ဓာတ်ပုံ အချက်အလက်ဆိုသည်မှာ သင့်ဓာတ်ပုံပြခန်းရှိ ပက်တန်များကို ခွဲခြမ်းစိတ်ဖြာ၍ ဖန်တီးပေးထားသည့် သင်၏ စိတ်ဝင်စားမှုများ၊ ကိုယ်ရည်ကိုယ်သွေး၊ ဘဝနေထိုင်မှုပုံစံ တစ်မျိုးမျိုးအကြောင်း အတိုချုပ် ရှင်းလင်းဖော်ပြချက်များဖြစ်ပါသည်။ ဤလုပ်ဆောင်ချက်ကို ရွေးချယ်ထားသော ဈေးကွက်အတွင်းရှိ iOS သုံးစွဲသူများက ရယူအသုံးပြုနိုင်ပါသည်။
ဓာတ်ပုံ အချက်အလက်ကို ရယူသုံးစွဲခြင်း
အောက်ပါ လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ခြင်းဖြင့် ဓာတ်ပုံ အချက်အလက်ကို ရှာဖွေနိုင်ပါသည်-
- Tinder ကို ဖွင့်ပါ
- ပရိုဖိုင် အိုင်ကွန်ကို နှိပ်ပါ
- Chemistry အိုင်ကွန်ကို နှိပ်ပါ
ဓာတ်ပုံ အချက်အလက်ကို သုံးစွဲခြင်း
ဓာတ်ပုံ အချက်အလက် သုံးစွဲရန် ရွေးချယ်သည့်အခါ သင်၏ သုံးစွဲမှုအတွေ့အကြုံပိုင်း၌ သင့်စိတ်ကြိုက်ဖြစ်အောင် ပြင်ဆင်ပေးပြီး အခြားသူများနှင့် လွယ်ကူစွာ ချိတ်ဆက်နိုင်စေရန် Tinder က ဆောင်ရွက်ရာ၌ အထောက်အကူဖြစ်စေမည့် အဓိက အကြောင်းအရာများကို ရှာဖွေဖော်ထုတ်ပေးရန် သင့်ကင်မရာဖြင့် ရိုက်ကူးထားသော ဓာတ်ပုံများကို ခွဲခြမ်းစိတ်ဖြာမည်ဖြစ်သည်။ ဤသို့ ခွဲခြမ်းစိတ်ဖြာမှုကို ဖော်ပြပါ အဆင့်များအတိုင်း လုပ်ဆောင်ပါသည်-
- စကန်ဖတ်ခြင်း- သင် ခွင့်ပြုချက် ပေးသည့်အခါ ဓာတ်ပုံ အရည်အသွေးနှင့် အကြောင်းအရာကို ခွဲခြမ်းစိတ်ဖြာရန်အတွက် ကင်မရာ Roll စကန်ဖတ်ခြင်းကို သင့်စက်တွင် တိုက်ရိုက်လုပ်ဆောင်သွားမည်ဖြစ်သည်။
- အချက်အလက် ဖန်တီးခြင်း- AI နည်းပညာ အသုံးပြု၍ ဓာတ်ပုံ အချက်အလက် ဖန်တီးထုတ်လုပ်ပေးရန် ရွေးချယ်ထားသော ဓာတ်ပုံများကို ကျွန်ုပ်တို့၏ ဆာဗာသို့ ယာယီ အပ်လုဒ်လုပ်သွားမည်ဖြစ်သည်။ ဓာတ်ပုံ အချက်အလက်သည် သင့်ဓာတ်ပုံများတွင် ဖော်ထုတ်တွေ့ရှိသည့် အကြောင်းအရာနှင့် အရာဝတ္ထုများအပေါ် အခြေခံပါသည်။
- ဓာတ်ပုံ အချက်အလက် ရွေးချယ်ခြင်း- သင်၏ ဓာတ်ပုံ အချက်အလက်များကို သုံးသပ်ကြည့်ရန် အသင့်ဖြစ်သည်နှင့် သင့်အား အသိပေးသွားမည်ဖြစ်၍ သင်ဆက်လက်သိမ်းထားလိုသော ဓာတ်ပုံ အချက်အလက်ကို ရွေးချယ်နိုင်ပါမည်။
