ဓာတ်ပုံ အချက်အလက်ဆိုသည်မှာ သင့်ဓာတ်ပုံပြခန်းရှိ ပုံစံကွက်များကို ခွဲခြမ်းစိတ်ဖြာ၍ ဖန်တီးပေးထားသည့် သင်၏ စိတ်ဝင်စားမှုများ၊ ကိုယ်ရည်ကိုယ်သွေး၊ ဘဝနေထိုင်မှုပုံစံ တစ်မျိုးမျိုးအကြောင်း အတိုချုပ် ရှင်းလင်းဖော်ပြချက်များဖြစ်ပါသည်။ ဤလုပ်ဆောင်ချက်ကို ရွေးချယ်ထားသော ဈေးကွက်များတွင်သာ ရရှိနိုင်ပါသည်။
အချို့သော ဈေးကွက်များ၌ Tinder အကောင့်ဖွင့်ရာတွင် သင့်ပရိုဖိုင်ကို မြန်ဆန်စွာ သတ်မှတ်ပေးနိုင်စေရန်အလို့ငှာ ဓာတ်ပုံ အချက်အလက်ရယူရန်အတွက် သင့် ကင်မရာ Roll ကို စကန်ဖတ်ခွင့်ပေးရန် ရွေးချယ်နိုင်ပါသည်။ သင့်ပရိုဖိုင်တွင် သင်ထည့်လိုမည့် ဓာတ်ပုံများ သို့မဟုတ် စိတ်ဝင်စားမှုများ သို့မဟုတ် အစဖော်မေးခွန်းများကို အကြံပြုရာ၌ သင့်ဓာတ်ပုံများမှ လေ့လာထားသည့်အချက်များကို အသုံးပြုပါသည်။ သင်ကိုယ်တိုင် ထိန်းချုပ်ခွင့်ရှိသဖြင့် — ထည့်ရန် ရွေးချယ်ထားသည့် အချက်အလက်များမှအပ မည်သည့်အချက်ကိုမျှ သင့်ပရိုဖိုင်တွင် ထည့်သွားမည် မဟုတ်ပါ။
ဓာတ်ပုံ အချက်အလက်ကို ရယူသုံးစွဲခြင်း
သင့် ဓာတ်ပုံ အချက်အလက်ကို ကြည့်ရန်-
- Tinder ကို ဖွင့်ပါ
- ပရိုဖိုင် တက်ဘ်ကို နှိပ်ပါ
- သင့်ပရိုဖိုင် ထိပ်ပိုင်းထောင့်ရှိ Chemistry အိုင်ကွန်ကို နှိပ်ပါ
မှတ်ချက်-ဓာတ်ပုံ အချက်အလက်ကို ရွေးချယ်ထားသော ဈေးကွက်များတွင်သာ ရရှိနိုင်ပါသည်။
ဓာတ်ပုံ အချက်အလက်ကို သုံးစွဲခြင်း
ဓာတ်ပုံ အချက်အလက် အသုံးပြုခွင့်ပေးရန် ရွေးချယ်လိုက်သည့်အခါ သင်၏ သုံးစွဲမှုအတွေ့အကြုံပိုင်း၌ သင့်စိတ်ကြိုက်ဖြစ်အောင် ပြင်ဆင်ပေးပြီး အခြားသူများနှင့် လွယ်ကူစွာ ချိတ်ဆက်နိုင်စေရန် Tinder က ဆောင်ရွက်ရာ၌ အထောက်အကူဖြစ်စေမည့် အဓိက အကြောင်းအရာများကို ရှာဖွေဖော်ထုတ်ပေးရန် သင့်ကင်မရာဖြင့် ရိုက်ကူးထားသော ဓာတ်ပုံများကို ခွဲခြမ်းစိတ်ဖြာမည်ဖြစ်သည်။ ဤတွင် ပါဝင်သည်များမှာ-
- စကန်ဖတ်ခြင်း- သင် ခွင့်ပြုချက် ပေးသည့်အခါ ဓာတ်ပုံ အရည်အသွေးနှင့် အကြောင်းအရာကို ခွဲခြမ်းစိတ်ဖြာရန်အတွက် ကင်မရာ Roll စကန်ဖတ်ခြင်းကို သင့်စက်တွင် တိုက်ရိုက်လုပ်ဆောင်သွားမည်ဖြစ်သည်။
