ရွေးချယ်ထားသော ဈေးကွက်အတွင်းရှိ Android ၊ iOS နှင့် ဝက်ဘ်ဗားရှင်း သုံးစွဲသူများက စုံတွဲနှစ်တွဲ တူတူဒိတ် လုပ်ဆောင်ချက်ကို ရယူအသုံးပြုနိုင်ပါသည်။ စုံတွဲနှစ်တွဲ တူတူဒိတ် လုပ်ဆောင်ချက်သည် သင်နှင့်အတူ မိတ်ဆွေတစ်ဦးကို အခြားသော မိတ်ဆွေ တွဲဖက်များနှင့် စုံတွဲ တွဲဖက်ရန်၊ ချက်(တ်)ရန် လုပ်ဆောင်နိုင်စေပါသည်။
စုံတွဲနှစ်တွဲ တူတူဒိတ် အသုံးပြုပုံ
စုံတွဲနှစ်တွဲ တူတူဒိတ် လုပ်ဆောင်ချက်တွင် မိတ်ဆွေ တွဲဖက် 3 တွဲအထိ ဖန်တီးပြီး အခြားသော မိတ်ဆွေ တွဲဖက်များကို ရွေးနိုင်ပါသည်။ ၎င်းစုံတွဲနှစ်တွဲ တူတူဒိတ်မှုများကို ရှာဖွေတွေ့ရှိမှုတွင် ပြသထားမည်ဖြစ်ပြီး တစ်ဦးချင်း ပရိုဖိုင်များတွင်လည်း အလားတူ ပြသပေးပါသည်၊ စုံတွဲနှစ်တွဲ တူတူဒိတ်တွင် ပါဝင်သူ နှစ်ဦးကို ဘေးချင်းယှဉ်ပြသပေးသဖြင့် ကွာခြားချက်များကို မြင်နိုင်ပါသည်။
အခြားသော စုံတွဲနှစ်တွဲ တူတူဒိတ် တွဲဖက်နှင့် သင် စုံတွဲဖြစ်သည့်အခါ သင်တို့ 4 ဦးအကြား ချက်(တ်) လုပ်ဆောင်ချက် ပွင့်သွားပါမည်။ ဤတွင် သင်နှင့် စုံတွဲဖြစ်ပြီးသား စုံတွဲနှစ်တွဲ တူတူဒိတ် တွဲဖက်နှင့်အတူ ဂရုချက်(တ်) လုပ်နိုင်ပါမည်။ သင် စိတ်ဝင်စားသူနှင့် တိုက်ရိုက်ဆက်သွယ်ရန်အတွက်လည်း သင်နှင့် စုံတွဲဖြစ်ပြီးသား တွဲဖက်တစ်ဦးချင်းစီကို ရွေး၍ ညာဘက်ပွတ်ဆွဲပြီး သီးသန့် DM ကို ဖွင့်နိုင်ပါသည်။
သတိပြုရန်- လက်ရှိ၌ စုံတွဲနှစ်တွဲ တူတူဒိတ် လုပ်ဆောင်ချက်ကို စမ်းသပ်နေဆဲဖြစ်ပြီး ယခုအချိန်တွင် ပရီမီယံ လုပ်ဆောင်ချက်များနှင့် ဝန်ဆောင်မှု ပုံမှန်ရယူမှု အကျိုးခံစားခွင့်များ (Boost နှင့် Super Like) ကို တွဲဖက်အသုံးပြုနိုင်မည် မဟုတ်ပါ။
စုံတွဲနှစ်တွဲ တူတူဒိတ်ရန် ရှာဖွေခြင်း
စုံတွဲနှစ်တွဲ တူတူဒိတ် လုပ်ဆောင်ချက်သည် ရွေးချယ်ထားသော ဈေးကွက်များအတွင်း လက်ရှိ စမ်းသပ်နေသည့် အခမဲ့ လုပ်ဆောင်ချက် ဖြစ်ပါသည်။ သင့်ဒေသတွင် သုံးစွဲ၍ ရပါက ဖော်ပြပါ လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပေးပါ။ ပလက်ဖောင်း အားလုံးနှင့် သက်ဆိုင်ပါသည်-
- သင်၏ ရှာဖွေတွေ့ရှိမှု သို့မဟုတ် မက်ဆေ့ချ် စာမျက်နှာတွင် စုံတွဲနှစ်တွဲ တူတူဒိတ် အိုင်ကွန်ကို နှိပ်ပါ
- တွဲဖက်ရန် မိတ်ဆွေ 3 ဦးအထိ ဖိတ်ခေါ်ပါ
- အခြားသော စုံတွဲနှစ်တွဲ တူတူဒိတ်မည့်သူများကို ရွေးပါ
အပြုသဘောဆောင်သည့် စုံတွဲနှစ်တွဲ တူတူဒိတ် အတွေ့အကြုံကောင်းများကို ဖန်တီးခြင်း