- စိတ်ကြိုက်ဖြစ်စေမည့် ဓာတ်ပုံ အကြံပြုချက်များ- သင့်ကိုယ်ရည်ကိုယ်သွေးကို ပြသပေးနိုင်ပြီး သင့်ပရိုဖိုင်တွင် ထည့်လိုမည့် သီးခြား ဓာတ်ပုံများ သို့မဟုတ် Collage များကို ဆက်လက်အကြံပြုပေးနိုင်ရန်အတွက် ဓာတ်ပုံ အချက်အလက်များကို အသုံးပြုပါသည်။ ဤအကြံပြုချက်များသည် ရေပန်းစားနိုင်ခြေရှိသော ဓာတ်ပုံအမျိုးအစားများနှင့် ပတ်သက်၍ ကျွန်ုပ်တို့ သိရှိထားသည့် အချက်များပေါ် အခြေခံထားကာ သင့်ဓာတ်ပုံ အချက်အလက်မှ ဘဝနေထိုင်မှုပုံစံ၊ စိတ်ဝင်စားမှုများ၊ ကိုယ်ရည်ကိုယ်သွေး ပုံစံများစသည်တို့နှင့် တစ်ထပ်တည်းကိုက်ညီမှု ရှိပါသည်။ သင့်ပုံပြခန်းအတွင်းရှိ ဓာတ်ပုံများကို ခွဲခြားဖော်ထုတ်ပေးမည့် ဇီဝအချက်အလက် ဒေတာကို ဖန်တီးထုတ်လုပ်ရန်အတွက် ဆဲလ်ဖီပုံတစ်ပုံ ရိုက်ရန် သို့မဟုတ် ပရိုဖိုင် ဓာတ်ပုံကို အသုံးပြုရန် ရွေးချယ်ခွင့် ရရှိပါမည်။
- ဓာတ်ပုံ အကြံပြုချက်များကို ရွေးချယ်ခြင်း- သင့်ပရိုဖိုင်တွင် အပ်လုဒ်လုပ်လိုသော ဓာတ်ပုံများကို သင်ကိုယ်တိုင် ရွေးချယ်ရပါမည်။ သင့်ခွင့်ပြုချက် မရဘဲ ဓာတ်ပုံများကို သင့်ပရိုဖိုင်တွင် ထည့်သွားမည် မဟုတ်ပါ။
ဓာတ်ပုံ အချက်အလက်ကို သင် စိစစ်သုံးသပ်ပြီးနောက် အတည်ပြုလိုက်သည်နှင့် ဓာတ်ပုံ အကြံပြုချက်များကဲ့သို့ လုပ်ဆောင်ချက်များကို ပံ့ပိုးပေးမည်ဖြစ်သည်။ ဓာတ်ပုံ အကြံပြုချက်များသည် သင့်ဓာတ်ပုံများ၏ နောက်ကွယ်ရှိ "အချက်အလက်"ကို နားလည်သဘောပေါက်အောင် လုပ်ဆောင်ပြီး သင့်ကင်မရာ Roll ရှိ သင်၏ အမှန်တကယ်ပုံစံကို အကောင်းဆုံး ထင်ဟပ်ပြသနိုင်သည့် ဓာတ်ပုံများကို အကြံပြုပေးသဖြင့် ဤအက်ပ်တွင် ပိုမိုထင်ပေါ်စေမည့် ဓာတ်ပုံများဖြင့် ပရိုဖိုင်ကို အပ်ဒိတ်လုပ်ရာတွင် ပိုလွယ်ကူသွားစေပါသည်။ စုံတွဲဖြစ်နိုင်ခြေရှိသူများထံ သင့်အကြောင်းကို ပြသပေးရာတွင် အထောက်အကူဖြစ်စေရန်အပြင် အချို့သော အကြံပြုချက်များသည် သင်နှင့် ပိုမိုကိုက်ညီနိုင်ကြောင်း ရှင်းပြရန်အတွက်လည်း ဓာတ်ပုံ အချက်အလက်ကို အသုံးပြုသွားပါမည်။