- အချက်အလက် ဖန်တီးထုတ်လုပ်ခြင်း- AI နည်းပညာ အသုံးပြု၍ ဓာတ်ပုံ အကြံပြုချက်များနှင့် ဓာတ်ပုံ အချက်အလက်များကို ဖန်တီးထုတ်လုပ်ပေးရန် ရွေးချယ်ထားသော ဓာတ်ပုံများကို ကျွန်ုပ်တို့၏ ဆာဗာသို့ ယာယီ အပ်လုဒ်လုပ်သွားမည်ဖြစ်သည်။ ထုတ်လုပ်ပေးသော အချက်အလက်များသည် သင့်ဓာတ်ပုံများတွင် ဖော်ထုတ်တွေ့ရှိသည့် အကြောင်းအရာနှင့် အရာဝတ္ထုများအပေါ် အခြေခံပါသည်။ ထိုဓာတ်ပုံများအနက် တစ်ပုံပုံကို သင့်ပရိုဖိုင်တွင် ထည့်ရန် ရွေးချယ်လိုက်သည့် အခြေအနေမှအပ ထိုဓာတ်ပုံများကို ဖျက်လိုက်မည် ဖြစ်ပါသည်။
- စိတ်ကြိုက်ဖြစ်စေမည့် ဓာတ်ပုံ အကြံပြုချက်များ- သင့်ကိုယ်ရည်ကိုယ်သွေးကို ပြသပေးနိုင်ပြီး သင့်ပရိုဖိုင်တွင် ထည့်လိုမည့် သီးခြား ဓာတ်ပုံများ သို့မဟုတ် Collage များကို အကြံပြုပေးပါမည်။ ဤအကြံပြုချက်များသည် ရေပန်းစားနိုင်ခြေရှိသော ဓာတ်ပုံအမျိုးအစားများနှင့် ပတ်သက်၍ ကျွန်ုပ်တို့ သိရှိထားသည့် အချက်များပေါ် အခြေခံထားကာ သင့်ဓာတ်ပုံ အချက်အလက်မှ ဘဝနေထိုင်မှုပုံစံ၊ စိတ်ဝင်စားမှုများ၊ ကိုယ်ရည်ကိုယ်သွေး ပုံစံများစသည်တို့နှင့် တစ်ထပ်တည်းကိုက်ညီမှု ရှိပါသည်။ သင့်ပုံပါသည့် ဓာတ်ပုံအကြံပြုချက်များကို ရရှိရန်အတွက် သင့်ဓာတ်ပုံ စုစည်းမှုထဲမှ သင့်ပုံပါရှိသော ဓာတ်ပုံများကို ခွဲခြားဖော်ထုတ်မည့် ဇီဝအချက်အလက် ဒေတာကို ဖန်တီးထုတ်လုပ်ရာ၌ သင့် ကင်မရာ Roll မှ သင့်ဓာတ်ပုံတစ်ပုံသုံး၍ ခွဲခြားဖော်ထုတ်ရန် သို့မဟုတ် ဆဲလ်ဖီပုံတစ်ပုံရိုက်ကူးရန် သို့မဟုတ် ပရိုဖိုင် ဓာတ်ပုံတစ်ပုံကို သုံးရန် စသည့် ရွေးချယ်မှုများကို တွေ့မြင်ရနိုင်ပါသည်။ သင့် ပရိုဖိုင်သို့ အပ်လုဒ်လုပ်လိုသော ဓာတ်ပုံများကို သင်ကိုယ်တိုင် ရွေးချယ်ရပါမည်။ သင့်ခွင့်ပြုချက် မရဘဲ ဓာတ်ပုံများကို သင့်ပရိုဖိုင်တွင် ထည့်သွားမည် မဟုတ်ပါ။
- စိတ်ကြိုက်ဖြစ်စေမည့် ပရိုဖိုင် သတ်မှတ်ပုံ- ပရိုဖိုင် သတ်မှတ်နေစဉ်အတွင်း ဤလုပ်ဆောင်ချက်ကို ရရှိနိုင်ပြီး သင့်ပရိုဖိုင်တွင် ထည့်ရန် စိတ်ဝင်စားမှုများအပြင် သင့်ပရိုဖိုင်၏ "ကျွန်ုပ်အကြောင်း" နှင့် အစဖော်မေးခွန်းများအတွက် အသုံးဝင်နိုင်ခြေရှိသော ခေါင်းစဉ်များ အကြံပြုရာ၌ ဓာတ်ပုံ အချက်အလက်ကို အသုံးပြုသွားပါမည်။ သင့်ပရိုဖိုင်တွင် ထည့်လိုသော စိတ်ဝင်စားမှုနှင့် အကြောင်းအရာကို သင်ကိုယ်တိုင် ရွေးချယ်ရမည်ဖြစ်သည်။
သင့်ဒေတာများကို ဓာတ်ပုံ အချက်အလက် လုပ်ဆောင်ချက်က သုံးစွဲပုံ