ကျွန်ုပ်တို့သည် စုံတွဲနှစ်တွဲ တူတူဒိတ် လုပ်ဆောင်ချက်ကို သုံးစွဲသူအားလုံးအား အပြုသဘောဆောင်သည့် အတွေ့အကြုံကောင်းများကိုသာ ရရှိစေချင်ပါသည်။ သတိပြုရမည့်အချက်အချို့မှာ-
- Tinder သုံးစွဲသည့်အခါ စုံတွဲနှစ်တွဲ တူတူဒိတ်တွင် ပါဝင်သည့် သင်နှင့် သင့်မိတ်ဆွေ(များ) တို့သည် ကျွန်ုပ်တို့၏ အဖွဲ့စည်းမျဉ်းများကို သတိပြုလိုက်နာရန် အရေးကြီးပါသည်။ ကျွန်ုပ်တို့၏ မူဝါဒများကို ချိုးဖောက်ပါက စုံတွဲနှစ်တွဲ တူတူဒိတ်တွင် ပါဝင်သည့် အကောင့် 1 ကောင့် သို့မဟုတ် နှစ်ကောင့်စလုံးကို အရေးယူနိုင်ပါသည်။
- သင် သို့မဟုတ် သင့်မိတ်ဆွေသည် အက်ပ်အတွင်း သို့မဟုတ် လက်တွေ့ဘဝတွင် မသင့်လျော်သော အပြုအမူများဖြင့် ဆက်ဆံခံရပါက ရီပို့(တ်)လုပ်ပေးပါ။ ကျွန်ုပ်တို့၏ ရီပို့(တ်)လုပ်ခြင်း အရင်းအမြစ်များကို ဤနေရာတွင် သုံးသပ်ကြည့်ရှုနိုင်ပါသည်။
- သင်နှင့် သင့်မိတ်ဆွေ(များ)သည် Tinder သုံးရန် အသက် 18 နှစ်ပြည့်ပြီး ဖြစ်ရပါမည်။
- အက်ပ်အတွင်း သို့မဟုတ် လက်တွေ့ဘဝတွင် အဖွဲ့လိုက် ချက်(တ်)ရာ၌ ကိုယ်ရေးအချက်အလက် အသေးစိတ် (ဆက်သွယ်ရန်အချက်အလက် အပါအဝင်) ကို ဆွေးနွေးမှု မပြုမီ သင်နှင့်အတူ စုံတွဲနှစ်တွဲ တူတူဒိတ်နေသည့် မိတ်ဆွေထံမှ သဘောတူညီချက် ရယူရပါမည်။
- လိင်ပိုင်းဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးလိုပါက အဖွဲ့တွင် ပါဝင်သူအားလုံး၏ သဘောတူညီချက်ကို ရယူရပါမည်။
သင်၏ စုံတွဲနှစ်တွဲ တူတူဒိတ် အတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ခြင်း
Tinder တွင် သင့်အတွက် စုံတွဲနှစ်တွဲ တူတူဒိတ်မည့် မိတ်ဆွေကို ရှာရန် ဖြစ်စေ၊ စုံတွဲနှစ်တွဲ တူတူဒိတ်မှုများကို ကြည့်ရန် စိတ်မဝင်စားတော့သည်ဖြစ်စေ သင့်စိတ်ကြိုက် ဆုံးဖြတ်ဆောင်ရွက်နိုင်ပါသည်။ စုံတွဲနှစ်တွဲ တူတူဒိတ် လုပ်ဆောင်ချက်တွင် ကိုယ်ပိုင် ဆက်တင်ရှိပြီး သုံးစွဲမှု အတွေ့အကြုံအတွက် သင့်စိတ်ကြိုက်ပြင်ဆင်နိုင်ပါသည်။
- Tinder ကို ဖွင့်ပြီး ပရိုဖိုင် အိုင်ကွန်
ကို နှိပ်ပါ။
- ဆက်တင် အိုင်ကွန်
ကို နှိပ်ပါ။
- "စုံတွဲနှစ်တွဲ တူတူဒိတ်" ဟူသော လေဘယ်တပ်ထားသည့် အပိုင်းကို တွေ့သည်အထိ Scroll ဆွဲရှာပါ
- ရှာဖွေတွေ့ရှိမှုတွင် တစ်ဦးချင်း ပရိုဖိုင်များထက် စုံတွဲနှစ်တွဲ တူတူဒိတ် ပရိုဖိုင်များကို ပိုမိုအသားပေးဖော်ပြခြင်း သို့မဟုတ် စုံတွဲနှစ်တွဲ တူတူဒိတ် ပရိုဖိုင်အားလုံးကို အပြီးဝှက်ထားခြင်းစသည့် ရွေးချယ်စရာများကို ဤတွင် တွေ့ရပါလိမ့်မည်။