ စက်ဖြင့် အော်တိုစစ်ဆေးသော နည်းပညာကို သုံး၍ ဆောင်ရွက်ပါသည်။ ဤပက်တန်များနှင့် Tinder တွင် ရေပန်းစားနိုင်ခြေရှိသော ဓာတ်ပုံများအကြောင်း ကျွန်ုပ်တို့ သိရှိထားသမျှ အချက်များပေါ်အခြေခံ၍ ရွေးချယ်ထားသော ဓာတ်ပုံစုစည်းမှုတစ်ရပ်ကို Tinder သို့ အပ်လုဒ်လုပ်ပြီး သင့် ပရိုဖိုင်တွင် ထည့်လိုမည့် ဓာတ်ပုံအနည်းငယ်ကို အကြံပြုပေးသွားမည်ဖြစ်သည်။ ရည်ရွယ်ချက်မှာ သင့် ပုံကို ရှုထောင့်အမျိုးမျိုးမှ ပြသပေးနိုင်သည့် ရှင်းလင်းပြတ်သား၍ ကွဲပြားစုံလင်သော ဓာတ်ပုံများ ကူညီရွေးချယ်ပေးရန် ဖြစ်သည်။ အပ်လုဒ်တင်ထားသော ဓာတ်ပုံများအနက် တစ်ပုံပုံကို သင့်ပရိုဖိုင်တွင် ထည့်လိုက်သည့် အခြေအနေမှအပ ထိုဓာတ်ပုံများကို ချက်ချင်း ဖျက်လိုက်မည် ဖြစ်ပါသည်။ ကိုယ်ရေးအကျဉ်းတွင် ထည့်သွင်းလိုနိုင်သော စိတ်ဝင်စားမှုများ သို့မဟုတ် အကြောင်းအရာများကို အကြံပြုရန်အတွက်လည်း ဓာတ်ပုံများမှ ရရှိသော အချက်အလက်များကို အသုံးပြုပါသည်။ သင့်ဆန္ဒမပါဘဲ မည်သည့်ဓာတ်ပုံ သို့မဟုတ် အခြားအကြံပြုချက်များကိုမျှ သင့်ပရိုဖိုင်တွင် ထည့်သွင်းသွားမည်မဟုတ်ပါ — သင့်ထံတွင် ထိန်းချုပ်ခွင့် ရှိပါသည်။
အချို့ကိစ္စရပ်များတွင် ဓာတ်ပုံ သို့မဟုတ် အကြံပြုချက်များသည် သင့်ဓာတ်ပုံများတွင် ခွဲခြားဖော်ထုတ်ထားသော ပက်တန်များကို အခြေခံ၍ ယဉ်ကျေးမှု၊ ဘာသာရေး၊ နိုင်ငံရေး၊ လူနေမှုပုံစံ သို့မဟုတ် အလားအလာရှိသော သတိထားကိုင်တွယ်ရမည့် အခြား အကြောင်းအရာများနှင့် ဆက်စပ်သည့် ပုံစံများကို ရည်ညွှန်းနိုင်ပါသည်။ ဤအချက်များကို သင့် ပရိုဖိုင်တွင် ထည့်၊ မထည့်ကို သင်ကိုယ်တိုင် ရွေးချယ်နိုင်ပြီး သင်ထည့်ထားသော ပရိုဖိုင် ဓာတ်ပုံ(များ) သို့မဟုတ် ကိုယ်ရေးအကျဉ်း(များ) သို့မဟုတ် စိတ်ဝင်စားမှု(များ)ကိုလည်း သင့်ပရိုဖိုင် ပြင်ဆင်ရန် ဆက်တင်တွင် အချိန်မရွေး အပ်ဒိတ်လုပ်နိုင်ပါသည်။
ဓာတ်ပုံ အကြံပြုချက်များအတွက် ဇီဝအချက်အလက် ဒေတာကို ဘယ်လိုအသုံးပြုပါသလဲ။