ဓာတ်ပုံ အချက်အလက်
ဤလုပ်ဆောင်ချက်ကို သုံးစွဲရန် ရွေးချယ်ထားလျှင် ဓာတ်ပုံ အရည်အသွေး၊ အကြောင်းအရာ၊ ဆင်တူမှု စသည်တို့အပေါ် အခြေခံ၍ သင်နှင့် ကိုက်ညီသော အချက်အလက်ကို ထုတ်ပေးနိုင်မည်ဟု ယူဆရသည့် ဓာတ်ပုံများကို ခွဲခြားဖော်ထုတ်ရန်အတွက် ကင်မရာ Roll ကို သင့်စက်တွင်း စကန်ဖတ်မှုတစ်ရပ် လုပ်ဆောင်သွားမည်ဖြစ်သည်။ ခွဲခြားဖော်ထုတ်ထားသော ဓာတ်ပုံများကို Tinder ၏ ဆာဗာများသို့ ယာယီအပ်လုဒ်လုပ်ပြီးနောက် ဓာတ်ပုံ အချက်အလက် ဖန်တီးပေးရန် ရည်ရွယ်ချက်သီးသန့်ဖြင့် ကျွန်ုပ်တို့၏ AI နည်းပညာ ဝန်ဆောင်မှုပေးသူများထံ မျှဝေပေးပါသည်။ ထိုဓာတ်ပုံများကို သင့်ပရိုဖိုင်တွင် ထည့်ရန် ရွေးချယ်သည့် အခြေအနေမှအပ သင့်ဓာတ်ပုံများကို ဖျက်သွားမည်ဖြစ်သည်။
သင့် ဓာတ်ပုံ အချက်အလက်ကို အချက်အလက် ဟက်ဘ်တွင် တွေ့မြင်ရမည်ဖြစ်ကာ သင်၏ သုံးစွဲမှုအတွေ့အကြုံပိုင်း၌ သင့်စိတ်ကြိုက်ဖြစ်အောင် ပြင်ဆင်ပေးပြီး အခြားသူများနှင့် လွယ်ကူစွာ ချိတ်ဆက်နိုင်စေရန်အတွက် Tinder က ဆောင်ရွက်ပေးရာ၌ အထောက်အကူဖြစ်စေရန် ထိုအချက်အလက်များကို အသုံးပြုပါသည်။ ဤလုပ်ဆောင်ချက် ပိုမိုကောင်းမွန်လာအောင် လုပ်ဆောင်ရာ၌ အထောက်အကူဖြစ်စေရန်အတွက်လည်း ဓာတ်ပုံ အချက်အလက်ကို ခွဲခြမ်းစိတ်ဖြာသွားပါမည်။ သင် မသိမ်းလိုသော ဓာတ်ပုံ အချက်အလက်ကို ရက်ပေါင်း 90 အတွင်း ဖျက်သွားမည်ဖြစ်သည်။
မှတ်ချက်- အချို့သော ဈေးကွက်များ၌ သင့်ဓာတ်ပုံ အချက်အလက်ကို သင့်ပရိုဖိုင်တွင် ထည့်မည့် ဓာတ်ပုံများ၊ ကိုယ်ရေးအကျဉ်းများနှင့် စိတ်ဝင်စားမှုများ စသည်တို့ကို အကြံပြုရန်အတွက်သာ အသုံးပြုပြီး ထို့နောက်တွင် ချက်ချင်း ဖျက်လိုက်ပါသည်။ သင့် ဓာတ်ပုံ အချက်အလက်ကို ကျွန်ုပ်တို့ မသိမ်းထားသကဲ့သို့ အက်ပ်အတွင်း၌ အချက်အလက် ဟက်ဘ်ကို တွေ့မြင်ရမည် မဟုတ်ဟု ဆိုလိုပါသည်။
ဓာတ်ပုံ အကြံပြုချက်များနှင့် Collage များ
ကင်မရာ Roll စကန်ဖတ်ခြင်းကို သုံးရန် ရွေးချယ်ထားလျှင် အနီးကပ်ရိုက်ချက်များ၊ ကိုယ်လုံးပေါ် ဓာတ်ပုံများ၊ အဖွဲ့လိုက်ဓာတ်ပုံများ၊ ခရီးသွားပုံ သို့မဟုတ် အိမ်မွေးတိရစ္ဆာန်ပုံကဲ့သို့ သင် ရိုက်လေ့ရှိသော ဓာတ်ပုံအမျိုးအစားများကို နားလည်သဘောပေါက်စေရန် စက်တွင်း စကန်ဖတ်မှုတစ်ရပ်ကို