သင့်ဒေတာများကို ဓာတ်ပုံ အချက်အလက် လုပ်ဆောင်ချက်က သုံးစွဲပုံ
ဓာတ်ပုံ အချက်အလက်
ဤလုပ်ဆောင်ချက်ကို သုံးစွဲရန် ရွေးချယ်ထားလျှင် ဓာတ်ပုံ အရည်အသွေး၊ အကြောင်းအရာ၊ ဆင်တူမှု စသည်တို့အပေါ် အခြေခံ၍ သင်နှင့် ကိုက်ညီသော အချက်အလက်ကို ထုတ်ပေးနိုင်မည်ဟု ယူဆရသည့် ဓာတ်ပုံများကို ခွဲခြားဖော်ထုတ်ရန်အတွက် ကင်မရာ Roll ကို သင့်စက်တွင်း စကန်ဖတ်မှုတစ်ရပ် လုပ်ဆောင်သွားမည်ဖြစ်သည်။ ခွဲခြားဖော်ထုတ်ထားသော ဓာတ်ပုံများကို Tinder ၏ ဆာဗာများသို့ ယာယီအပ်လုဒ်လုပ်ပြီးနောက် ဓာတ်ပုံ အချက်အလက် ဖန်တီးပေးရန် ရည်ရွယ်ချက်သီးသန့်ဖြင့် ကျွန်ုပ်တို့၏ AI နည်းပညာ ဝန်ဆောင်မှုပေးသူများထံ မျှဝေပေးပါသည်။ ဥပမာအားဖြင့် ဓာတ်ပုံ အကြံပြုချက်များ လုပ်ဆောင်ချက်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ထိုဓာတ်ပုံများကို သင့်ပရိုဖိုင်တွင် ထည့်ရန် ရွေးချယ်သည့် အခြေအနေမှအပ သင့်ဓာတ်ပုံများကို ဖျက်သွားမည်ဖြစ်သည်။
သိမ်းထားရန် ရွေးခဲ့သော ဓာတ်ပုံ အချက်အလက်ကို သင်၏ အချက်အလက် စုစည်းမှုတွင် ထည့်ထားပြီး ဓာတ်ပုံ အကြံပြုချက်များနှင့် အလားတူလုပ်ဆောင်ချက်များမှတစ်ဆင့် သင်၏ သုံးစွဲမှုအတွေ့အကြုံပိုင်း စိတ်ကြိုက်ဖြစ်လာစေရန်၊ အခြားသုံးစွဲသူများနှင့် လွယ်ကူစွာ ချိတ်ဆက်လာနိုင်စေရန် Tinder က လုပ်ဆောင်ပေးရာတို့တွင် အထောက်အကူဖြစ်စေရန် ထိုအချက်အလက် စုစည်းမှုကို သုံးပါသည်။ သင် မသိမ်းလိုသော ဓာတ်ပုံ အချက်အလက်ကို ရက်ပေါင်း 90 အတွင်း ဖျက်သွားမည်ဖြစ်ကာ ဓာတ်ပုံ အချက်အလက် လုပ်ဆောင်ချက် ပိုမိုကောင်းမွန်လာအောင် လုပ်ဆောင်ရာ၌ အထောက်အကူဖြစ်စေရန် ခွဲခြမ်းစိတ်ဖြာသွားပါမည်။
ဓာတ်ပုံ အကြံပြုချက်များနှင့် Collage များ