ကင်မရာ Roll စကင်ဖတ်ခြင်းကို အသုံးပြုရန် ရွေးချယ်လိုက်ချိန်၌ သင်၏ ဓာတ်ပုံများကို ရှာဖွေပြီး အကြံပြုနိုင်ရန် ဇီဝအချက်အလက် ဒေတာကို သင့် စက်ပေါ်တွင် စီမံလုပ်ဆောင်ခွင့် ပြုလိုက်မည်ဖြစ်သည်။ စီမံလုပ်ဆောင်ပုံသည် ဈေးကွက်အလိုက် ကွဲပြားပါသည်။ သင့်ဒေတာကို စီမံလုပ်ဆောင်ပုံနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို အောက်တွင် ဖတ်ရှုပါ။ စီမံလုပ်ဆောင်မှုတစ်ရပ်စီကို သင့်စက်ပေါ်တွင်သာ သီးသန့် လုပ်ဆောင်သည်ဖြစ်၍ ကင်မရာ Roll စကန်ဖတ်ခြင်း လုပ်ဆောင်ချက်မှ ဇီဝအချက်အလက် ဒေတာကို Tinder က ရယူသုံးစွဲခြင်းဖြစ်စေ၊ ၎င်းထံ မျှဝေခြင်းဖြစ်စေ၊ တစ်နည်းတစ်ဖုံ စီမံလုပ်ဆောင်ခြင်းဖြစ်စေ မပြုနိုင်ပါ။
ပရိုဖိုင် ဓာတ်ပုံ အကြံပြုခြင်း သို့မဟုတ် ဗီဒီယို ဆဲလ်ဖီ ရိုက်ခြင်း
သင့်ထံတွင် သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ပရိုဖိုင် ဓာတ်ပုံ တစ်ပုံရှိပြီးလျှင် ထိုပုံကို အကြံပြုပေးပါမည်။ Tinder သည် လုံခြုံရေး မပေါက်ကြားစေနိုင်သော တူးလ်ကို အသုံးပြုပါသည်။ ထိုတူးလ်သည် ဇီဝအချက်အလက် ဒေတာ ဖန်တီးရန် သို့မဟုတ် သင့်မျက်နှာသွင်ပြင်ဆိုင်ရာ အသေးစိတ်အချက်အလက်များ ရယူရန် မလိုအပ်ဘဲ သင့်ပရိုဖိုင်ဓာတ်ပုံများအနက် မျက်နှာပုံပီပြင်သော ဓာတ်ပုံမျိုးကို ရှာဖွေနိုင်သည့် တူးလ်တစ်မျိုး ဖြစ်ပါသည်။ ဤလုပ်ငန်းစဥ်တစ်ခုလုံးကို သင့်စက်ပေါ်တွင်သာ ဆောင်ရွက်ပါသည်။
နောက်တစ်နည်းအနေဖြင့် ဆဲလ်ဖီပုံတစ်ပုံ ရိုက်ရန် ရွေးချယ်ခွင့် ရနိုင်ပါသည်။ ဤသို့လုပ်ဆောင်ရန် ရွေးချယ်လိုက်ပါ ဤအပိုဒ်တွင် ရှင်းလင်းတင်ပြထားသည့်အတိုင်း သင့် ကင်မရာ Roll အတွင်းမှ သင့်ဓာတ်ပုံများကို ခွဲခြားဖော်ထုတ်ရာ၌ သင့် ဆဲလ်ဖီပုံကိုသာ အသုံးပြုသွားမည်ဖြစ်သည်။ ဤလုပ်ဆောင်ချက်မှ ထွက်လိုက်ချိန်၌ သင့်ဆဲလ်ဖီပုံကို ဖျက်လိုက်မည်ဖြစ်သည်။
သင့်ပရိုဖိုင် ဓာတ်ပုံမှဖြစ်စေ၊ ဆဲလ်ဖီမှဖြစ်စေ ဇီဝအချက်အလက် ဒေတာ ရယူဖန်တီးပြီး သင့်ကင်မရာ Roll ထဲရှိ ဓာတ်ပုံများကို ထိုအချက်အလက်ဖြင့် တိုက်ဆိုင်စစ်ဆေးပါသည်။ Tinder သည် သင်၏ ဆဲလ်ဖီမှဖြစ်စေ၊ ပရိုဖိုင် ဓာတ်ပုံမှဖြစ်စေ၊ ကင်မရာ Roll ထဲရှိ ဓာတ်ပုံများမှဖြစ်စေ ရယူဖန်တီးထားသည့် ဇီဝအချက်အလက် ဒေတာကို စုဆောင်းခြင်းသော်လည်းကောင်း၊ သိုလှောင်သိမ်းဆည်းခြင်းသော်လည်းကောင်း၊ ရယူသုံးစွဲခြင်းသော်လည်းကောင်း၊ တစ်နည်းတစ်ဖုံဖြင့် လက်ခံရယူခြင်းသော်လည်းကောင်း မပြုပါ။ ထိုအစား ဤလုပ်ဆောင်ချက် တစ်ရပ်လုံးကို သင့်စက်ပေါ်တွင်သာ အစအဆုံး လုပ်ဆောင်ပြီး ဤလုပ်ဆောင်ချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အသုံးပြုခဲ့သော ဇီဝအချက်အလက် ဒေတာကို ဤလုပ်ဆောင်ချက်မှ ထွက်လိုက်သည်နှင့် ဖျက်ပေးမည်ဖြစ်သည်။