လုပ်ဆောင်သွားမည်ဖြစ်သည်။ သင့်ဓာတ်ပုံများအတွင်းရှိ ရုပ်ပိုင်းဆိုင်ရာ ပုံစံများကို ခွဲခြမ်းစိတ်ဖြာရာ၌ စက်ဖြင့် အော်တိုစစ်ဆေးသော နည်းပညာကို သုံး၍ ဆောင်ရွက်ပါသည်။ ဤပုံစံကွက်များ၊ ဓာတ်ပုံ အချက်အလက်နှင့် Tinder တွင် ရေပန်းစားနိုင်ခြေရှိသော ဓာတ်ပုံများအကြောင်း ကျွန်ုပ်တို့ သိရှိထားသမျှ အချက်များပေါ်အခြေခံ၍ ရွေးချယ်ထားသော ဓာတ်ပုံစုစည်းမှုတစ်ရပ်ကို Tinder သို့ အပ်လုဒ်လုပ်ပြီး သင့် ပရိုဖိုင်တွင် ထည့်လိုမည့် ဓာတ်ပုံအနည်းငယ်ကို အကြံပြုပေးသွားမည်ဖြစ်သည်။ ရည်ရွယ်ချက်မှာ သင့် ပုံကို ရှုထောင့်အမျိုးမျိုးမှ ပြသပေးနိုင်သည့် ရှင်းလင်းပြတ်သား၍ ကွဲပြားစုံလင်သော ဓာတ်ပုံများ ကူညီရွေးချယ်ပေးရန် ဖြစ်သည်။ ဓာတ်ပုံများကို သင့် ပရိုဖိုင်တွင် ထည့်ရန် ရွေးချယ်သည့် အခြေအနေမှအပ သင့်ဓာတ်ပုံများကို ချက်ချင်းဖျက်သွားမည်ဖြစ်သည်။ သင့်ဆန္ဒမပါဘဲ ထိုဓာတ်ပုံများကို သင့်ပရိုဖိုင်တွင် ထည့်သွားမည်မဟုတ်ပါ - သင့်ထံတွင် ထိန်းချုပ်ခွင့် ရှိပါသည်။
ဓာတ်ပုံ အကြံပြုချက်များအတွက် ဇီဝအချက်အလက် ဒေတာကို ဘယ်လိုအသုံးပြုပါသလဲ။
သင့်ပုံကို အသားပေးဖော်ပြထားသော ဓာတ်ပုံများကို အကြံပြုစေလိုပါက သင့်စက်တွင် သင့်ဓာတ်ပုံများကို ရှာဖွေပေးမည့် ဇီဝအချက်အလက် ဒေတာကို ဖန်တီးထုတ်လုပ်နိုင်ပါသည်။ သင့် ကင်မရာ Roll မှ သင်၏ နမူနာ ဓာတ်ပုံကို သုံး၍ ခွဲခြားဖော်ထုတ်ခြင်းဖြင့်ဖြစ်စေ၊ ဆဲလ်ဖီပုံတစ်ပုံရိုက်၍ဖြစ်စေ၊ သင့်ထံတွင် တစ်ကိုယ်တည်း ပရိုဖိုင် ဓာတ်ပုံ ရှိပြီးသားဖြစ်ပါက ထိုပုံကို အသုံးပြု၍ ဖြစ်စေ ဤလုပ်ဆောင်ချက်ကို လုပ်ဆောင်နိုင်ပါသည် (မှတ်ချက်- ဈေးကွက်ပေါ်မူတည်၍ ရရှိနိုင်သော ရွေးချယ်မှုများ ပြောင်းလဲနိုင်ပါသည်)။ သင်ရွေးချယ်လိုက်သည့် ရွေးချယ်မှုပေါ်မူတည်၍ သင့်ဒေတာကို ဖော်ပြပါနည်းများအတိုင်း စီမံလုပ်ဆောင်သွားပါမည်-
- ပရိုဖိုင်ဓာတ်ပုံ အကြံပြုပေးခြင်း- သင့်ထံတွင် သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ပရိုဖိုင် ဓာတ်ပုံ တစ်ပုံရှိပြီးလျှင် ထိုပုံကို အကြံပြုပေးပါမည်။ Tinder သည် လုံခြုံရေး မပေါက်ကြားစေနိုင်သော တူးလ်ကို အသုံးပြုပါသည်၊ ထိုတူးလ်သည် ဇီဝအချက်အလက် ဒေတာ ဖန်တီးရန် သို့မဟုတ် သင့်မျက်နှာသွင်ပြင်ဆိုင်ရာ အသေးစိတ်အချက်အလက်များ ရယူရန် မလိုအပ်ဘဲ သင့်ပရိုဖိုင်ဓာတ်ပုံများအနက် မျက်နှာပုံပီပြင်သော ဓာတ်ပုံမျိုးကို ရှာဖွေနိုင်သည့် တူးလ်တစ်မျိုး ဖြစ်ပါသည်။ ဤလုပ်ငန်းစဥ်တစ်ခုလုံးကို သင့်စက်ပေါ်တွင်သာ ဆောင်ရွက်ပါသည်။