ကင်မရာ Roll စကန်ဖတ်ခြင်းကို သုံးရန် ရွေးချယ်ထားလျှင် အနီးကပ်ရိုက်ချက်များ၊ ကိုယ်လုံးပေါ် ဓာတ်ပုံများ၊ ခရီးသွားပုံ သို့မဟုတ် အိမ်မွေးတိရစ္ဆာန်ပုံကဲ့သို့ သင် ရိုက်လေ့ရှိသော ဓာတ်ပုံအမျိုးအစားများကို နားလည်သဘောပေါက်စေရန် စက်တွင်း စကန်ဖတ်မှုတစ်ရပ်ကို လုပ်ဆောင်သွားမည်ဖြစ်သည်။ သင့်ဓာတ်ပုံများအတွင်းရှိ ရုပ်ပိုင်းဆိုင်ရာ ပုံစံများကို ခွဲခြမ်းစိတ်ဖြာရာ၌ စက်ဖြင့်အော်တိုစစ်ဆေးသော နည်းပညာကို သုံး၍ ဆောင်ရွက်ပါသည်။ ဤပုံစံများ၊ ဓာတ်ပုံ အချက်အလက်နှင့် Tinder တွင် ရေပန်းစားနိုင်ခြေရှိသော ဓာတ်ပုံများအကြောင်း ကျွန်ုပ်တို့ သိရှိထားသမျှ အချက်များပေါ်အခြေခံ၍ သင့်ပရိုဖိုင်တွင် ထည့်သွင်းလိုမည့် ဓာတ်ပုံအနည်းငယ်ကို အကြံပြုပေးပါသည်။ ရည်ရွယ်ချက်မှာ သင်၏ ပုံစံကို ရှုထောင့်အမျိုးမျိုးမှ ပြသပေးနိုင်သည့် ရှင်းလင်းပြတ်သား၍ ကွဲပြားစုံလင်သော ဓာတ်ပုံများ ကူညီရွေးချယ်ပေးရန် ဖြစ်သည်။ သင့်ဆန္ဒမပါဘဲ ထိုဓာတ်ပုံများကို သင့်ပရိုဖိုင်တွင် ထည့်သွားမည်မဟုတ်ပါ - သင့်ထံတွင် ထိန်းချုပ်ခွင့် ရှိပါသည်။
ဓာတ်ပုံ အကြံပြုချက်များအတွက် ဇီဝအချက်အလက် ဒေတာကို ဘယ်လိုအသုံးပြုပါသလဲ။
သင့်ပုံကို အသားပေးဖော်ပြထားသော ဓာတ်ပုံများကို အကြံပြုစေလိုပါက သင့်စက်တွင် သင့်ဓာတ်ပုံများကို ရှာဖွေပေးမည့် ဇီဝအချက်အလက် ဒေတာကို ဖန်တီးထုတ်လုပ်နိုင်ပါသည်။ ဆဲလ်ဖီပုံ ရိုက်၍ သို့မဟုတ် သင့်ထံတွင် ရှိပြီးဖြစ်သည့် တစ်ဦးတည်းပါသော ပရိုဖိုင် ဓာတ်ပုံ 1 ပုံကို သုံး၍ ဤလုပ်ငန်းစဉ်ကို လုပ်ဆောင်ပါ။ သင့်ဒေတာကို ဖော်ပြပါအတိုင်း စီမံလုပ်ဆောင်ပါသည်-
- ပရိုဖိုင်ဓာတ်ပုံ အကြံပြုပေးခြင်း- သင့်ထံတွင် သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ပရိုဖိုင် ဓာတ်ပုံ 1 ပုံရှိပြီးလျှင် ထိုပုံကို အကြံပြုပေးပါမည်။ Tinder သည် လုံခြုံရေး မပေါက်ကြားစေနိုင်သော တူးလ်မျိုးကို အသုံးပြုပါသည်၊ ထိုတူးလ်သည် ဇီဝအချက်အလက် ဒေတာ ဖန်တီးရန် သို့မဟုတ် သင့်မျက်နှာသွင်ပြင်ဆိုင်ရာ အသေးစိတ်အချက်အလက်များ ရယူရန် မလိုအပ်ဘဲ သင့်ပရိုဖိုင်ဓာတ်ပုံများအနက် မျက်နှာပုံပီပြင်သော ဓာတ်ပုံမျိုးကို ရှာဖွေနိုင်သည့် တူးလ်မျိုး ဖြစ်ပါသည်။ ဤလုပ်ငန်းစဥ်တစ်ခုလုံးကို သင့်စက်ပေါ်တွင်သာ ဆောင်ရွက်ပါသည်။
