အချို့သော ဈေးကွက်များတွင် Apple ၏ Vision Framework အစွမ်းဖြင့် ပရိုဖိုင်ဓာတ်ပုံ အကြံပြုချက်များ ပံ့ပိုးပေးသည့် ဤလုပ်ဆောင်ချက်ရဲ့ မူကွဲဗားရှင်းတစ်ခုကို ကျွန်ုပ်တို့ စမ်းသပ်သုံးစွဲလျက်ရှိပါသည်။ ထိုလုပ်ဆောင်ချက်၏ အလုပ်လုပ်ပုံကို ဤဖော်ပြချက်တွင် ရှင်းလင်းရေးသားထားပါသည်။
သတိပြုရန်- ဤလုပ်ဆောင်ချက်အစား ဓာတ်ပုံ ရွေးချယ်ရေးကို တွေ့မြင်နေရသော သုံးစွဲသူများအနေဖြင့် ဤဖော်ပြချက်ကို ဖတ်ရှုပေးပါ။
ထိုလုပ်ဆောင်ချက် အလုပ်လုပ်ပုံ
ဤလုပ်ဆောင်ချက်သည် ဓာတ်ပုံအရည်အသွေး၊ ဓာတ်ပုံသည် တစ်ဦးတည်းပုံ သို့မဟုတ် အုပ်စုပုံ ဟုတ်မဟုတ် ခွဲခြားပေးခြင်း စသည့်အချက်များကို ရှာဖွေကြည့်ရှုပေး၍ သင့်ကင်မရာ Roll တွင်းရှိ ပရိုဖိုင်ဓာတ်ပုံအဖြစ် သင့်တော်နိုင်သော ဓာတ်ပုံတွေကို ရှာဖွေရာ၌ အထောက်အကူဖြစ်စေပါသည်။ သင့်ပုံ ပါရှိသော ဓာတ်ပုံတွေကို ရှာဖွေရန် ကြိုးပမ်းချိန်တွင် ဤလုပ်ဆောင်ချက်သည် Apple ရဲ့ Vision Framework အစွမ်းဖြင့် သင်၏ လက်ရှိ Tinder ပရိုဖိုင်ဓာတ်ပုံများနှင့် ကင်မရာ Roll တွင်းရှိ မျက်နှာသွင်ပြင်များကို ကိန်းဂဏန်းများဖြင့် ကိုယ်စားပြုဖော်ပြသည့် ဇီဝအချက်အလက် အင်္ဂါရပ်အမှတ်အသားများကို ဖန်တီးလိုက်ပါသည်။ သင့်ပုံဟု ယူဆနိုင်သည့် ဓာတ်ပုံများကို ရှာဖွေရန်အတွက် Tinder သည် အဆိုပါအင်္ဂါရပ်အမှတ်အသားများကို သင့်စက်ရှိ ပုံများနှင့် တိုက်ဆိုင်စစ်ဆေးပါသည်။ သင့် ပရိုဖိုင်သို့ အပ်လုဒ်လုပ်လိုသော ဓာတ်ပုံ တစ်ပုံပုံ ရှိပါက ထိုပုံကို သင်ကိုယ်တိုင် ရွေးချယ်ရပါမည်။
ကျွန်ုပ်၏ဒေတာကို အသုံးပြုပုံ
ဤခွဲခြမ်းစိတ်ဖြာမှုကို သင့်စက်ပေါ်တွင် ဆောင်ရွက်ပါသည်။ အင်္ဂါရပ်အမှတ်အသားများကို သင့်စက်၏ မမ်မိုရီထဲတွင် ယာယီသာ ဖန်တီး၊ အသုံးပြုပြီး Tinder ထံသို့ လုံးဝပို့ဆောင်ခြင်း မပြုသကဲ့သို့ သိမ်းဆည်းထားခြင်းလည်း မရှိဘဲ ဤလုပ်ဆောင်ချက်မှ ထွက်လိုက်သည်နှင့် ဖယ်ရှားလိုက်ပါသည်။
Tinder က လက်ခံရရှိသည့် ဓာတ်ပုံများမှာ သင့်ပရိုဖိုင်တွင် ထည့်ရန် သင်ကိုယ်တိုင်ရွေးချယ်ထားသော ဓာတ်ပုံများသာ ဖြစ်ပါသည်။ ဓာတ်ပုံ ရွေးချယ်ရေးကဲ့သို့ပင် သင် အပ်လုဒ်လုပ်ရန် ရွေးချယ်ထားသော ဓာတ်ပုံများအတွက် သင့်ထံတွင် တာဝန်ရှိပါသည်။
မပါဝင်ရန် ရွေးချယ်ခြင်း
ဤလုပ်ဆောင်ချက်ကို အသုံးပြုမပြု စိတ်ကြိုက်ရွေးချယ်ခွင့်ရှိသကဲ့သို့ သင့်ဓာတ်ပုံများကို ကိုယ်တိုင် ရွေးချယ်နိုင်ပါသည်။ သင့် ကင်မရာ Roll အတွင်း Tinder ၏ ဝင်ရောက်အသုံးပြုခွင့်ကို သင့်စက် ဆက်တင်မှတစ်ဆင့် အချိန်မရွေး ရုပ်သိမ်းခြင်း သို့မဟုတ် ကန့်သတ်ခြင်း ပြုလုပ်နိုင်ပါသည်။
အခြား ဓာတ်ပုံဆိုင်ရာ လုပ်ဆောင်ချက်များ
အချို့သော ဈေးကွက်များတွင် သင့်ပရိုဖိုင်သို့ ထည့်လိုမည့် ဓာတ်ပုံများနှင့် အကြောင်းအရာများကို အကြံပြုပေးသည့် ဆန္ဒအလျောက် လုပ်ဆောင်နိုင်သည့် ကင်မရာ Roll စကင်ဖတ်ခြင်း လုပ်ဆောင်ချက်ကိုလည်း Tinder က ကမ်းလှမ်းပေးထားနိုင်ပါသည်။ ပိုမိုလေ့လာရန် ဓာတ်ပုံအခြေပြု အကြံပြုချက်များ ကို ကြည့်ပါ။