- ဆဲလ်ဖီပုံတစ်ပုံ ရိုက်ခြင်း- ဆဲလ်ဖီပုံတစ်ပုံ ရိုက်ရန် ရွေးချယ်ခွင့် ရရှိနိုင်ပါသည်။ ဤသို့လုပ်ဆောင်ရန် ရွေးချယ်လိုက်ပါ ဤအပိုဒ်တွင် ရှင်းလင်းတင်ပြထားသည့်အတိုင်း သင့် ကင်မရာ Roll အတွင်းမှ သင့်ဓာတ်ပုံများကို ခွဲခြားဖော်ထုတ်ရာ၌ သင့် ဆဲလ်ဖီပုံကိုသာ အသုံးပြုသွားမည်ဖြစ်သည်။ ဤလုပ်ဆောင်ချက်မှ ထွက်လိုက်ချိန်၌ သင့်ဆဲလ်ဖီပုံကို ဖျက်လိုက်မည်ဖြစ်သည်။
- ဇီဝအချက်အလက် ဒေတာ ဖန်တီးထုတ်လုပ်ခြင်းနှင့် အသုံးပြုခြင်း- သင့်ပရိုဖိုင် ဓာတ်ပုံမှဖြစ်စေ၊ ဆဲလ်ဖီမှဖြစ်စေ ဇီဝအချက်အလက် ဒေတာ ရယူဖန်တီးပြီး သင့်ကင်မရာ Roll ထဲရှိ ဓာတ်ပုံများကို ထိုအချက်အလက်ဖြင့် တိုက်ဆိုင်စစ်ဆေးပါသည်။ Tinder သည် သင်၏ ဆဲလ်ဖီမှဖြစ်စေ၊ ပရိုဖိုင် ဓာတ်ပုံမှဖြစ်စေ၊ ကင်မရာ Roll ထဲရှိ ဓာတ်ပုံများမှဖြစ်စေ ရယူဖန်တီးထားသည့် ဇီဝအချက်အလက်များကို စုဆောင်းခြင်းသော်လည်းကောင်း၊ သိုလှောင်သိမ်းဆည်းခြင်းသော်လည်းကောင်း၊ ရယူသုံးစွဲခြင်းသော်လည်းကောင်း၊ တစ်နည်းတစ်ဖုံဖြင့် လက်ခံရယူခြင်းသော်လည်းကောင်း မပြုပါ။ ထိုအစား ဤလုပ်ဆောင်ချက် အစအဆုံးကို သင့်စက်ထဲတွင်သာ လုပ်ဆောင်ပြီး ဤလုပ်ဆောင်ချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် သုံးခဲ့သော ဇီဝအချက်အလက်အားလုံးကို ဤလုပ်ဆောင်ချက်မှ ထွက်လိုက်သည်နှင့် ဖျက်ပေးမည်ဖြစ်သည်။
-
နမူနာဓာတ်ပုံ ရွေးချယ်ခြင်း- အချို့သော ဈေးကွက်များတွင် သင့်ကင်မရာ Roll အတွင်းရှိ သင့်ကိုယ်ပိုင်ဓာတ်ပုံတစ်ပုံကို နမူနာဓာတ်ပုံအဖြစ် ရွေးချယ်ခွင့် ရှိနိုင်ပါသည်။ ဤသို့ လုပ်ဆောင်ရန်အတွက် ကင်မရာ Roll ကို စကန်ဖတ်ရန် ရွေးချယ်လိုက်ချိန်တွင် သင့် ကင်မရာ Roll အတွင်းရှိ ဓာတ်ပုံများမှ ဆင်တူသည့် မျက်နှာများကို တူရာစုလိုက်ပြီး သင်နှင့်တူသည့် ပုံကို အတည်ပြုပေးရန် သင့်အား အသိပေးလိုက်ပါမည်။ ဤလုပ်ငန်းစဥ်တစ်ခုလုံးကို သင့်စက်ပေါ်တွင်သာ ဆောင်ရွက်ပါသည်။ သင်ပုံကို အတည်ပြုပေးပြီးချိန်၌ သင့်ဓာတ်ပုံများကို