Tinder တွင် ကျွန်ုပ်တို့သည် သင်၏ ဒေတာနှင့် ကိုယ်ရေးအချက်အလက် လုံခြုံရေးကို ကာကွယ်ပေးရန် အားသွန်ခွန်စိုက် ကြိုးပမ်းနေသကဲ့သို့ ကျွန်ုပ်တို့ထံ သင်မျှဝေထားသောအချက်အလက်များ ရယူသုံးစွဲခွင့်ကိုလည်း သင့်အား ပေးအပ်ထားပါသည်။
သင့်ဒေတာကို တောင်းဆိုနည်း
- ကျွန်ုပ်အကောင့်ကို စီမံရန် တူးလ်သို့ သွား၍ အကောင့်တွင်း ဝင်ရောက်ပါ။
- "ကျွန်ုပ်၏ အချက်အလက်ကို ဒေါင်းလုဒ်လုပ်ရန်"ကို နှိပ်ပါ
- ဒေါင်းလုဒ်လင့်ခ် လက်ခံရရှိလိုသော အီးမေးလ်လိပ်စာကို ရိုက်ထည့်ပါ။
- "ပေးပို့ရန်"ကို နှိပ်ပါ
သင်၏ တောင်းဆိုချက်ကို ပေးပို့ပြီးနောက် ရက်အနည်းငယ်အတွင်း ကျွန်ုပ်တို့က ဒေါင်းလုဒ်လင့်ခ် ပါရှိသော အီးမေးလ်တစ်စောင်ကို ပေးပို့ပါမည်။ သင့်ကိုယ်ရေးလုံခြုံမှုနှင့် သင့်လုံခြုံရေးကို ကာကွယ်ပေးရန်အလို့ငှာ အဆိုပါလင့်ခ်သည် အီးမေးလ် ပေးပို့ပြီးချိန်မှစ၍ 24 နာရီအကြာတွင် သက်တမ်းကုန်သွားပါမည်။ ထိုသတ်မှတ်အချိန်အတွင်း သင့်ဒေတာကို ရယူသုံးစွဲခြင်း မပြုခဲ့ပါက တောင်းဆိုချက် ထပ်မံတင်သွင်းနိုင်ပါသည်။
သင့်ဒေတာကို ဒေါင်းလုဒ်လုပ်နည်း
- ကျွန်ုပ်တို့ထံမှ သင့်ဒေတာ အသင့်ဖြစ်ကြောင်း အသိပေးသည့် အီးမေးလ်ကို ဖွင့်ပါ။
- ZIP ဖိုင်အဖြစ် သိမ်းဆည်းရန် အီးမေးလ်တွင် ပါရှိသော ဒေါင်းလုဒ်လင့်ခ်ကို နှိပ်ပါ။
- ZIP ဖိုင်ကို ဖြေပါ။
- သင့်ဒေတာကို ဘရောက်ဇာတွင် ကြည့်ရန် index.html ဖိုင်ကို ဖွင့်ပါ။
သင့်ဒေတာဖိုင် ရှင်းလင်းဖော်ပြချက်
သင်ဒေါင်းလုဒ်လုပ်ထားသည့်ဖိုင်ကို ဇစ်ဖြေပြီးချိန်၌ သင်၏ ကိုယ်ရေးအချက်အလက်ဒေတာ ပါရှိသော ဖိုင်တွဲတစ်ခုကို တွေ့မြင်ရပါမည်။ ထိုဖိုင်တွဲအတွင်း၌ index.html ဖိုင်ကို တွေ့ရမည်ဖြစ်ပြီး ထိုဖိုင်သည် ဒေါင်းလုဒ်လုပ်ထားသော သင့်ဒေတာ၏ သုံးစွဲသူ နားလည်ရလွယ်ကူသော ဗားရှင်းတစ်ခုဖြစ်သည်။ သင့်ဒေတာကို လေ့လာရန် အဆိုပါဖိုင်ကို သင့်ဘရောက်ဇာတွင် ဖွင့်ပါ။ JSON ဖောမတ်ဖြင့် ရေးသားထားကာ စနစ်တကျရှိပြီး စက်က ဖတ်ရှုနားလည်နိုင်သော သင့်ဒေတာ၏ ဗားရှင်းကိုလည်း တွေ့ရနိုင်ပါသည်။
သင်ဒေါင်းလုဒ်လုပ်ခဲ့သော ဒေတာတွင် ပါဝင်နိုင်သော အချက်အလက်များမှာ-
- အကောင့်နှင့် ပရိုဖိုင် အချက်အလက်
- ဦးစားပေးမှုများနှင့် ဆက်တင်
- သင် အပ်လုဒ်လုပ်ထားသော ဓာတ်ပုံများနှင့် အခြားမီဒီယာ
- မက်ဆေ့ချ် အပြန်အလှန်ပေးပို့မှုများ
- အပြန်အလှန် ရွေးထားမှုနှင့် စုံတွဲဖြစ်မှု
- ဝယ်ယူမှုနှင့် ဝန်ဆောင်မှု ပုံမှန်ရယူမှု အချက်အလက်များ
- ချိတ်ဆက်ထားသော ဝန်ဆောင်မှုများ (ဥပမာ၊ Spotify)
- သုံးစွဲမှုနှင့် နည်းပညာပိုင်းဆိုင်ရာ ဒေတာ
ဤတူးလ်မှတစ်ဆင့် လက်ခံရရှိမည့် အချက်အလက်အများစုမှာ အီးမေးလ်လိပ်စာ၊ ဖုန်းနံပါတ်၊ ပရိုဖိုင် ဓာတ်ပုံ(များ)၊ မက်ဆေ့ချ်များနှင့် ဦးစားပေးမှုများကဲ့သို့ အက်ပ်အတွင်း၌ သင် ရယူနိုင်သော အချက်အလက်များ ဖြစ်သည်။