သင့်ကင်မရာ Roll မှ ကိုးကားဓာတ်ပုံကို အသုံးပြုခြင်း
အချို့သော ဈေးကွက်များတွင် သင့်ကင်မရာ Roll အတွင်းရှိ သင့်ကိုယ်တိုင်၏ ကိုးကားဓာတ်ပုံတစ်ပုံကို သတ်မှတ်ရွေးချယ်ခွင့် ရှိနိုင်ပါသည်။ ဤသို့ လုပ်ဆောင်ရန်အတွက် ကင်မရာ Roll ကို စကန်ဖတ်ခြင်း သုံးရန် ရွေးချယ်လိုက်ချိန်တွင် သင့် ကင်မရာ Roll အတွင်းရှိ ဓာတ်ပုံများမှ ဆင်တူသည့် မျက်နှာများကို တူရာစုလိုက်ပြီး သင်နှင့်တူသည့် ပုံကို အတည်ပြုပေးရန် သင့်အား အသိပေးလိုက်ပါမည်။ ဤလုပ်ငန်းစဥ်တစ်ခုလုံးကို သင့်စက်ပေါ်တွင်သာ ဆောင်ရွက်ပါသည်။ သင်ပုံကို အတည်ပြုပေးပြီးချိန်၌ သင့်ဓာတ်ပုံများကို ခွဲခြားဖော်ထုတ်ရာ၌ အထောက်အကူဖြစ်စေရန် ဇီဝအချက်အလက် ဒေတာအဖြစ် မှတ်ယူနိုင်သည့် မျက်နှာသွင်ပြင် ကိုးကားချက်ကို သင့်ကင်မရာ Roll အတွင်းရှိ ဓာတ်ပုံများနှင့် တိုက်ဆိုင်စစ်ဆေးပြီး နောင်စကန်ပြန်ဖတ်ချိန်၌ ပိုမိုမြန်ဆန်စေရန် ထိုကိုးကားဓာတ်ပုံကို သင့်စက်တွင်း၌ သိမ်းဆည်းထားမည်ဖြစ်သည်။ Tinder မှ အကောင့်ထွက်လိုက်ချိန်၌ သင့်မျက်နှာသွင်ပြင် ကိုးကားချက်ကို ဖျက်လိုက်မည်ဖြစ်သကဲ့သို့ ဖော်ပြပါနည်းအတိုင်း ထိုပုံကို အချိန်မရွေး ပြန်လည်သတ်မှတ်ပြီး ဖျက်ပစ်နိုင်ပါသည်-
- ဆက်တင်သို့ သွားပါ
- Scroll ဆွဲကြည့်ပြီး ဓာတ်ပုံ အကြံပြုချက်များကို ရှာဖွေပါ
- သိမ်းဆည်းထားသော မျက်နှာသွင်ပြင် ကိုးကားချက်ကို နှိပ်ပြီး မျက်နှာသွင်ပြင် ကိုးကားချက် ဖျက်ရန်ကို ရွေးပါ
မှတ်ချက်- ဩစတြေးလျနိုင်ငံရှိ သုံးစွဲသူအချို့အတွက်မူ ဤလုပ်ဆောင်ချက်ကို စတင်အသုံးပြုနေစဉ်အတွင်း သင်တို့၏ ကင်မရာ Roll အတွင်းရှိ ဆင်တူသော မျက်နှာများကို တူရာစုပြီး အတွေ့ရအများဆုံး မျက်နှာကို မျက်နှာသွင်ပြင် ကိုးကားချက် ဖန်တီးရန် အော်တိုအသုံးပြုသွားမည်ဖြစ်သည်။ ထိုမျက်နှာသွင်ပြင် ကိုးကားချက်သည် သင့်အတွက် ဓာတ်ပုံ အကြံပြုချက်များ ဖန်တီးထုတ်လုပ်ပေးပြီး ၎င်းကို ဇီဝအချက်အလက် ဒေတာဟု မှတ်ယူနိုင်ပါသည်။ အကြံပြုထားသော ဓာတ်ပုံသည် သင်နှင့် မတူပါက အခြားမျက်နှာသွင်ပြင်တစ်ခုကို