ခွဲခြားဖော်ထုတ်ရာ၌ အထောက်အကူဖြစ်စေရန် ဇီဝအချက်အလက် ဒေတာအဖြစ် မှတ်ယူနိုင်သည့် မျက်နှာ နမူနာပုံကို သင့်ကင်မရာ Roll အတွင်းရှိ ဓာတ်ပုံများနှင့် တိုက်ဆိုင်စစ်ဆေးပြီး နောင်စကန်ပြန်ဖတ်ချိန်၌ ပိုမိုမြန်ဆန်စေရန် ထိုနမူနာ ဓာတ်ပုံကို သင့်စက်တွင်း၌ သိမ်းဆည်းထားမည်ဖြစ်သည်။ Tinder မှ အကောင့်ထွက်လိုက်ချိန်၌ သင့်မျက်နှာ နမူနာပုံကို ဖျက်လိုက်မည်ဖြစ်သကဲ့သို့ ဖော်ပြပါနည်းအတိုင်း ထိုပုံကို အချိန်မရွေး ပြန်လည်သတ်မှတ်ပြီး ဖျက်ပစ်နိုင်ပါသည်-
- ဆက်တင်သို့ သွားပါ။
- Scroll ဆွဲကြည့်ပြီး ဓာတ်ပုံ အကြံပြုချက်များကို ရှာဖွေပါ။
- သိမ်းဆည်းထားသော မျက်နှာ နမူနာပုံကို နှိပ်ပြီး မျက်နှာ နမူနာပုံကို ပြန်သတ်မှတ်ရန်ကို ရွေးပါ။
ဤအဆင့်သည် ဆန္ဒအလျောက် လုပ်ဆောင်ရသောအဆင့်ဖြစ်ပြီး ဆဲလ်ဖီပုံ ရိုက်ရန် မလိုပါ။ ဤအဆင့်ကို ကျော်ရန် ရွေးချယ်လိုက်လျှင်ပင် ကျွန်ုပ်တို့သည် ဓာတ်ပုံ အချက်အလက် ဖန်တီးရန် သင့်ကင်မရာ Roll ကို စကန်ဖတ်နိုင်သေးမည်ဖြစ်သော်လည်း သင့်ဓာတ်ပုံ အကြံပြုချက်များနှင့် Collage များတွင် သင့်ပုံပါမည်ဖြစ်ကြောင်း မသေချာနိုင်တော့ပါ။
ကန့်သတ်ချက်များ
ဓာတ်ပုံ အချက်အလက်၊ အကြံပြုချက်များနှင့် Collage များ ဖန်တီးရန် သုံးစွဲထားသော နည်းပညာသည် သုံးစွဲသူများကို အထောက်အကူပြုပြီး Tinder ၏ အသုံးပြုမှုစည်းမျဉ်းများကိုဖြစ်စေ၊ အဖွဲ့စည်းမျဉ်းများကိုဖြစ်စေ ချိုးဖောက်နိုင်ခြေရှိသော ဓာတ်ပုံများ သို့မဟုတ် အချက်အလက်ကို ချန်လှပ်ခဲ့စေရန် ရေးဆွဲဖန်တီးထားသော်လည်း ထိုနည်းပညာသည် 100% တိကျသည်ဟု မဆိုနိုင်ပါ။ တစ်ခါတစ်ရံ၌ သင်၏ တစ်ကိုယ်ရေ ဦးစားပေးမှုများနှင့် မကိုက်ညီသော ဓာတ်ပုံများကို အကြံပြုမိခြင်း သို့မဟုတ် သင့်ဘဝနေထိုင်မှုပုံစံကို အဓိပ္ပာယ်ကောက်လွဲခြင်းမျိုး ကြုံရနိုင်ပါသည်။ ဤတူးလ်ကို သင့်အတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ရေးဆွဲထားခြင်းဖြစ်၍ အပ်လုဒ်လုပ်ရန် သင် ရွေးချယ်သည့် ဓာတ်ပုံများအတွက် သင့်ထံတွင်သာ အဆုံးသတ်တာဝန်ရှိမည်ဖြစ်ကာ ထိုဓာတ်ပုံများသည် Tinder ၏ အသုံးပြုမှု စည်းမျဉ်းများ၊ အဖွဲ့စည်းမျဉ်းများနှင့် ဒေသတွင်း ဥပဒေများကို လိုက်နာမှုရှိစေရန် သေချာစိစစ်ပေးပါ။
အခြားသတိပြုစေလိုသည်မှာ-