- ဇီဝအချက်အလက်များ ဖန်တီးခြင်းနှင့် အသုံးပြုခြင်း- သင့်ပရိုဖိုင် ဓာတ်ပုံမှဖြစ်စေ၊ ဆဲလ်ဖီမှဖြစ်စေ ဇီဝအချက်အလက်များ ရယူဖန်တီးပြီး သင့်ကင်မရာ Roll ထဲရှိ ဓာတ်ပုံများကို ထိုအချက်အလက်ဖြင့် တိုက်ဆိုင်စစ်ဆေးပါသည်။ Tinder သည် သင်၏ ဆဲလ်ဖီမှဖြစ်စေ၊ ပရိုဖိုင် ဓာတ်ပုံမှဖြစ်စေ၊ ကင်မရာ Roll ထဲရှိ ဓာတ်ပုံများမှဖြစ်စေ ရယူဖန်တီးထားသည့် ဇီဝအချက်အလက်များကို စုဆောင်းခြင်းသော်လည်းကောင်း၊ သိုလှောင်သိမ်းဆည်းခြင်းသော်လည်းကောင်း၊ ရယူသုံးစွဲခြင်းသော်လည်းကောင်း၊ တစ်နည်းတစ်ဖုံဖြင့် လက်ခံရယူခြင်းသော်လည်းကောင်း မပြုပါ။ ဤလုပ်ဆောင်ချက်၌ ဇီဝအချက်အလက် ကိုင်တွယ်စီမံမှုကိစ္စ အားလုံးကို သင့်စက်ထဲတွင်သာ အစအဆုံး လုပ်ဆောင်ပြီး ဤလုပ်ဆောင်ချက်တွင် သုံးခဲ့သော ဇီဝအချက်အလက်အားလုံးကို လုပ်ဆောင်ချက်ပြီးစီး၍ လုပ်ဆောင်ချက်မှ ထွက်လိုက်သည်နှင့် ဖျက်ပေးမည် ဖြစ်သည်။ သင့်ဆဲလ်ဖီပုံကိုလည်း ဖျက်လိုက်ပါမည်။
- ဓာတ်ပုံစကန်ဖတ်ခြင်း- အချို့သော ဓာတ်ပုံများကို အကြံပြုပေးသည့် လုပ်ငန်းစဉ်အစအဆုံးကို သင့်စက်တွင်သာ လုပ်ဆောင်ပါသည်။ ပရိုဖိုင်တွင် အပ်လုဒ်လုပ်ရန် သင် အဆုံးသတ်ရွေးချယ်လိုက်သည့် ဓာတ်ပုံများကိုသာ Tinder က သိမ်းဆည်းပါသည်။
ဤအဆင့်မှာ ဆန္ဒအလျောက် လုပ်ဆောင်ရသောအဆင့်ဖြစ်၍ ဆဲလ်ဖီပုံ ရိုက်ရန် မလိုပါ။ သတ်မှတ်ချက်နှင့်ကိုက်ညီသော ပရိုဖိုင် ဓာတ်ပုံကို မသုံးရန် သို့မဟုတ် ဆဲလ်ဖီပုံ မရိုက်ရန် ရွေးချယ်လိုက်လျှင်ပင် ဓာတ်ပုံ အချက်အလက် ဖန်တီးပေးရန် သင့်ကင်မရာ Roll ကို စကန်ဖတ်မည်ဖြစ်သော်လည်း သင့်အတွက် ဓာတ်ပုံ အကြံပြုချက်များနှင့် Collage များတွင် သင့်ပုံ ပါဝင်မည် မဟုတ်ပါ။
ဓာတ်ပုံ အချက်အလက်၏ ကန့်သတ်ချက်များ