ပြောင်းရွေးရန် "သင်မဟုတ်ဘူးလား" ခလုတ်ကို နှိပ်နိုင်ပါသည် သို့မဟုတ် သင့်ကိုယ်ပိုင် ဓာတ်ပုံများကို လူကိုယ်တိုင် ရွေးနိုင်ပါသည်။ ထိုလုပ်ဆောင်ချက်ကို စတင်အသုံးပြုပြီးသွားသည်နှင့် မျက်နှာသွင်ပြင် ကိုးကားချက်ကို အထက်တွင် ရှင်းလင်းတင်ပြခဲ့သည်အတိုင်း သင်အကောင့် မထွက်မီအထိ သို့မဟုတ် ဆက်တင်တွင်းဝင်၍ မဖျက်မီအထိ သိမ်းဆည်းထားမည်ဖြစ်သည်။
ကန့်သတ်ချက်များ
အကြံပြုချက်များ ဖန်တီးရန် သုံးစွဲထားသော နည်းပညာသည် သုံးစွဲသူများကို အထောက်အကူပြုပြီး ကျွန်ုပ်တို့၏ အသုံးပြုမှုစည်းမျဉ်းများ သို့မဟုတ် အဖွဲ့စည်းမျဉ်းများကို ချိုးဖောက်နိုင်ခြေရှိသော ဓာတ်ပုံများ သို့မဟုတ် အကြံပြုချက်များကို ချန်လှပ်ထားရန် ရေးဆွဲဖန်တီးထားသော်လည်း ထိုနည်းပညာသည် 100% တိကျသည်ဟု မဆိုနိုင်ပါ။ တစ်ခါတစ်ရံ၌ သင်၏ တစ်ကိုယ်ရေ ဦးစားပေးမှုများနှင့် မကိုက်ညီသော ဓာတ်ပုံများကို အကြံပြုမိခြင်း သို့မဟုတ် သင့်ဘဝနေထိုင်မှုပုံစံကို အဓိပ္ပာယ်ကောက်လွဲခြင်းမျိုး ကြုံရနိုင်ပါသည်။ ဤတူးလ်ကို သင့်အတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ထားသော်လည်း သင့်ပရိုဖိုင်တွင် ထည့်သွင်းရန် သင်ရွေးချယ်သည့် ဓာတ်ပုံများနှင့် အချက်အလက်များအတွက် သင့်ထံ၌သာ အဆုံးသတ်တာဝန်ရှိမည်ဖြစ်ကြောင်း သတိပြုပါ၊ ထိုအရာများသည် ကျွန်ုပ်တို့၏ အသုံးပြုမှုစည်းမျဉ်းများ၊ အဖွဲ့စည်းမျဉ်းများနှင့် ဒေသတွင်း ဥပဒေများကို လိုက်နာမှုရှိစေရန် သေချာစိစစ်ပေးပါ။
အခြားသတိပြုစေလိုသည်မှာ-
- သတ်မှတ်ချက်နှင့် ကိုက်ညီမှု- သင့်ထံတွင် ဓာတ်ပုံအရေအတွက် အလုံအလောက် မရှိလျှင် ဓာတ်ပုံနှင့် အခြား အကြံပြုချက်များကို ရရှိနိုင်မည် မဟုတ်ပါ။ ကင်မရာ Roll စကန်ဖတ်ရန် ရွေးချယ်ခဲ့သော်လည်း ဓာတ်ပုံ အလုံအလောက်မရှိပါက သတ်မှတ်ချက်နှင့် ကိုက်ညီသည်အထိ ဓာတ်ပုံ လုံလောက်လာခြင်း ရှိမရှိ ဆုံးဖြတ်နိုင်ရန် သင့်ကင်မရာ Roll တွင်းရှိ ဓာတ်ပုံသစ်များကို အချိန်အခါအားလျော်စွာ စစ်ဆေးကြည့်ပါမည်။ အကောင့်ဖွင့်ပြီးနောက် ပရိုဖိုင်ကို သတ်မှတ်နေဆဲ အချိန်တွင် ဓာတ်ပုံ အလုံအလောက် မရှိသေးပါက သင့်ပရိုဖိုင်ကို ကိုယ်တိုင် ဆက်လက်တည်ဆောက်နိုင်ပါသည်။