- သတ်မှတ်ချက်နှင့် ကိုက်ညီမှု- သင့်ထံတွင် ဓာတ်ပုံအရေအတွက် အလုံအလောက် မရှိလျှင် ဓာတ်ပုံ အချက်အလက်နှင့် ဓာတ်ပုံ အကြံပြုချက်များကို ရရှိနိုင်မည် မဟုတ်ပါ။ ကင်မရာ Roll စကန်ဖတ်ရန် ရွေးချယ်ခဲ့သော်လည်း ဓာတ်ပုံ အလုံအလောက်မရှိပါက သတ်မှတ်ချက်နှင့် ကိုက်ညီသည်အထိ ဓာတ်ပုံ လုံလောက်လာခြင်း ရှိမရှိ ဆုံးဖြတ်နိုင်ရန် သင့်ကင်မရာ Roll တွင်းရှိ ဓာတ်ပုံသစ်များကို အချိန်အခါအားလျော်စွာ စစ်ဆေးကြည့်ပါမည်။ အကောင့်ဖွင့်ပြီးနောက် ပရိုဖိုင်ကို သတ်မှတ်နေဆဲ အချိန်တွင် ဓာတ်ပုံ အလုံအလောက် မရှိသေးပါက သင့်ပရိုဖိုင်ကို ကိုယ်တိုင် ဆက်လက်တည်ဆောက်နိုင်ပါသည်။
- စကန် ဆက်ဖတ်ခြင်း- စကန်ဖတ်နေစဉ် ကြားဖြတ်ရပ်တန့်သွားပါက နောက်တစ်ကြိမ် အက်ပ်ပြန်ဖွင့်ချိန်၌ စကန်ဖတ်ခြင်းကို ပြီးမြောက်သည်အထိ ဆက်လက်လုပ်ဆောင်သွားပါမည်။
- စကန်ပြန်ဖတ်ခြင်း- သင့်ကင်မရာ Roll ကို စကန်ပြန်ဖတ်ရန် ရွေးချယ်လိုက်လျှင် သင့်ဓာတ်ပုံ အချက်အလက်အဟောင်းနေရာတွင် (ဆက်လက်ထိန်းသိမ်းထားပါက) နောက်ဆုံးအကြိမ် စကန်ဖတ်ရာမှ ရရှိလာသည့် အချက်အလက်အသစ်များဖြင့် အစားထိုးလဲလှယ်သွားပါမည်။
သတိထားကိုင်တွယ်ရမည့် အကြောင်းအရာများ
အချို့ကိစ္စရပ်များတွင် ဓာတ်ပုံ အချက်အလက်နှင့် အကြံပြုချက်များသည် သင့်ဓာတ်ပုံများတွင် ခွဲခြားဖော်ထုတ်ထားသော ပုံစံကွက်များကို အခြေခံ၍ ယဉ်ကျေးမှု၊ ဘာသာရေး၊ နိုင်ငံရေး၊ လူနေမှုပုံစံ သို့မဟုတ် အခြားသော သတိထားကိုင်တွယ်ရနိုင်သည့် အကြောင်းအရာများနှင့် ဆက်စပ်သည့် ပုံစံများကို ရည်ညွှန်းဖော်ပြနိုင်ပါသည်။ ထိုအချက်အလက်များကို သင့်တစ်ကိုယ်ရေအမြင်များအတိုင်း အတိအကျ ထင်ဟပ်နိုင်ခြင်း သို့မဟုတ် သင်နှင့် ထပ်တူကျခြင်း အမြဲရှိနိုင်မည် မဟုတ်ပါ။ အချက်အလက် ဟက်ဘ်အတွင်း (ကျွန်ုပ်တို့က ဓာတ်ပုံ အချက်အလက်ကို သိမ်းဆည်းပါက) အချိန်မရွေးဝင်ရောက်၍ သင့်ဓာတ်ပုံ အချက်အလက်ကို ဖျက်ပိုင်ခွင့်ဖြစ်စေ၊ ပရိုဖိုင် ပြင်ဆင်ရန် ဆက်တင်တွင်း အချိန်မရွေးဝင်ရောက်၍ အကြံပြုထားသော ပရိုဖိုင် ဓာတ်ပုံ(များ)၊ ကိုယ်ရေးအကျဉ်း(များ)၊ စိတ်ဝင်စားမှု(များ) စသည့် တစ်ချက်ချက်ကို ဖယ်ရှားခွင့်ဖြစ်စေ သင့်တွင်ရှိပါမည်။
မသုံးစွဲရန် ရွေးချယ်ခြင်း သို့မဟုတ် သင့်ဒေတာကို ဖျက်ခြင်း