သင်ဒေါင်းလုဒ်လုပ်ထားသော ဖိုင်တွင် ပါရှိသော ဒေတာသည် သင်၏ Tinder သုံးစွဲပုံပေါ် မူတည်၍ ကွာခြားမှု ရှိနိုင်ပါသည်။ သင်ဒေါင်းလုဒ်လုပ်ထားသော ဖိုင်ရှိ ဖိုင်တွဲတစ်ခုတွင် အလွတ်ဖြစ်နေပါက သင့်အကောင့်တွင် အဆိုပါကဏ္ဍနှင့် ပတ်သက်သော ဒေတာမရှိဟု ဆိုလိုပါသည်။ အချို့သော အချက်အလက်များဖြစ်သည့်—သင်ဖျက်ခဲ့သော ဒေတာကဲ့သို့ (ကျွန်ုပ်တို့၏ လုံခြုံရေးမူဝါဒအရ ဖျက်ပေးခဲ့သော) အချက်အလက်အမျိုးအစားများ သို့မဟုတ် အခြားပုဂ္ဂိုလ်တစ်ဦး၏ ကိုယ်ရေးလုံခြုံမှုကိုဖြစ်စေ၊ ဘေးကင်းလုံခြုံရေးကိုဖြစ်စေ ထိခိုက်စေနိုင်သော အချက်အလက်များကို—သင်၏ ဖိုင်အတွင်း ထည့်သွင်းဖော်ပြပေးသွားမည် မဟုတ်ပါ။
အကောင့်တွင်းသို့ ဝင်ရောက်သုံးစွဲ၍ မရချိန်၌ သင့်ဒေတာကို တောင်းဆိုနည်း
သင်၏ Tinder အကောင့်ကို ဖျက်လိုက်ပါက Tinder တွင် သင့်အကောင့် ရှိတော့မည်မဟုတ်၍ ကျွန်ုပ်၏ အကောင့်ကို စီမံရန် တူးလ်ကို ရယူသုံးစွဲနိုင်မည် မဟုတ်ပါ။
သင့်အကောင့်ကို ဖျက်လိုက်ပါက သို့မဟုတ် အကောင့်တွင်း ဝင်ရောက်၍ မရနိုင်ပါက ဖော်ပြပါနည်းလမ်းဖြင့် သင့်ဒေတာကို ရယူသုံးစွဲခွင့် တောင်းဆိုနိုင်ပါသည်-
- ကျွန်ုပ်တို့၏ ကိုယ်ရေးအချက်အလက် တောင်းဆိုလွှာဖောင်သို့ ဝင်ပါ
- "ဘာအတွက် စိုးရိမ်နေပါသလဲ။" အောက်ရှိ "ကျွန်ုပ်၏ ဒေတာနှင့်ပတ်သက်၍ နောက်ထပ်မေးစရာ ရှိပါသည်။" ကို ရွေးပါ
- "ရှင်းလင်းဖော်ပြချက်"အကွက်တွင် သင်၏ တောင်းဆိုချက်အကြောင်း အသေးစိတ်ကို ရေးသားဖော်ပြပေးပါ
- "ရီပို့(တ်)လုပ်ရန်"ကို ရွေးပါ
သင့်ထံ ဆက်သွယ်စေလိုသော အီးမေးလ်လိပ်စာကို ထည့်သွင်းပေးပါ။ Tinder သုံးစွဲသူတစ်ဦးဖြစ်ပါက သင့်အကောင့်နှင့် ချိတ်ဆက်ထားသော အီးမေးလ်ကို ထည့်သွင်းပေးပါ။ သင့်အား တုံ့ပြန်ဖြေကြားပေးရာ၌ အထောက်အကူဖြစ်စေမည့် ပူးတွဲပါဖိုင်များကိုလည်း ထည့်သွင်းတင်ပြနိုင်ပါသည်။
သင်နှင့် ကျွန်ုပ်တို့၏ မန်ဘာအားလုံးကို ကာကွယ်ပေးရေးအတွက် သင်၏ ကိုယ်ရေးအထောက်အထားကို အတည်ပြုနိုင်သည့် အချက်အလက်များကို တောင်းဆိုနိုင်ပါသည် သို့မဟုတ် သင့်တောင်းဆိုချက်ကို မဖြေကြားမီ မန်ဘာများကိုယ်စား ဆောင်ရွက်ပေးခွင့်ပြုရန် ခွင့်ပြုချက် တောင်းဆိုနိုင်ပါသည်။
သင့်ဒေတာနှင့်ပတ်သက်သော မေးခွန်းများ
သင်လက်ခံရရှိသော ဒေတာနှင့်ပတ်သက်၍ အကူအညီ လိုအပ်ပါက သို့မဟုတ် မေးမြန်းလိုသည့်အချက်များရှိပါက အထက်တွင် ဖော်ပြထားသည့်အတိုင်း တောင်းဆိုချက် ပေးပို့နိုင်ပါသည်။ သင့်ဒေတာ ထုတ်ယူပုံနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ အကူအညီပေးအဖွဲ့ထံမှ လက်ခံရရှိခဲ့သော အီးမေးလ်ကိုလည်း စာပြန်နိုင်ပါသည်။
မှတ်ချက်- Tinder ၏ ဒေတာကာကွယ်ရေးအရာရှိထံ ဆက်သွယ်နိုင်မည့် နည်းလမ်းများအကြောင်း ပိုမိုသိရှိလိုပါက ဤနေရာကို နှိပ်ပါ။