- စကန် ဆက်ဖတ်ခြင်း- စကန်ဖတ်နေစဉ် ကြားဖြတ်ရပ်တန့်သွားပါက နောက်တစ်ကြိမ် အက်ပ်ပြန်ဖွင့်ချိန်၌ စကန်ဖတ်ခြင်းကို ပြီးမြောက်သည်အထိ ဆက်လက်လုပ်ဆောင်သွားပါမည်။
- စကန်ပြန်ဖတ်ခြင်း- သင့်ကင်မရာ Roll ကို စကန်ပြန်ဖတ်ရန် ရွေးချယ်လိုက်လျှင် ယခင် အကြံပြုချက်များနေရာတွင် နောက်ဆုံးအကြိမ် စကန်ဖတ်ရာမှ ရရှိလာသည့် အသစ်များဖြင့် အစားထိုးလဲလှယ်သွားပါမည်။
မသုံးစွဲရန် ရွေးချယ်ခြင်း သို့မဟုတ် သင့်ဒေတာကို ဖျက်ခြင်း
သင်၏ ပရိုဖိုင်တွင် ပရိုဖိုင်တွင် ပြသမည့် အချက်များကို သင်ကိုယ်တိုင် ထိန်းချုပ်ခွင့်ရှိပါသည်။ ကင်မရာ Roll စကန်ဖတ်ခြင်း လုပ်ငန်းစဉ်တစ်ခုလုံးကို မသုံးစွဲရန်လည်း ရွေးချယ်နိုင်ပါသည်။
- အကြံပြုထားသော ဓာတ်ပုံများ- အကြံပြုထားသော ဓာတ်ပုံများမှ သင်ရွေးချယ်ထားသော ပုံများကိုသာ ပရိုဖိုင်တွင် ထည့်သွားမည်ဖြစ်သည်။ ပရိုဖိုင် ပြင်ဆင်ရန် ဆက်တင်တွင် အကြံပြုထားသော ဓာတ်ပုံများကို အချိန်မရွေး ဖယ်ရှားနိုင်ပါသည်။
- ကင်မရာ Roll ခွင့်ပြုချက်များ- သင့်စက်၏ စနစ်ဆက်တင်တွင်းမှတစ်ဆင့် ကင်မရာ Roll ဝင်ရောက်သုံးစွဲခွင့်ကို အချိန်မရွေး ချိန်ညှိခြင်း သို့မဟုတ် ဖယ်ရှားခြင်း လုပ်ဆောင်နိုင်ပါသည်။
- အကောင့်ဖွင့်နေစဉ်အတွင်း- ကင်မရာ Roll စကန်ဖတ်သည့် လုပ်ငန်းစဉ်တစ်ရပ်လုံးကို ကျော်သွားနိုင်သကဲ့သို့ ဓာတ်ပုံများ၊ ကိုယ်ရေးအကျဉ်းနှင့် အစဖော်မေးခွန်း ခေါင်းစဉ်များ၊ စိတ်ဝင်စားမှုများ၊ အခြားပရိုဖိုင် အကြံပြုချက်များ စသည့်တစ်ချက်ချက်ကို အသုံးမပြုရန်လည်း ရွေးချယ်နိုင်ပါသည်။
- အကောင့်ဖွင့်ပြီးနောက်- အကြံပြုထားသည့် ဓာတ်ပုံများ၊ စိတ်ဝင်စားမှုများ၊ ကိုယ်ရေးအကျဉ်း၊ အစဖော်မေးခွန်း စသည့်တစ်ချက်ချက်ကို ပရိုဖိုင် ပြင်ဆင်ရန် ဆက်တင်တွင် အချိန်မရွေးဝင်ရောက်၍ ဖယ်ရှားနိုင်ပါသည်။
နောက်ထပ် အကူအညီ
အကူအညီ ပိုမိုလိုအပ်ပါက အသေးစိတ်အချက်အလက်များ ထပ်မံထည့်သွင်းပြီး ကျွန်ုပ်တို့ထံ ဆက်သွယ်ပေးပါ။ ကူညီပေးရန် အသင့်ရှိနေပါမည်။
ကျွန်ုပ်တို့၏ လုံခြုံရေး မူဝါဒကို ဝင်ရောက်ကြည့်ရှုပြီး ဘေးကင်းလုံခြုံရေး လုပ်ထုံးလုပ်နည်းများနှင့် သင့်အခွင့်အရေးများအကြောင်း ပိုမိုလေ့လာလိုက်ပါ။ သင့်ဒေတာ မိတ္တူ တောင်းဆိုပုံကိုလည်း လေ့လာနိုင်ပါသည်။
Comments
0 comments
Article is closed for comments.