ဓာတ်ပုံ အချက်အလက်၊ အကြံပြုချက်များနှင့် Collage များ ဖန်တီးရန် သုံးစွဲထားသော နည်းပညာသည် သုံးစွဲသူများကို အထောက်အကူပြုပြီး Tinder ၏ အသုံးပြုမှုစည်းမျဉ်းများကိုဖြစ်စေ၊ အဖွဲ့စည်းမျဉ်းများကိုဖြစ်စေ ချိုးဖောက်နိုင်ခြေရှိသော ဓာတ်ပုံများ သို့မဟုတ် အချက်အလက်ကို ချန်လှပ်ခဲ့စေရန် ရေးဆွဲဖန်တီးထားသော်လည်း ထိုနည်းပညာသည် 100% တိကျသည်ဟု မဆိုနိုင်ပါ။ တစ်ခါတစ်ရံ၌ သင်၏ တစ်ကိုယ်ရေ ဦးစားပေးမှုများနှင့် မကိုက်ညီသော ဓာတ်ပုံများကို အကြံပြုခြင်း သို့မဟုတ် သင့်ဘဝနေထိုင်မှုပုံစံကို အဓိပ္ပာယ်ကောက်လွဲခြင်းမျိုး ကြုံရနိုင်ပါသည်။ ဤတူးလ်ကို သင့်အတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ရေးဆွဲထားခြင်းဖြစ်၍ အပ်လုဒ်လုပ်ရန် သင် ရွေးချယ်သည့် ဓာတ်ပုံများအတွက် သင့်ထံ၌သာ အဆုံးသတ်တာဝန်ရှိမည်ဖြစ်ကာ ထိုဓာတ်ပုံများသည် Tinder ၏ အသုံးပြုမှု စည်းမျဉ်းများ၊ အဖွဲ့စည်းမျဉ်းများနှင့် ဒေသတွင်း ဥပဒေများကို လိုက်နာမှုရှိစေရန် သေချာစိစစ်ပေးပါ။
အခြားသတိပြုစေလိုသည်မှာ-
- သတ်မှတ်ချက်နှင့် ကိုက်ညီမှု- သင့်ထံတွင် ဓာတ်ပုံအရေအတွက် အလုံအလောက် မရှိလျှင် ဓာတ်ပုံ အချက်အလက်နှင့် ဓာတ်ပုံ အကြံပြုချက်များကို ရရှိနိုင်မည် မဟုတ်ပါ။ သင့်ထံတွင် သတ်မှတ်ချက်နှင့် ကိုက်ညီမည့် ဓာတ်ပုံအရေအတွက် အလုံအလောက် ရှိ၊ မရှိ ဆုံးဖြတ်ရန်အတွက် သင့်ကင်မရာ Roll အတွင်း ဓာတ်ပုံအသစ်များကို အခါအားလျော်စွာ စစ်ဆေးသွားပါမည်။
- စကန် ဆက်ဖတ်ခြင်း- စကန်ဖတ်နေစဉ် ကြားဖြတ်ရပ်တန့်သွားပါက နောက်တစ်ကြိမ် အက်ပ်ပြန်ဖွင့်ချိန်၌ စကန်ဖတ်ခြင်းကို ပြီးမြောက်သည်အထိ ဆက်လက်လုပ်ဆောင်သွားပါမည်။
-
စကန်ပြန်ဖတ်ခြင်း- သင့်ကင်မရာ Roll ကို စကန်ပြန်ဖတ်ရန် ရွေးချယ်လိုက်လျှင် သင့်ဓာတ်ပုံ အချက်အလက်အဟောင်းနေရာတွင် နောက်ဆုံးအကြိမ် စကန်ဖတ်ရာမှ ရရှိလာသည့် အချက်အလက်အသစ်များဖြင့် အစားထိုးလဲလှယ်သွားပါမည်။
သတိထားကိုင်တွယ်ရမည့် အကြောင်းအရာများ