ဓာတ်ပုံ အချက်အလက်နှင့် ပရိုဖိုင်တွင် ပြသမည့် အချက်များကို သင်ကိုယ်တိုင် ထိန်းချုပ်ခွင့်ရှိပါသည်။ ကင်မရာ Roll စကန်ဖတ်ခြင်း လုပ်ငန်းစဉ်တစ်ခုလုံးကို မသုံးစွဲရန်လည်း ရွေးချယ်နိုင်ပါသည်။
- အချက်အလက် ဟက်ဘ်- အချက်အလက် ဟက်ဘ်အတွင်း အချိန်မရွေးဝင်၍ သင့်ဓာတ်ပုံ အချက်အလက်ကို စီမံ၍ ဖျက်နိုင်ပါသည်။ အချက်အလက်ကို ဖျက်ရန် သင်ဖယ်ရှားလိုသည့် အချက်အလက်ပေါ်တွင် လက်ဖြင့် ပွတ်ဆွဲပါ။ မှတ်ချက်- ဓာတ်ပုံ အချက်အလက် ဆက်လက်ထိန်းသိမ်းထားခြင်းမရှိသော ဈေးကွက်များတွင် အချက်အလက် ဟက်ဘ်ကို မရရှိနိုင်ပါ။
- အကြံပြုထားသော ဓာတ်ပုံများနှင့် Collage များ- အကြံပြုထားသော ဓာတ်ပုံများနှင့် Collage များမှ သင်ရွေးချယ်ထားသော ပုံများကိုသာ ပရိုဖိုင်တွင် ထည့်သွားမည်ဖြစ်သည်။ သင့်ပရိုဖိုင် ပြင်ဆင်ရန် ဆက်တင်တွင်း အချိန်မရွေးဝင်၍ အကြံပြုထားသော ဓာတ်ပုံများကို ဖယ်ရှားနိုင်သကဲ့သို့ အချက်အလက် ဟက်ဘ်အတွင်း အချိန်မရွေးဝင်ရောက်၍ Collage များကို ဖယ်ရှားနိုင်ပါသည်။
- ကင်မရာ Roll ခွင့်ပြုချက်များ- သင့်စက်၏ စနစ်ဆက်တင်တွင်းမှတစ်ဆင့် ကင်မရာ Roll ဝင်ရောက်သုံးစွဲခွင့်ကို အချိန်မရွေး ချိန်ညှိခြင်း သို့မဟုတ် ဖယ်ရှားခြင်း လုပ်ဆောင်နိုင်ပါသည်။
- အကောင့်ဖွင့်နေစဉ်အတွင်း- ကင်မရာ Roll စကန်ဖတ်သည့် လုပ်ငန်းစဉ်တစ်ရပ်လုံးကို ကျော်သွားနိုင်သလို ဓာတ်ပုံများ၊ ကိုယ်ရေးအကျဉ်းနှင့် အစဖော်မေးခွန်း ခေါင်းစဉ်များ၊ စိတ်ဝင်စားမှုများ၊ အခြားပရိုဖိုင် အကြံပြုချက်များ စသည်တို့ကို အသုံးမပြုဘဲ နေနိုင်ပါသည်။
- အကောင့်ဖွင့်ပြီးနောက်- အကြံပြုထားသည့် ဓာတ်ပုံများ၊ စိတ်ဝင်စားမှုများ၊ ကိုယ်ရေးအကျဉ်း၊ အစဖော်မေးခွန်း စသည့်တစ်ချက်ချက်ကို ပရိုဖိုင် ပြင်ဆင်ရန် ဆက်တင်တွင် အချိန်မရွေးဝင်ရောက်၍ ဖယ်ရှားနိုင်ပါသည်။
နောက်ထပ် အကူအညီ
အကူအညီ ပိုမိုလိုအပ်ပါက ကျွန်ုပ်တို့ထံသို့ အသေးစိတ်အချက်အလက်များ ထပ်မံထည့်သွင်းပြီး ဆက်သွယ်ပေးပါ။ ကူညီပေးရန် အသင့်ရှိနေပါမည်။
ကျွန်ုပ်တို့၏ ဘေးကင်းလုံခြုံရေး လုပ်ထုံးလုပ်နည်းများနှင့် သင့်အခွင့်အရေးများအကြောင်း ပိုမိုသိရှိလိုပါက ကျွန်ုပ်တို့၏ လုံခြုံရေး မူဝါဒကို ဖတ်ရှုပေးပါ။ သင့်ဒေတာ မိတ္တူ တောင်းဆိုပုံကိုလည်း လေ့လာနိုင်ပါသည်။