အချို့ကိစ္စရပ်များတွင် ဓာတ်ပုံ အချက်အလက်သည် သင့်ဓာတ်ပုံများတွင် ခွဲခြားဖော်ထုတ်ထားသော ပက်တန်များကို အခြေခံ၍ ယဉ်ကျေးမှု၊ ဘာသာရေး၊ နိုင်ငံရေး၊ လူနေမှုပုံစံ သို့မဟုတ် အလားအလာရှိသော သတိထားကိုင်တွယ်ရမည့် အခြား အကြောင်းအရာများနှင့် ဆက်စပ်သည့် ပုံစံများကို ရည်ညွှန်းနိုင်ပါသည်။ ထိုအချက်အလက်များကို အော်တို ဖန်တီးထုတ်လုပ်ပြီး သင့်တစ်ကိုယ်ရေအမြင်များအတိုင်း အတိအကျ ထင်ဟပ်နိုင်ခြင်း သို့မဟုတ် သင်နှင့် ထပ်တူကျခြင်း အမြဲရှိနိုင်မည် မဟုတ်ပါ။ ဓာတ်ပုံ အချက်အလက်များကို မသုံးမီ သင့်အနေဖြင့် ပြန်လည်သုံးသပ်ခွင့်နှင့် သိမ်းထားရန် ရွေးချယ်ခွင့် အမြဲရှိပြီး အချက်အလက် စုစည်းမှုတွင် ၎င်းတို့ကို အချိန်မရွေး ဖျက်ပစ်နိုင်ပါသည်။
မသုံးစွဲရန် ရွေးချယ်ခြင်း သို့မဟုတ် သင့်ဒေတာကို ဖျက်ခြင်း
သင့်ဓာတ်ပုံများနှင့် ဓာတ်ပုံ အချက်အလက်ကို ထိန်းချုပ်ပိုင်ခွင့် သင့်ထံတွင် ရှိပါသည်။ ကင်မရာ Roll စကန်ဖတ်ခြင်း လုပ်ငန်းစဉ်တစ်ခုလုံးကို မသုံးစွဲရန်လည်း ရွေးချယ်နိုင်ပါသည်။
- အချက်အလက် စုစည်းမှု- ဓာတ်ပုံ အချက်အလက်ကို ရွေးချယ်ပြီးသည်နှင့် အချက်အလက် စုစည်းမှုတွင် သင်၏ ဓာတ်ပုံ အချက်အလက်ကို အချိန်မရွေး စီမံ၍ ဖျက်ပစ်နိုင်ပါသည်။
- အကြံပြုထားသော ဓာတ်ပုံများနှင့် Collage များ- အကြံပြုထားသော ဓာတ်ပုံများနှင့် Collage များမှ သင်ရွေးချယ်ထားသော ပုံများကိုသာ ပရိုဖိုင်တွင် ထည့်သွားမည်ဖြစ်သည်။ ပရိုဖိုင် ပြင်ရန် ဆက်တင်တွင် အဆိုပါ ဓာတ်ပုံများကို အချိန်မရွေး ဖယ်ရှားနိုင်ပါသည်။
- ကင်မရာ Roll ခွင့်ပြုချက်များ- သင့်စက်၏ စနစ်ဆက်တင်တွင်းမှတစ်ဆင့် ကင်မရာ Roll ဝင်ရောက်သုံးစွဲခွင့်ကို အချိန်မရွေး ချိန်ညှိခြင်း သို့မဟုတ် ဖယ်ရှားခြင်း လုပ်ဆောင်နိုင်ပါသည်။
ကျွန်ုပ်တို့၏ ဘေးကင်းလုံခြုံရေး လုပ်ထုံးလုပ်နည်းများနှင့် သင့်အခွင့်အရေးများအကြောင်း ပိုမိုသိရှိလိုပါက ကျွန်ုပ်တို့၏ လုံခြုံရေး မူဝါဒကို ဖတ်ရှုပေးပါ။ သင့်ဒေတာ မိတ္တူ တောင်းဆိုပုံကိုလည်း လေ့လာနိုင်ပါသည်။